Bollywood (ဘောလိဝုဒ်) က Sexy အကျဆုံး မင်းသမီး (၁၀) ဦး - MEMORY

Breaking

Monday, February 22, 2016

Bollywood (ဘောလိဝုဒ်) က Sexy အကျဆုံး မင်းသမီး (၁၀) ဦး

Bollywood ပရိတ်သတ်တွေများ ရှိကြလားမသိဘူးနော်။ ဘောလိဝုဒ် ပရိတ်သတ်တွေအတွက် ရည်ရွယ်ပြီး Bollywood က အဟော့ဆုံးအလန်းဆုံးမင်းသမီး(၁၀)ဦး ကိုဖော်ပြပေးလိုက်ပါတယ်။

1. Priyanka Chopra

သူမကတော့ အရင်က Miss India လည်း ဖြစ်ဖူးသလို Miss World လည်း ဖြစ်ဖူးပါတယ်။ ၁၉၈၂ ဂျူလိုင်လ ၁၈ ရက် မှာမွေးဖွားပြီး ၂၀၀၂ မှာ သရုပ်ဆောင်နယ်ပယ်ထဲကို စတင်ဝင်ရောက်ခဲ့ပါတယ်။ Akshay Kumar ပါဝင်ခဲ့တဲ့ Andaazဆိုတဲ့ ဇာတ်ကားနဲ့စတင်ပြီး စစချင်းမှာပဲ အောင်မြင်ခဲ့ပါတယ်။ Barfi နဲ့ Agneepath တို့လည်းအောင်မြင်ခဲ့ပါတယ်။

2. Katrina Kaif

သူမဟာလည်း အိန္ဒိယရဲ့ သမိုင်းတစ်လျှောက် အလှဆုံးမင်းသမီးတွေထဲက တစ်ယောက်ပါ။ သူမရဲ့အဖေက အိန္ဒိယလူမျိုးဖြစ်ပြီး အမေက အင်္ဂလိပ်လူမျိုးပါ။ သူမကိုဟောင်ကောင်မှာ မွေးဖွားခဲ့တာပါ။ Partner(2007) Race(2007), Singh Is King(2008), New York (2009), Rajneeti (2010), zindagi NaMilegi Dobara(2011), Eh The Tiger(2012) တို့နဲ့ အောင်မြင်ခဲ့တာပါ။ Dhoom 3 နဲ့ Uday Chopra, Siddharth Anand’sBang Bang တို့မှာလည်း ပါဝင်ခဲ့ပါတယ်။

3. Kareena Kapoor

သူမကိုတော့ ၁၉၈၀ မှာ မွေးဖွားခဲ့ပြီး ၂၀၀၀ ခုနှစ်မှာတော့ သူမ ရုပ်ရှင်လောကထဲကို Refugee ဆိုတဲ့ ဇာတ်ကားနဲ့ စတင်ဝင်ရောက်ခဲ့ပါတယ်။ သူမကလည်း ရုပ်ရှင်ကားပေါင်းများစွာနဲ့ ဘောလိဝုဒ်မှာ နာမည်ကြီးသူတစ်ယောက်ဖြစ်ပါတယ်။

4. Deepika Padukone

၁၉၈၆ မှာမွေးဖွားခဲ့တဲ့ သူမကတော့ အစပိုင်းမှာ မော်ဒယ်အဖြစ် လုပ်ကိုင်ခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ ရုပ်ရှင်ဇာတ်ကားတွေမှာ ပါဝင်ခွင့်ရခဲ့ပြီး နာမည်ကြီးတစ်ယောက် ဖြစ်လာခဲ့ပါတယ်။ သူမရဲ့နာမည်ကြီး ဇာတ်ကားများကတော့ Love Aaj Kal, Housefull, Cocktail, Race 2 တို့ပဲဖြစ်ပါတယ်။

5. Anushka Sharma

သူမကိုတော့ ၁၉၈၈ မှာ မွေးဖွားခဲ့ပါတယ်။ SRK in Rab Ne Bana Di Jodi ဆိုတဲ့ ဇာတ်ကားမှာ ပွဲဦးထွက် ပါဝင်ခဲ့ပါတယ်။ နောက်ပိုင်းမှာလည်း ဇာတ်လမ်းတော်တော်များများမှာ ပါဝင်ခဲ့ပါတယ်။

6. Bipasha Basu

သူမကတော့ Ajnabee(2001)မှာ ဗီလိန်ဇာတ်ရုပ်နဲ့ စပြီးနာမည်ကြီးခဲ့တာပါ။ သူမက ကိုယ်လက် ကြံ့ခိုင်ရေးကိုလည်း အထူးလေ့လာလိုက်စားပါတယ်။ ကာယလေ့ကျင့်ခန်းလုပ်နည်း DVD များစွာလည်း သူမထုတ်ဝေခဲ့ပါတယ်။ No Smoking (2007) မှာပါခ့တဲ့ “Phoonk De” ဆိုတဲ့ သီချင်းနဲ့ “Omkara (2006) မှာပါခဲ့တဲ့ Namak Ishq Ka” သီချင်းက သူမကိုလူသိများစေခဲ့ပါတယ်။  2013မှာတော့ သြစတျေးလျရုပ်ရှင် Singularity မှာပါဝင်ခဲ့ပါတယ်။

7. Nargis Fakhri

သူမကိုတော့ New Yorkမှာမွေးခဲ့တာဖြစ်ပါတယ်။ America’s Next Top Model Cycles 2 and 3 မှာ ၂၀၁၄ခုနှစ်က ပါဝင်ခဲ့ပါတယ်။ ၂၀၁၁ခုနှစ်မှာတော့ ပွဲဦးထွက်ဇာတ်ကားအဖြစ် Rockstar ဇာတ်ကား ထွက်ရှိခဲ့ပါတယ်။

8. Jacqueline Fernandez

သူမကတော့ ဘောလိဝုဒ်မှာနာမည်ကြီးနေတဲ့ သီရိလင်္ကာသူပါ။ Miss Sri Lanka Universe ဆုကို ၂၀၀၆ခုနှစ်က ရရှိခဲ့ပါတယ်။ International Indian Film Academy  ဆုလည်းရရှိထားပါတယ်။ Murder 2နဲ့  Housefull 2တို့က သူမရဲ့ နာမည်ကြီးဇာတ်ကားတွေပါ။

9. Chitrangada Singh

Hazaaron Khwaishen Aisi (2005) မှာပါဝင်သရုပ်ဆောင်ပြီးနောက်ပိုင်းမှာ နာမည်ရလာခဲ့တဲ့ မင်းသမီးဖြစ်ပါတယ်။

10. Sunny Leone

သူမက အင်တာနက်ပေါ်မှာ လူတွေအရှာဖွေဆုံး မင်းသမီးလည်း ဖြစ်ခဲ့ပါတယ်။ သူမရဲ့ ပထမဆုံးဘောလိဝုဒ် ဇာတ်ကားကတော့ Jism 2(2012) ပါ။ Ragini MMS 2မှာလည်း ပါဝင်တယ်လို့ သိရပါတယ်။ အရင်က ညစ်ညမ်းဗီဒီယိုတွေမှာ ပါဖူးသူမို့ အိန္ဒိယမှာတော့ မနှစ်သက်သူများလည်း ရှိပါတယ်။
__________________________________________
Myanmar Online Media | Source: wonderlist


Feb 23.2016 | http://www.mymemo.cf/2016/02/post261.html