စားသောက်ဆိုင်မှခွက်ထဲ သားဖြစ်သူကိုသေးပေါက်ခိုင်းတဲ့အမေကြောင့် အခြားစားသုံးသူများ ဝမ်းနည်းစိတ်ပျက် - MEMORY

Breaking

Friday, May 11, 2018



လူအများစားသောက်နေတဲ့ ခွက်ထဲဒီလိုမျိုးလုပ်တာတော့ မဖြစ်သင့်….ဗီဒီယို ထဲမှာ သားဖြစ်သူကို စားသောက်တဲ့ခွက်ထဲ သေးပန်းခိုင်းရမလားဆိုပြီး ယောက်ျား တစ်ယောက်က အမေလုပ်သူကိုအော်ဟစ်ပြောဆိုနေတဲ့  ဗီဒီယို ဆိုရှယ်မီဒီယာမှာ ပျံ့နှံ့လို့နေပါတယ်။





Credit:Buzzy



[Unicode]

စားသောက်ဆိုင် မှခွက်ထဲ သားဖြစ်သူကိုသေးပေါက်ခိုင်းတဲ့အမေကြောင့် အခြားစားသုံးသူများ ဝမ်းနည်းစိတ်ပျက်



လူအမျာျးစားသောက်နေတဲ့ ခွက်ထဲဒီလိုမျိုးလုပ်တာတော့ မဖြစ်သင့်….ဗီဒီယို ထဲမှာ သားဖြစ်သူကို စားသောက်တဲ့ခွက်ထဲ သေးပန်းခိုင်းရမလားဆိုပြီး ယောကျ်ား တစ်ယောက်က အမေလုပ်သူကိုအော်ဟစ်ပြောဆိုနေတဲ့  ဗီဒီယို ဆိုရှယ်မီဒီယာမှာ ပျံ့နှံ့လို့နေပါတယ်။

ဟောင်ကောင် Sceneway Plaza in Kowloon, Lam Tin က စားသောက်ဆိုင်တစ်ခုမှာဖြစ်ပွားခဲ့တာပါ။

ထိုအမျိုးသမီးဟာ သူမသားကို စားသောက်ဆိုင် မှ ခွက်တစ်ခုထဲ သေးပေါက်ခိုင်းနေတာတွေ့လိုက်ရတဲ့ လူတစ်ယောက်က ထိတ်လန့်ပြီး ” ခင်ဗျား ဒီလိုတော့ လူကြားထဲမလုပ်သင့်ဘူး”လို့အော်လိုက်ပါတယ်။ ကလေးကပေါက်လို့လည်းပြီးရော ခွက်ကို စားပွဲပေါ်ပြန်တင်ထားလိုက်ပါတယ်။

အစဆုံးမြင်လိုက်တဲ့လူက စားပွဲထိုးတွေကိုရော ၊ ဆိုင်မန်နေဂျာကိုပါ သတိပေးဖို့လုပ်ပါတယ်။ အားလုံးသိအောင် ထိုလူကအော်ပြောနေတာ့ အမေဖြစ်သူနဲ့ ထိပ်တိုက်တွေ့ စကားများတော့တာပါပဲ။ အမေဖြစ်သူက ” ဒါရှင့် အလုပ် မဟုတ်ဘူး… မကျေနပ် ရဲတိုင်လိုက်” လို့တောင် ပြောပါတယ်။

အခြား စားသောက်သူ များနဲ့ ဝန်ထမ်းတွေကလည်း ဝင်ရောက်ဖျန်ဖြေခြင်းမရှိ ၊ ဒီတိုင်းကြည့်နေပါတယ်။ ထိုအမျိုးသမီးရဲ့ခင်ပွန်းက အခြေအနေကိုဖြေရှင်းဖို့ အခြားဝိုင်းပြောင်းစားဖို့ ဆွဲခေါ်သွားပါတယ်။ ဆိုင်ကနေ ထိုအမျိုးသမီးကို ဘယ်လိုအရေးယူမလဲဆိုတာတော့ သတင်းမှာဆက်လက်ဖော်ပြထားခြင်းမရှိပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် သူမရဲ့အပြုအမူကြောင့် စားသုံးသူတွေအားလုံး စိတ်ပျက်သွားကြတယ်။

Credit:Buzzy