ေအအက္စ္အို (A.S.O) လား၊ ေလးဖက္နာလား - MEMORY

Breaking

Tuesday, May 22, 2018

ေအအက္စ္အို (A.S.O) လား၊ ေလးဖက္နာလား



လူကေတာ့ ဘာမွ မျဖစ္ပါဘူး၊ ေဆးစစ္ လိုက္ေတာ့ A.S.O တက္ေနတယ္။ ၃၀ဝ ရွိတယ္၊ ဘာလုပ္ရမလဲ ဟိုနာ၊ ဒီနာ ျဖစ္လို႔ စစ္လိုက္တာ A.S.O တက္ေနတယ္၊ ဘာလုပ္ ရမလဲ အရင္ႏွစ္လက စစ္တာ A.S.O ၂၅၀ ရွိတာ၊ အခု ၄၀ဝ ျဖစ္ေနၿပီ၊ ပင္နယ္ဆလင္ ေသာက္တာပဲ၊ ဘာဆက္လုပ္ ရမလဲ သမီးေလး ေလးဖက္နာ ျဖစ္ေနတာ၊ ပင္နယ္ဆလင္ အဆီ ထိုးေနတာ ၃ ႏွစ္ ရွိၿပီ၊ ဆက္ထိုး ရမလား A.S.O တက္ေနတယ္၊ ေလးဖက္နာ ျဖစ္ေနၿပီ၊ ဘာေဆး ေသာက္ရမလဲ စာေရးသူ မၾကာခဏ ၾကားရေသာ လူနာႏွင့္ လူနာရွင္မ်ား ေျပာစကားမ်ားျဖစ္ပါသည္။ေဆး ခန္းသို႔ လာျပေသာ လူနာမ်ား ထံမွ ၾကားရ တတ္သကဲ့သို႔ သြားေလရာ၊ ေရာက္ေလရာမွာ မၾကာခဏ ၾကားရ တတ္ေသာ စကားမ်ားျဖစ္သည္။ A.S.O ဆိုတာ ဘာမွန္းမသိ၊ ေလးဖက္နာဆိုတာ ဘာမွန္းမသိ၊ ေသခ်ာတာ တစ္ခု ကေတာ့ A.S.O ဆိုသည္မွာ ေလးဖက္နာ ျဖစ္သည္ဟု ယူဆ ၾကျခင္း ျဖစ္သည္။

A.S.O ဆိုသည္မွာ ဘာလဲ
----------------------------

ေလးဖက္နာ ဆိုသည္မွာ ဘာလဲဟု သိထားရန္ လိုသည္။ သို႔မွသာ လူနာမ်ား အေနႏွင့္ အဓိပၸာယ္ရွိရွိေတြး၊ မွန္ကန္ေသာ ကုသမႈကို ခံယူ၊ စိုးရိမ္ပူပန္မႈမ်ားကို
ေလွ်ာ့ခ် ႏိုင္မည္ ျဖစ္သည္။

ေအအက္စ္အို (A.S.O) ၏ အရွည္မွာ Anti-Streptococcal-O- Antibody
ျဖစ္သည္။ လြန္ခဲ့ေသာ ၂ ပတ္မွ ၂ လ အတြင္း Streptococcus ေခၚ ဗက္တီးရီးယား ပိုးဝင္ၿပီးေနာက္ ခႏၶာကိုယ္၏ တံု႔ျပန္မႈ အေနႏွင့္ ထုတ္ေပး လိုက္ေသာ ခုခံအား၊ အင္တီ ေဘာ္ဒီျဖစ္သည္။ ယင္းသည္ ခုခံအား ျဖစ္သကဲ့သို႔ Streptococcus ပိုးဝင္ျခင္း၏ အမွတ္အသားလည္း ျဖစ္သည္။ ထို Strep ဗက္တီးရီးယား ပိုးသည္ ခႏၶာကိုယ္တြင္ ေရာဂါ မ်ိဳးစံု ေပးေလ့ရွိသည္။ လည္ ေခ်ာင္းနာ (Sore throat)၊ အဆုတ္ပြ (Chest infection)၊ အေရျပားအနာ (Skin infection) စသည္ျဖင့္ မ်ိဳးစံုသည္။

ထို႔ေၾကာင့္ A.S.O သည္ ယခင္က လည္ေခ်ာင္းနာ၊ အေရျပား အနာ ျဖစ္ခဲ့သည္ကို
ျပသည္။ A.S.O သည္ ပိုးတစ္ခါ ဝင္ၿပီးလွ်င္ ခ်က္ခ်င္း မေပ်ာက္တတ္၊ လ အနည္း ငယ္ ၾကာတတ္သည္။ ေလးဖက္နာ အဖ်ားကို ေဆးပညာအရ ႐ူမက္တစ္ဖီဘာ (Rheumatic Fever) ဟုေခၚသည္။ Strep ပိုး ဝင္ၿပီးေနာက္ ႏွစ္ပတ္ အၾကာတြင္ ျဖစ္လာေသာ အဆစ္ေရာင္ ေရာဂါ ျဖစ္သည္။ Strep ပိုးဝင္ၿပီး ထြက္လာေသာ အင္တီေဘာ္ဒီ (Antibody) ခုခံအားက မိမိ ခႏၶာကိုယ္ အဆစ္မ်ားကို ျပန္လည္ တိုက္ခိုက္ျခင္း ျဖစ္သည္။ အဆစ္ သာမက ႏွလံုး၊ အေရျပား တို႔တြင္လည္း ေရာဂါ လကၡဏာေပၚေစသည္။
ေလးဖက္နာ အဖ်ားတြင္ ထူးျခား ခ်က္မ်ား ရွိသည္။ အသက္ ၅ ႏွစ္မွ ၁၅ ႏွစ္ အတြင္း အျဖစ္ မ်ားသည္။ အရြယ္မေရြး ျဖစ္ႏိုင္ ေသာ္လည္း အသက္ႀကီး သူမ်ားတြင္ ျဖစ္ႏိုင္ေျခ နည္းသည္။ အရြယ္မေရြး ျဖစ္ႏိုင္ေသာ္လည္း အသက္ ႀကီးသူ မ်ားတြင္ ျဖစ္ႏိုင္ေျခ နည္းသည္။ ထို႔ေၾကာင့္ ဆရာဝန္က အဆစ္ေရာင္ေသာ ကေလးႏွင့္ ဆယ္ေက်ာ္သက္ လူငယ္တို႔တြင္ ေလးဖက္နာ ျဖစ္ႏိုင္ေျခကို ဦးစားေပး စဥ္းစားေလ့ ရွိေသာ္လည္း အသက္ႀကီးလူနာ အဆစ္နာ ပါက အျခား ေရာဂါမ်ားကို ပိုစဥ္းစားေလ့ ရွိသည္။
ေလးဖက္နာ အဆစ္နာျခင္းသည္ အဆစ္ႀကီးမ်ား နာေလ့ ရွိသည္။ အလြန္အမင္း နာသည္။ အဆစ္မ်ားေရာင္ကိုင္း၍ လႈပ္ မရေလာက္ေအာင္ နာသည္။ အိပ္ရာတြင္ နား ေနရ ေလာက္ေအာင္ နာသည္။ အဆစ္ အမ်ားစု ထိသည္။ တစ္ဆစ္ၿပီးမွ တစ္ဆစ္ နာသည္။ တစ္ဆစ္တြင္ နည္းနည္းသက္သာ၊ ေနာက္တစ္ဆစ္တြင္ စနာ စသည္ျဖင့္ လွည့္ၿပီး နာေလ့ရွိသည္။

အလြန္အမင္းနာေသာ္လည္း ေပ်ာက္သြားပါက လံုးဝျပန္ေကာင္းသြားေလ့ ရွိသည္။ နာတာရွည္ အဆစ္နာျပႆနာ က်န္ေလ့ မရွိ။ အဆစ္ မ်ားမွာ ပံုပ်က္ ပန္းပ်က္ ပ်က္စီး သြားေလ့ မရွိ။ လူအမ်ားစိုးရိမ္ၾကသည္မွာ ႏွလံုး ထိခိုက္မႈ ျဖစ္သည္။ ေလးဖက္နာသည္ အဆစ္ ေရာင္႐ံု သာမက ႏွလံုးပါ ေရာင္ပါက လူနာသည္ ရင္တုန္၊ ႏွလံုးနာ၊ ေမာပန္း၊
ေျခေထာက္ေရာင္၊ အေမာေဖာက္ စသည္တို႔ခံစားရသည္။ ထို႔အျပင္ အေရျပားအကြက္ေပၚ၊ အေရျပား အဖုအလံုးေပၚ၊ မူမမွန္ ခႏၶာကိုယ္ လႈပ္ရွား စသည္ျဖင့္လည္း ေပၚတတ္သည္။ ဤလကၡဏာ အားလံုးသည္ ေလးဖက္နာ အဖ်ား၏ လကၡဏာမ်ား ျဖစ္သည္။ အျဖစ္ အမ်ားဆံုးမွာ အဆစ္ ေရာင္ျခင္း ျဖစ္ၿပီး အေရး အႀကီးဆံုးမွာ ႏွလံုး ေရာင္ျခင္း ျဖစ္သည္။ ႏွလံုး ေရာင္ပါက လံုးဝ ပ်က္စီး သြားေလ့ရွိၿပီး နာတာရွည္ ႏွလံုး ေရာဂါ ျဖစ္ေစသည္။ ထို႔ေၾကာင့္ ေလးဖက္နာသည္ အဆစ္ကို လွ်ာႏွင့္ လ်က္႐ံု လ်က္၍ ႏွလံုးကို အနာရြတ္ ထင္ေအာင္ ကိုက္သည္ဟု တင္စားေလ့ရွိသည္။

အဆစ္၊ ႏွလံုး၊ အေရျပား လကၡဏာ တို႔ကို ေလးဖက္နာတြင္ သာမက အျခား ေရာဂါမ်ားတြင္ပါ ေတြ႕ရေလ့ ရွိရာ အဓိက ကြာျခားခ်က္မွာ ေလးဖက္နာ တြင္ A.S.O ျမင့္တက္ ေနျခင္းျဖစ္သည္။ ထို႔ေၾကာင့္ အဆစ္ေရာင္ က်ယ္၊ၿပီး A.S.O တက္လွ်င္ ေလးဖက္နာဟု သတ္မွတ္ ႏိုင္ေသာ္လည္း အဆစ္ မေရာင္ဘဲ A.S.O သာ တက္ပါက ေလးဖက္နာဟု သတ္မွတ္ျခင္းမွာ အဂၤါ မစံု၊ မျပည့္ မစံု သတ္မွတ္ျခင္းဟု ဆိုရေပမည္။ ယခင္က Strep ပိုးဝင္ျခင္းကို ျပ သည္ထက္ မပိုဟု ဆိုႏိုင္သည္။

ေလးဖက္နာ အဖ်ား၏ ေနာက္ဆက္တြဲ ျပႆနာ
------------------------------------------------

Strep ဗက္တီးရီးယား ပိုးဝင္၊ A.S.O တက္၊ လူနာအခ်ိဳ႕ ေလးဖက္နာ အဖ်ား (Rheumatic Fever) ျဖစ္၊ ထိုလူနာမ်ား အနက္ အခ်ိဳ႕သည္ နာတာရွည္ ႏွလံုးေရာဂါ
ျဖစ္ေတာ့သည္။ ေလး ဖက္နာ အဖ်ား တစ္ခါျဖစ္၊ ႏွစ္ခါ ျဖစ္ရာမွ ထပ္ခါထပ္ခါ ျဖစ္ေလ
ႏွလံုးကို ထိခိုက္ေလ ျဖစ္သည္။ ေလးဖက္နာ ႏွလံုး ေရာဂါ (Rheumatic Heart Disease) ဟုေခၚသည္။ ႏွလံုးအခန္း မ်ားအၾကားရွိ အေပါက္မ်ားက်ဥ္း၊ က်ယ္ မလံု စသည္ျဖင့္ မ်ိဳးစံုျဖစ္ေလ့ရွိသည္။

လူနာအေနႏွင့္ ရင္တုန္၊ အေမာေဖာက္၊ ေျခေထာက္ေရာင္၊ေရဖ်ဥ္းစြဲ စသည္ျဖင့္ မ်ိဳးစံုခံစားရသည္။ နာတာရွည္ ေရာဂါ ျဖစ္သည့္ အေလ်ာက္ ပညာေရး၊ စီးပြားေရး၊ လူမႈေရး အားလံုးထိခိုက္ေတာ့သည္။

ေအအက္စ္အိုႏွင့္ ေလးဖက္နာ
--------------------------------

ေအအက္စ္အိုသည္ Strep ဗက္တီးရီးယား ပိုးဝင္ခဲ့သည္ကို ျပသည့္ အတြက္ A.S.O တက္လွ်င္ေလးဖက္နာ ျဖစ္ႏိုင္သည္ဟု အၾကမ္းဖ်င္း ဆိုႏိုင္ ေသာ္လည္း A.S.O တက္တိုင္း ေလးဖက္ နာျဖစ္သည္ မဟုတ္ေပ။ A.S.O တက္သူ မည္မွ်သည္
ေလးဖက္နာျဖစ္ သည္ဟု ေသေသခ်ာခ်ာ မသိႏိုင္ေသာ္လည္း ရာခိုင္ႏႈန္းအားျဖင့္ နည္းသည္ဟု ဆိုႏိုင္သည္။

အလားတူ ေလးဖက္နာ အဖ်ား ရာခိုင္ႏႈန္း မည္မွ်သည္ နာတာရွည္ ေလးဖက္နာ
ႏွလံုး ေရာဂါျဖစ္သည္လည္း မသိၾကေခ်။ သို႔ရာတြင္ ေလးဖက္နာ ဖ်ားစဥ္ အဆစ္ေရာင္႐ံု သာမက ႏွလံုးပါ ေရာင္ပါက နာတာရွည္ ႏွလံုးေရာဂါ ပိုျဖစ္ေလ့ရွိသည္။

A.S.O ကုသျခင္္း
------------------

- ေလးဖက္နာ ကာကြယ္ျခင္း
A.S.O တက္ေနျခင္းသည္ မၾကာခင္က Strep ဗက္တီးရီးယား ပိုးဝင္ ခဲ့သည္ကို ျပသည့္အေလ်ာက္ ဆက္လက္ ရွိေနႏိုင္ေသာ ပိုးကို ပင္နယ္ ဆလင္ (Penicillin) ေပး၍ ကုသေလ့ရွိသည္။ လူနာသည္ လည္ေခ်ာင္းနာ၊ အေရျပား အနာ ရွိေနပါက ပို၍ပင္ ကုသင့္ ပါသည္။

- ပင္နယ္ဆလင္ကို တစ္ပတ္ၾကာ ေပးေလ့ရွိသည္။ A.S.O ျမင့္ေနသူမ်ားကို
ေလးဖက္နာကာကြယ္ ရန္ ပင္နယ္ဆလင္ ႏွစ္ခ်ီ၍ ေပးသင့္သလား။ အမ်ား စိတ္ဝင္စားေသာ ေမးခြန္း ျဖစ္သည္။ ေလးဖက္နာ ကာကြယ္ျခင္း သံုးဆင့္ ရွိသည္။ A.S.O သာ ျမင့္တက္ၿပီး တစ္ႀကိမ္တစ္ခါမွ် ေလးဖက္နာ အဖ်ား၊ အဆစ္ေရာင္သူ မျဖစ္ဖူး သူတြင္ ကာကြယ္ ပါက ပထမအဆင့္ ကာကြယ္ျခင္း ဟုေခၚသည္။ ေလးဖက္နာ ျဖစ္ဖူးသူတြင္
ေနာက္တစ္ႀကိမ္ ထပ္မျဖစ္ေအာင္ ကာကြယ္ ျခင္းကိုဒုတိယအဆင့္၊
ေလးဖက္နာ ႏွလံုးေရာဂါ ျဖစ္ၿပီးမွ ေနာက္ထပ္ ေလးဖက္နာအဖ်ား မျဖစ္ေအာင္ ကာကြယ္ျခင္းကို တတိယ အဆင့္ ကာကြယ္ျခင္းဟု ေခၚသည္။ေလးဖက္နာ ျဖစ္ဖူး သူႏွင့္ ေလးဖက္နာ ႏွလံုးေရာဂါ ရွိသူမ်ားတြင္ ကာကြယ္ျခင္း ျဖစ္သည့္ ဒုတိယအဆင့္ႏွင့္ တတိယ အဆင့္ ကာကြယ္ျခင္း တို႔မွာ အျငင္းပြားဖြယ္ မရွိေခ်။လူနာသည္ ပင္နယ္ဆ လင္ကို ႏွစ္ခ်ီ၍ ကုသမႈ ခံယူ သင့္သည္။ ပထမ အဆင့္ ကာကြယ္ျခင္းျဖစ္သည့္ A.S.O တက္႐ံုျဖင့္ ပယ္နယ္ ဆလင္ ႏွစ္ခ်ီ၍ ေသာက္ျခင္းမွာမူ စဥ္းစားရန္ လိုသည္။ A.S.O တက္တိုင္း ေလးဖက္နာ ျဖစ္သည္ မဟုတ္ေသာေၾကာင့္ ျဖစ္သည္။ လူနာက ကေလး၊ လူငယ္၊ A.S.O တက္႐ံု သာမက အဆစ္ပါ ေရာင္ပါက ေလးဖက္နာ ကာကြယ္ရန္ အေလးသာသည္ဟု ဆိုခ်င္ သည္။ အသက္ႀကီးႀကီး၊ ၄၀ ေက်ာ္ ၅၀၊ ဘာမွမျဖစ္၊ A.S.O တက္႐ံုသာ ဆိုလွ်င္ေတာ့ မလိုဟု ယူဆပါသည္။ လည္ေခ်ာင္း မၾကာခဏနာတတ္သူ မ်ားတြင္လည္း ပင္နယ္ဆလင္ အခ်ိန္ ၾကာၾကာ ေပးေလ့ ရွိသည္။

- ပင္နယ္ဆလင္ ေပးရမည့္ ကာလ

ေလးဖက္နာ အဖ်ား ျဖစ္ဖူးသူႏွင့္ နာတာရွည္ ေလးဖက္နာ ႏွလံုး ေရာဂါ ခံစား ေနရသူမ်ားတြင္ ပင္နယ္ ဆလင္ ႏွစ္ခ်ီ၍ ေပးေလ့ ရွိသည္။

ေသာက္ေဆး သို႔မဟုတ္ သံုးပတ္ တစ္ခါထိုးရ ေသာ ေဆးသံုးေလ့ ရွိသည္။ မည္မွ် ၾကာၾကာ ေပးသင့္သည္မွာ အေျခအေနေပၚ မူတည္သည္။ ေလးဖက္နာ အဖ်ား ျဖစ္ၿပီး ၅ ႏွစ္ၾကာ ထိေပးရန္၊ အသက္ ၂၁ ႏွစ္ ထိေပးရန္၊ တစ္ သက္ လံုးေပးရန္ စသည္ျဖင့္ အယူအဆ မ်ိဳးစံု ရွိသည္။ ကေလး၊ လူငယ္ တစ္ေယာက္တြင္ ေလးဖက္နာ အဖ်ား တစ္ႀကိမ္ ျဖစ္ဖူးပါက ၾကာၾကာ ေပးေလ ေကာင္းေလဟု ယူဆၾကသည္။ ေလး ဖက္နာ ႏွလံုး ေရာဂါ ခံစား ေနရသူမ်ား အတြက္မူ တစ္သက္လံုး ကာကြယ္ေလ့ ရွိသည္။ တခ်ိဳ႕က အသက္ ၄၀ ထိ ကာကြယ္သည္။ ယခု အခါတြင္ လူအမ်ားစုက A.S.O တက္႐ံုျဖင့္ ပင္နယ္ ဆလင္ ေသာက္ေလ့ ရွိၾကသည္။ မွားသည္၊ မွန္သည္ ဆိုရ ခက္သည္။ ကေလး လူငယ္မ်ားတြင္ေတာ့ ပိုေသာက္သင့္ သည္ဟု ယူဆသည္။ ပင္နယ္ဆလင္ ႀကိဳေသာက္ ၾကေသာ ေၾကာင့္လား မသိ။ ယခု အခါတြင္ ေလးဖက္နာ နာတာရွည္ ႏွလံုး ေရာဂါ လူနာမ်ားကို ယခင္ ဆယ္ႏွစ္၊ ဆယ့္ငါးႏွစ္ေလာက္ မေတြ႕ရေတာ့ေခ်။

Ref:
ပါေမာကၡ ေန၀င္း(ေဆးပညာ)
Source : Health DigestNews Journal

[Unicode]
အေအက်စ်အို (A.S.O) လား၊ လေးဖက်နာလား

လူကတော့ ဘာမှ မဖြစ်ပါဘူး၊ ဆေးစစ် လိုက်တော့ A.S.O တက်နေတယ်။ ၃၀ဝ ရှိတယ်၊ ဘာလုပ်ရမလဲ ဟိုနာ၊ ဒီနာ ဖြစ်လို့ စစ်လိုက်တာ A.S.O တက်နေတယ်၊ ဘာလုပ် ရမလဲ အရင်နှစ်လက စစ်တာ A.S.O ၂၅၀ ရှိတာ၊ အခု ၄၀ဝ ဖြစ်နေပြီ၊ ပင်နယ်ဆလင် သောက်တာပဲ၊ ဘာဆက်လုပ် ရမလဲ သမီးလေး လေးဖက်နာ ဖြစ်နေတာ၊ ပင်နယ်ဆလင် အဆီ ထိုးနေတာ ၃ နှစ် ရှိပြီ၊ ဆက်ထိုး ရမလား A.S.O တက်နေတယ်၊ လေးဖက်နာ ဖြစ်နေပြီ၊ ဘာဆေး သောက်ရမလဲ စာရေးသူ မကြာခဏ ကြားရသော လူနာနှင့် လူနာရှင်များ ပြောစကားများဖြစ်ပါသည်။ဆေး ခန်းသို့ လာပြသော လူနာများ ထံမှ ကြားရ တတ်သကဲ့သို့ သွားလေရာ၊ ရောက်လေရာမှာ မကြာခဏ ကြားရ တတ်သော စကားများဖြစ်သည်။ A.S.O ဆိုတာ ဘာမှန်းမသိ၊ လေးဖက်နာဆိုတာ ဘာမှန်းမသိ၊ သေချာတာ တစ်ခု ကတော့ A.S.O ဆိုသည်မှာ လေးဖက်နာ ဖြစ်သည်ဟု ယူဆ ကြခြင်း ဖြစ်သည်။

A.S.O ဆိုသည်မှာ ဘာလဲ
----------------------------

လေးဖက်နာ ဆိုသည်မှာ ဘာလဲဟု သိထားရန် လိုသည်။ သို့မှသာ လူနာများ အနေနှင့် အဓိပ္ပာယ်ရှိရှိတွေး၊ မှန်ကန်သော ကုသမှုကို ခံယူ၊ စိုးရိမ်ပူပန်မှုများကို
လျှော့ချ နိုင်မည် ဖြစ်သည်။

အေအက်စ်အို (A.S.O) ၏ အရှည်မှာ Anti-Streptococcal-O- Antibody
ဖြစ်သည်။ လွန်ခဲ့သော ၂ ပတ်မှ ၂ လ အတွင်း Streptococcus ခေါ် ဗက်တီးရီးယား ပိုးဝင်ပြီးနောက် ခန္ဓာကိုယ်၏ တုံ့ပြန်မှု အနေနှင့် ထုတ်ပေး လိုက်သော ခုခံအား၊ အင်တီ ဘော်ဒီဖြစ်သည်။ ယင်းသည် ခုခံအား ဖြစ်သကဲ့သို့ Streptococcus ပိုးဝင်ခြင်း၏ အမှတ်အသားလည်း ဖြစ်သည်။ ထို Strep ဗက်တီးရီးယား ပိုးသည် ခန္ဓာကိုယ်တွင် ရောဂါ မျိုးစုံ ပေးလေ့ရှိသည်။ လည် ချောင်းနာ (Sore throat)၊ အဆုတ်ပွ (Chest infection)၊ အရေပြားအနာ (Skin infection) စသည်ဖြင့် မျိုးစုံသည်။

ထို့ကြောင့် A.S.O သည် ယခင်က လည်ချောင်းနာ၊ အရေပြား အနာ ဖြစ်ခဲ့သည်ကို
ပြသည်။ A.S.O သည် ပိုးတစ်ခါ ဝင်ပြီးလျှင် ချက်ချင်း မပျောက်တတ်၊ လ အနည်း ငယ် ကြာတတ်သည်။ လေးဖက်နာ အဖျားကို ဆေးပညာအရ ရူမက်တစ်ဖီဘာ (Rheumatic Fever) ဟုခေါ်သည်။ Strep ပိုး ဝင်ပြီးနောက် နှစ်ပတ် အကြာတွင် ဖြစ်လာသော အဆစ်ရောင် ရောဂါ ဖြစ်သည်။ Strep ပိုးဝင်ပြီး ထွက်လာသော အင်တီဘော်ဒီ (Antibody) ခုခံအားက မိမိ ခန္ဓာကိုယ် အဆစ်များကို ပြန်လည် တိုက်ခိုက်ခြင်း ဖြစ်သည်။ အဆစ် သာမက နှလုံး၊ အရေပြား တို့တွင်လည်း ရောဂါ လက္ခဏာပေါ်စေသည်။
လေးဖက်နာ အဖျားတွင် ထူးခြား ချက်များ ရှိသည်။ အသက် ၅ နှစ်မှ ၁၅ နှစ် အတွင်း အဖြစ် များသည်။ အရွယ်မရွေး ဖြစ်နိုင် သော်လည်း အသက်ကြီး သူများတွင် ဖြစ်နိုင်ခြေ နည်းသည်။ အရွယ်မရွေး ဖြစ်နိုင်သော်လည်း အသက် ကြီးသူ များတွင် ဖြစ်နိုင်ခြေ နည်းသည်။ ထို့ကြောင့် ဆရာဝန်က အဆစ်ရောင်သော ကလေးနှင့် ဆယ်ကျော်သက် လူငယ်တို့တွင် လေးဖက်နာ ဖြစ်နိုင်ခြေကို ဦးစားပေး စဉ်းစားလေ့ ရှိသော်လည်း အသက်ကြီးလူနာ အဆစ်နာ ပါက အခြား ရောဂါများကို ပိုစဉ်းစားလေ့ ရှိသည်။
လေးဖက်နာ အဆစ်နာခြင်းသည် အဆစ်ကြီးများ နာလေ့ ရှိသည်။ အလွန်အမင်း နာသည်။ အဆစ်များရောင်ကိုင်း၍ လှုပ် မရလောက်အောင် နာသည်။ အိပ်ရာတွင် နား နေရ လောက်အောင် နာသည်။ အဆစ် အများစု ထိသည်။ တစ်ဆစ်ပြီးမှ တစ်ဆစ် နာသည်။ တစ်ဆစ်တွင် နည်းနည်းသက်သာ၊ နောက်တစ်ဆစ်တွင် စနာ စသည်ဖြင့် လှည့်ပြီး နာလေ့ရှိသည်။

အလွန်အမင်းနာသော်လည်း ပျောက်သွားပါက လုံးဝပြန်ကောင်းသွားလေ့ ရှိသည်။ နာတာရှည် အဆစ်နာပြဿနာ ကျန်လေ့ မရှိ။ အဆစ် များမှာ ပုံပျက် ပန်းပျက် ပျက်စီး သွားလေ့ မရှိ။ လူအများစိုးရိမ်ကြသည်မှာ နှလုံး ထိခိုက်မှု ဖြစ်သည်။ လေးဖက်နာသည် အဆစ် ရောင်ရုံ သာမက နှလုံးပါ ရောင်ပါက လူနာသည် ရင်တုန်၊ နှလုံးနာ၊ မောပန်း၊
ခြေထောက်ရောင်၊ အမောဖောက် စသည်တို့ခံစားရသည်။ ထို့အပြင် အရေပြားအကွက်ပေါ်၊ အရေပြား အဖုအလုံးပေါ်၊ မူမမှန် ခန္ဓာကိုယ် လှုပ်ရှား စသည်ဖြင့်လည်း ပေါ်တတ်သည်။ ဤလက္ခဏာ အားလုံးသည် လေးဖက်နာ အဖျား၏ လက္ခဏာများ ဖြစ်သည်။ အဖြစ် အများဆုံးမှာ အဆစ် ရောင်ခြင်း ဖြစ်ပြီး အရေး အကြီးဆုံးမှာ နှလုံး ရောင်ခြင်း ဖြစ်သည်။ နှလုံး ရောင်ပါက လုံးဝ ပျက်စီး သွားလေ့ရှိပြီး နာတာရှည် နှလုံး ရောဂါ ဖြစ်စေသည်။ ထို့ကြောင့် လေးဖက်နာသည် အဆစ်ကို လျှာနှင့် လျက်ရုံ လျက်၍ နှလုံးကို အနာရွတ် ထင်အောင် ကိုက်သည်ဟု တင်စားလေ့ရှိသည်။

အဆစ်၊ နှလုံး၊ အရေပြား လက္ခဏာ တို့ကို လေးဖက်နာတွင် သာမက အခြား ရောဂါများတွင်ပါ တွေ့ရလေ့ ရှိရာ အဓိက ကွာခြားချက်မှာ လေးဖက်နာ တွင် A.S.O မြင့်တက် နေခြင်းဖြစ်သည်။ ထို့ကြောင့် အဆစ်ရောင် ကျယ်၊ပြီး A.S.O တက်လျှင် လေးဖက်နာဟု သတ်မှတ် နိုင်သော်လည်း အဆစ် မရောင်ဘဲ A.S.O သာ တက်ပါက လေးဖက်နာဟု သတ်မှတ်ခြင်းမှာ အင်္ဂါ မစုံ၊ မပြည့် မစုံ သတ်မှတ်ခြင်းဟု ဆိုရပေမည်။ ယခင်က Strep ပိုးဝင်ခြင်းကို ပြ သည်ထက် မပိုဟု ဆိုနိုင်သည်။

လေးဖက်နာ အဖျား၏ နောက်ဆက်တွဲ ပြဿနာ
------------------------------------------------

Strep ဗက်တီးရီးယား ပိုးဝင်၊ A.S.O တက်၊ လူနာအချို့ လေးဖက်နာ အဖျား (Rheumatic Fever) ဖြစ်၊ ထိုလူနာများ အနက် အချို့သည် နာတာရှည် နှလုံးရောဂါ
ဖြစ်တော့သည်။ လေး ဖက်နာ အဖျား တစ်ခါဖြစ်၊ နှစ်ခါ ဖြစ်ရာမှ ထပ်ခါထပ်ခါ ဖြစ်လေ
နှလုံးကို ထိခိုက်လေ ဖြစ်သည်။ လေးဖက်နာ နှလုံး ရောဂါ (Rheumatic Heart Disease) ဟုခေါ်သည်။ နှလုံးအခန်း များအကြားရှိ အပေါက်များကျဉ်း၊ ကျယ် မလုံ စသည်ဖြင့် မျိုးစုံဖြစ်လေ့ရှိသည်။

လူနာအနေနှင့် ရင်တုန်၊ အမောဖောက်၊ ခြေထောက်ရောင်၊ရေဖျဉ်းစွဲ စသည်ဖြင့် မျိုးစုံခံစားရသည်။ နာတာရှည် ရောဂါ ဖြစ်သည့် အလျောက် ပညာရေး၊ စီးပွားရေး၊ လူမှုရေး အားလုံးထိခိုက်တော့သည်။

အေအက်စ်အိုနှင့် လေးဖက်နာ
--------------------------------

အေအက်စ်အိုသည် Strep ဗက်တီးရီးယား ပိုးဝင်ခဲ့သည်ကို ပြသည့် အတွက် A.S.O တက်လျှင်လေးဖက်နာ ဖြစ်နိုင်သည်ဟု အကြမ်းဖျင်း ဆိုနိုင် သော်လည်း A.S.O တက်တိုင်း လေးဖက် နာဖြစ်သည် မဟုတ်ပေ။ A.S.O တက်သူ မည်မျှသည်
လေးဖက်နာဖြစ် သည်ဟု သေသေချာချာ မသိနိုင်သော်လည်း ရာခိုင်နှုန်းအားဖြင့် နည်းသည်ဟု ဆိုနိုင်သည်။

အလားတူ လေးဖက်နာ အဖျား ရာခိုင်နှုန်း မည်မျှသည် နာတာရှည် လေးဖက်နာ
နှလုံး ရောဂါဖြစ်သည်လည်း မသိကြချေ။ သို့ရာတွင် လေးဖက်နာ ဖျားစဉ် အဆစ်ရောင်ရုံ သာမက နှလုံးပါ ရောင်ပါက နာတာရှည် နှလုံးရောဂါ ပိုဖြစ်လေ့ရှိသည်။

A.S.O ကုသခြင်း
------------------

- လေးဖက်နာ ကာကွယ်ခြင်း
A.S.O တက်နေခြင်းသည် မကြာခင်က Strep ဗက်တီးရီးယား ပိုးဝင် ခဲ့သည်ကို ပြသည့်အလျောက် ဆက်လက် ရှိနေနိုင်သော ပိုးကို ပင်နယ် ဆလင် (Penicillin) ပေး၍ ကုသလေ့ရှိသည်။ လူနာသည် လည်ချောင်းနာ၊ အရေပြား အနာ ရှိနေပါက ပို၍ပင် ကုသင့် ပါသည်။

- ပင်နယ်ဆလင်ကို တစ်ပတ်ကြာ ပေးလေ့ရှိသည်။ A.S.O မြင့်နေသူများကို
လေးဖက်နာကာကွယ် ရန် ပင်နယ်ဆလင် နှစ်ချီ၍ ပေးသင့်သလား။ အများ စိတ်ဝင်စားသော မေးခွန်း ဖြစ်သည်။ လေးဖက်နာ ကာကွယ်ခြင်း သုံးဆင့် ရှိသည်။ A.S.O သာ မြင့်တက်ပြီး တစ်ကြိမ်တစ်ခါမျှ လေးဖက်နာ အဖျား၊ အဆစ်ရောင်သူ မဖြစ်ဖူး သူတွင် ကာကွယ် ပါက ပထမအဆင့် ကာကွယ်ခြင်း ဟုခေါ်သည်။ လေးဖက်နာ ဖြစ်ဖူးသူတွင်
နောက်တစ်ကြိမ် ထပ်မဖြစ်အောင် ကာကွယ် ခြင်းကိုဒုတိယအဆင့်၊
လေးဖက်နာ နှလုံးရောဂါ ဖြစ်ပြီးမှ နောက်ထပ် လေးဖက်နာအဖျား မဖြစ်အောင် ကာကွယ်ခြင်းကို တတိယ အဆင့် ကာကွယ်ခြင်းဟု ခေါ်သည်။လေးဖက်နာ ဖြစ်ဖူး သူနှင့် လေးဖက်နာ နှလုံးရောဂါ ရှိသူများတွင် ကာကွယ်ခြင်း ဖြစ်သည့် ဒုတိယအဆင့်နှင့် တတိယ အဆင့် ကာကွယ်ခြင်း တို့မှာ အငြင်းပွားဖွယ် မရှိချေ။လူနာသည် ပင်နယ်ဆ လင်ကို နှစ်ချီ၍ ကုသမှု ခံယူ သင့်သည်။ ပထမ အဆင့် ကာကွယ်ခြင်းဖြစ်သည့် A.S.O တက်ရုံဖြင့် ပယ်နယ် ဆလင် နှစ်ချီ၍ သောက်ခြင်းမှာမူ စဉ်းစားရန် လိုသည်။ A.S.O တက်တိုင်း လေးဖက်နာ ဖြစ်သည် မဟုတ်သောကြောင့် ဖြစ်သည်။ လူနာက ကလေး၊ လူငယ်၊ A.S.O တက်ရုံ သာမက အဆစ်ပါ ရောင်ပါက လေးဖက်နာ ကာကွယ်ရန် အလေးသာသည်ဟု ဆိုချင် သည်။ အသက်ကြီးကြီး၊ ၄၀ ကျော် ၅၀၊ ဘာမှမဖြစ်၊ A.S.O တက်ရုံသာ ဆိုလျှင်တော့ မလိုဟု ယူဆပါသည်။ လည်ချောင်း မကြာခဏနာတတ်သူ များတွင်လည်း ပင်နယ်ဆလင် အချိန် ကြာကြာ ပေးလေ့ ရှိသည်။

- ပင်နယ်ဆလင် ပေးရမည့် ကာလ

လေးဖက်နာ အဖျား ဖြစ်ဖူးသူနှင့် နာတာရှည် လေးဖက်နာ နှလုံး ရောဂါ ခံစား နေရသူများတွင် ပင်နယ် ဆလင် နှစ်ချီ၍ ပေးလေ့ ရှိသည်။

သောက်ဆေး သို့မဟုတ် သုံးပတ် တစ်ခါထိုးရ သော ဆေးသုံးလေ့ ရှိသည်။ မည်မျှ ကြာကြာ ပေးသင့်သည်မှာ အခြေအနေပေါ် မူတည်သည်။ လေးဖက်နာ အဖျား ဖြစ်ပြီး ၅ နှစ်ကြာ ထိပေးရန်၊ အသက် ၂၁ နှစ် ထိပေးရန်၊ တစ် သက် လုံးပေးရန် စသည်ဖြင့် အယူအဆ မျိုးစုံ ရှိသည်။ ကလေး၊ လူငယ် တစ်ယောက်တွင် လေးဖက်နာ အဖျား တစ်ကြိမ် ဖြစ်ဖူးပါက ကြာကြာ ပေးလေ ကောင်းလေဟု ယူဆကြသည်။ လေး ဖက်နာ နှလုံး ရောဂါ ခံစား နေရသူများ အတွက်မူ တစ်သက်လုံး ကာကွယ်လေ့ ရှိသည်။ တချို့က အသက် ၄၀ ထိ ကာကွယ်သည်။ ယခု အခါတွင် လူအများစုက A.S.O တက်ရုံဖြင့် ပင်နယ် ဆလင် သောက်လေ့ ရှိကြသည်။ မှားသည်၊ မှန်သည် ဆိုရ ခက်သည်။ ကလေး လူငယ်များတွင်တော့ ပိုသောက်သင့် သည်ဟု ယူဆသည်။ ပင်နယ်ဆလင် ကြိုသောက် ကြသော ကြောင့်လား မသိ။ ယခု အခါတွင် လေးဖက်နာ နာတာရှည် နှလုံး ရောဂါ လူနာများကို ယခင် ဆယ်နှစ်၊ ဆယ့်ငါးနှစ်လောက် မတွေ့ရတော့ချေ။

Healthcare.com.mm

Ref:
ပါမောက္ခ နေဝင်း(ဆေးပညာ)
Source : Health DigestNews Journal