အိမ်မှာ “ခြင်” ကင်းစင်အောင် ပြုလုပ်နည်း - MEMORY

Breaking

Thursday, December 26, 2019

အိမ်မှာ “ခြင်” ကင်းစင်အောင် ပြုလုပ်နည်း


ခြင်ကြောင့် ငှက်ဖျားရောဂါနဲ့ တခြား အသက်အန္တရာယ်ဖြစ်စေတဲ့ ရောဂါဖြစ်ပွားမှုတွေပသနာတွေ ဖြစ်စေပါတယ်။ ပြီးတဲ့အပြင် ဈေးဆိုင်မှာ ဝယ်တဲ့ ခြင်ဆေးဘူးများ အသုံးပြုမှု များပြားလာခြင်းကိုလည်း သတိပေးထားပါတယ်။ ထိရောက်မှုရှိတာတော့ သံသယဖြစ်စရာ အကြောင်းမရှိပါဘူး။ ဒါပေမယ့် ဒီဆေးဘူးတွေက အန္တရာယ်ဖြစ်စေတဲ့ ဓာတ်ငွေ့တွေ ထုတ်လွှတ်ပေးပါတယ်။ ခြင်ကင်းစင် အောင်လုပ်ဖို့ အတွက် ကျွန်ုပ်တို့ နေအိမ်၊ အသုံးအဆောင်ပစ္စည်းတွေဟာ ခြင်ကင်းစင်တဲ့ အကျိုးရလဒ်ဖြစ်စေနိုင်တဲ့ အရာတွေ ရှိပါတယ်။

၁. အစပိုင်းမှာတော့ အနံ့အသက်ဆိုးရွားနိုင်ပေမယ့် ခြင်တွေ ကင်းဝေးစေတဲ့ အကြောင်းဖြစ်ပါတယ်။ အဲဒါကတော့ ကြက်သွန်ဖြူအနည်းငယ် ထုခြေ၊ ပြုတ်ပေးပြီး အရည်ကို အခန်းထဲ အထူးသဖြင့် ထောင့်နေရာလေးတွေမှာ ဖျန်းပေးရပါမယ်။

၂. ပရုတ်လုံးက အလွယ်တကူရရှိနိုင်ပြီး ခြင်မောင်းလို့ ကောင်းတဲ့ ပစ္စည်းဖြစ်ပါတယ်။ ပြတင်းပေါက်နဲ့ တံခါးတွေ အားလုံးပိတ်ပြီး အခန်းထဲမှာ ပရုတ်လုံးကို အနည်းငယ် မီးရှို့ပါ။ အဲဒီအတိုင်း အခန်းကို မိနစ် ၂၀ ထားထားလိုက်ပါ။ ပြန်လာတဲ့အခါမှာ အခန်းထဲ ဘာခြင်မှ မရှိတော့တာ တွေ့ရပါလိမ့်မယ်။

၃. ဖယောင်းတိုင်မှာ ပင်စိမ်းဆီ citronella oil ထည့်ပြီး ခြင်တွေ မောင်းထုတ်ဖို့ ဖယောင်းတိုင်ကို ထွန်းပေး လိုက်ပါ။ သို့မဟုတ် အဲဒီဆီကို အငွေ့ပျံစက်နဲ့လည်း သုံးနိုင်ပါတယ်။

၎. တကယ်လို့ သင့်အိမ်မှာ ခြံဝင်းရှိပါက အိမ်ပြူတင်းပေါက်နား ခြံထဲမှာ ခြင်တွေ အနားမကပ်အောင် လာဗင်ဒါရေမွှေး ပန်းပင် (lavender)၊ ကက်နေ့ပ် (catnip) နဲ့ ပင်စိမ်းပင် (citronella) စိုက်ပေးပါ။

၅. အိမ်တွင်းနဲ့ အနီးနားတဝိုက်ရှိ အိုင်နေတဲ့ ရေတွေကို ရှင်းထုတ်ပါ။ ဒီရေတွေဟာ ခြင်တွေပေါက်ပွား ရာ နေရာတွေ ဖြစ်ပါတယ်။ မမျှော်လင့်ဘဲ ရေပြတ်လတ်မှုအတွက် ရေလှောင်ထားဖို့ လိုအပ်ပါက ၄င်းရေကို လှယ်ဖြစ်အောင် လှယ်ပေးပါ။
_______________________________________
Ref: Lybrate | ပေါ်ထွန်း | Trend Myanmar.

Feb 28.2016 | http://www.mymemo.cf/2016/02/post287.html