သင့်ကောင်မလေးရဲ့ အမေကိုကြည့်ပြီး သင့် ကောင်မလေးအပေါ် ဆန်းစစ်နိုင်မယ့် အချက်များ - MEMORY

Breaking

Monday, December 7, 2020

သင့်ကောင်မလေးရဲ့ အမေကိုကြည့်ပြီး သင့် ကောင်မလေးအပေါ် ဆန်းစစ်နိုင်မယ့် အချက်များ


သင့်ကောင်မလေး နောင်တစ်ချိန် ဘယ်လိုပုံစံဖြစ်လာမလဲဆိုတာ သိချင်ကြတယ်ဆိုရင် သူ့အမေကို ကြည့်ပါဆိုတဲ့ စကားကို အားလုံးကြားဖူးကြမယ် ထင်ပါတယ်။ မိန်းကလေးတွေက အရွယ်ရောက်လာတဲ့ အခါမှာ သူတို့အမေတွေနဲ့ မတူဖို့ ကြိုးစားချင်ကြသလို သူတို့ရဲ့ သက်ဆိုင်သူတွေ ကလည်း မတူဖို့ မျှော်လင့်ကြပါတယ်။ ဒါပေမဲ့ စိတ်ဝင်စားစရာ ကောင်းတာက တကယ်ပဲ မိန်းကလေးတွေ က အသက်ကြီးလာတဲ့ အချိန်မှာ သူတို့အမေတွေရဲ့ပုံစံကို မိတ္တူကူးထားသလို ဖြစ်လာပါလား ဆိုတာပါပဲ။ အများအားဖြင့်တော့ အမေဆီကနေ အမွေဆက်ခံရရှိတဲ့ အချက်တွေရှိပါတယ်။ ဒါတွေကတော့...

၁. အမေ့ရဲ့ အကျင့်
စစ်တမ်းအရ မိန်းကလေးတွေက သူတို့ကိုယ်တိုင် မိခင်ဖြစ်လာတဲ့အခါမှာ သူတို့ အမေတွေရဲ့ အကျင့်အတိုင်း လိုက်လုပ်တတ်လေ့ရှိတာကို ပြပါတယ်။

၂. အမေ့ရဲ့ လက်သုံးစကား
အမေက စကားတစ်ခွန်း၊ ဆိုရိုးတစ်ခုကို လက်ကိုင်ထားပြီး ပြောတတ်တဲ့ အကျင့်ရှိရင် အဲ့ဒီမိန်းကလေးမှာ လည်း အမေ့ရဲ့ လက်သုံးစကားအတိုင်း လိုက်ပြောတတ်၊ လိုက်လုပ်တတ်ပါတယ်တဲ့။

၃. ပုံပန်းသွင်ပြင်
သိပ္ပံပညာအရ အမေတွေရဲ့ ရုပ်ပိုင်းဆိုင်ရာ သွင်ပြင်က သမီးတွေဆီကို လက်ဆင့်ကမ်းပေးနိုင်တယ်လို့ ဆိုပါတယ်။ ဥပမာ အသားအရေတွန့်တာ၊ မျက်ကွင်းညိုတာတွေ ဖြစ်ပါတယ်။

၎. အမြင်အာရုံ
အမေက မျက်မှန်တပ်ရသူဖြစ်ရင် အဲ့ဒီ မိန်းကလေးက တစ်ချိန်ချိန်မှာ သေချာပေါက် မျက်မှန်တပ်ရသူ ဖြစ်မှာ ကျိန်းသေပါတယ်။

၅. ခန္ဓာကိုယ်
မျိုးဗီဇအရ ၈၀% သော မိန်းကလေးတွေဟာ မိခင်က ပိန်ပါးတဲ့သူဖြစ်ရင် စားသောက်နေထိုင်ပုံတွေနဲ့ မဆိုင်ဘဲ ပိန်တဲ့သူဖြစ်နိုင်သလို၊ မိခင်က ဝတဲ့သူဖြစ်ရင်လည်း မိန်းကလေးမှာ မိခင်အရွယ်ရောက်တဲ့ အခါ သေချာပေါက် ဝလာတတ်ပါတယ်။

၆. ဖိုမရေးရာ စိတ်ခံစားမှု
မိန်းကလေးရဲ့ မိခင်က ဖိုမရေးရာများကို အလွန်စိတ်ဝင်စားသူဖြစ်ရင် ကိုယ့်ချစ်သူရဲ့ စိတ်ခံစားချက် ကိုလည်း ဆန်းစစ်လေ့လာဖို့ လိုပါတယ်။

၇. ဓာတ်မတည့်သော အရာများ
အမေ့မှာ ဓာတ်မတည့်တဲ့ အစားအစာ၊ ဆေးဝါးစတဲ့ အရာတစ်ခုခုရှိရင် ကိုယ့်မိန်းကလေးမှာလည်း ရှိနိုင် ပါတယ်။

၈. ယောက်ျားအပေါ် ဆက်ဆံပုံ
အမေဖြစ်သူက ယောက်ျားအပေါ် ဦးစားပေး ဆက်ဆံတတ်သူဖြစ်ရင် သမီးကလည်း ကိုယ့်ယောက်ျား အပေါ် အလားတူ  ဆက်ဆံမှာဖြစ်ပြီး ယောက်ျားကိုနိုင်တဲ့ အမေဖြစ်ပါက အမေ့ရဲ့ အကျင့်ကို ဆက်ခံဖို့ အလား အလာများ ပါတယ်လို့ ဆိုထားပါတယ်။
_________________________________________________
ခင်သူဇာ | source : trend | ref : foreverforloveandhappiness 

Feb 29.2016 | http://www.mymemo.cf/2016/02/post292.html