သရဲစီးသော ကုတင်၏ လျှို့ ဝှက်ချက် - MEMORY

Breaking

Thursday, March 10, 2016

သရဲစီးသော ကုတင်၏ လျှို့ ဝှက်ချက်


ဆေးရုံတစ်ရုံ၊ အလွှာတစ်ခု၊ လူနာအခန်း တစ်ခန်းက ကုတင်တစ်ခုမှာပါ။ လာလာကြည့်လိုက်တိုင်း လူနာတွေက သေနေပါတယ်။ ပြန်လည် စစ်ဆေးချက်များအရ နေ့စဉ် ညနေ ၃ နာရီရောက်တိုင်း ကွယ်လွန်သွားခဲ့ကြတာ ဖြစ်ပါတယ်။

တစ်ခါတည်းတောင် မဟုတ်။ လူနာတစ်ယောက်တည်းလည်း မဟုတ်၊ တစ်ရက်လာတည်းတဲ့ လူနာ လည်းသေ၊ နောက်နေ့လာတည်းလည်း သေ၊ လနဲ့ချီပြီး သေနေတော့ ဆရာဝန်တွေရော၊ သူနာပြုတွေရော ကြောက်နေပါပြီ။

ယင်း ကုတင်မှာ သိုက်တစ်ခုခု သို့မဟုတ်၊ နတ်ဆိုးတွေ ဝင်စီးနေတယ် လို့တောင် ထင်လာတယ်။ ဒါကြောင့် နောက်ဆုံးမှာ ကမ္ဘာ့အတော်ဆုံး ပညာရှင်တွေ၊ အောက်လမ်း၊ အထက်လမ်းဆရာတွေ ခေါ်လို့ ညနေ ၃ နာရီ အချိန်မှာ စုစည်းပါတယ်။

ကုတင်ကို အားလုံးဝိုင်းကြည့်နေကြပါတယ်။ မကြာပါဘူး။ ၃ နာရီ ကျော်ကျော်လေးမှာပဲ လူနာခန်းရှေ့ စင်္ကြ တံမြက်စည်းလှည်းတဲ့ သန့်ရှင်းရေးသမားတစ်ယောက် အခန်းဝမှာ ရှိတဲ့ ပလက်ပေါက်က ကြိုးကို ဖြုတ်လို့ သူ့ဖုန်းအားသွင်းပြီး ထားခဲ့ပါတယ်။ နာရီဝက်လောက်ပဲ အားသွင်းပြီး သူ့ဖုန်း ပြန်ပြန်လာယူနေကျ ဖြစ်ပါတယ်။

သူဖြုတ်လိုက်တဲ့ ကြိုးက ကုတင်ပေါ်က အရေးပေါ်လူနာတိုင်းအတွက် မတပ်မနေ တပ်ရတဲ့ အောက်ဆီဂျင်လေအိုးနဲ့ အခြား စက်ပစ္စည်းအားလုံးရဲ့ ပင်မ Source ဖြစ်ပါတယ်။
__________________________________________
Ref : everyquotes | Aung Kham (TSJ team)
Mar 10.2016 | http://www.mymemo.cf/2016/03/post345.html