ကိုးရီးယား ဇာတ်လမ်းတွဲများမှ မှတ်သားစရာများ - MEMORY

Breaking

Wednesday, March 23, 2016

ကိုးရီးယား ဇာတ်လမ်းတွဲများမှ မှတ်သားစရာများ


၁။ ချမ်းသာပြီး ချောမောသော ယောက်ျားများသည် ပြောချင်ရာပြောတတ်သော ရွက်ကြမ်းရေကျို မိန်းမ များကို ကြိုက်လေ့ ရှိသည်။

၂။ မိန်းကလေးများ၏ အရင်းနှီးဆုံး ယောက်ျားလေး သူငယ်ချင်းတိုင်းသည် သူမ တို့ကို သေချာပေါက် ချစ်လေ့ ရှိသည်။

၃။ ညီအစ်ကိုများ၊ သူငယ်ချင်းများ၊ ကျောင်းနေဘက်များ၊ ရန်သူများသည် မိန်းကလေး တစ်ယောက်တည်း ကိုသာ စုပြုံကြိုက်လေ့ ရှိသည်။

၎။ ကိုးရီးယားတွင် ဘယ်လမ်းမဆို ဂငယ်ကွေ့ ကွေ့ခွင့် ရှိသည်။  ကိုယ်ကွေ့ချင်သည့် လမ်းတွင် ဘယ်တော့ မှ ကားမရှိ (တစ်စီးမှကို မရှိ)။

၅။ စားသောက်ပြီး မရှင်းဘဲ ထပြေး သွားခွင့် ရှိသည် (မပြေးခင် တစ်ယောက်ယောက်ကိုတော့ ငိုပြီး ပါးရိုက် ခဲ့ရမည်)။

၆။ လူတိုင်း ကင်ဆာဖြစ်နေကြသည်။

၇။ မိုးရေထဲတွင် ငါးမိနစ် ခန့်နေပါ။ သေချာပေါက် ဖျားမည်။

၈။ ဖျားလျှင် ပူစရာမလို။ ရည်းစားက ကျောပိုးပြီး ဆေးရုံသို့ ပြေးလိမ့်မည်။ (Taxi, car, ambulance ဘာ မှ ခေါ် စရာ မလို၊ ပြေးတာက ပိုမြန်၏)။

၉။ ရေဆင်းကူးလျှင် ဘယ်တော့မှ အဝတ်အစား လဲစရာ မလို။ ဒီတိုင်း ဆင်းသွား ရုံသာ။

၁၀။ ချမ်းသာ သူ = မကောင်းသော လူ။

၁၁။ ဆင်းရဲ သူ = လွန်စွာ ရိုးသားဖြူစင်သူ။

၁၂။ မင်းသား၊ မင်းသမီး ၏ အစ်ကိုသည် ဘယ်တော့မှ အသုံးမကျ။  အစ်ကို အရင်းဖြစ်လျှင် ပိုဆိုးသည်။ ရုပ် ချင်းတောင် တစ်စက်မှ မတူ၊ မချော။

၁၃။ စာ တကယ်ကြိုးစားရင် နှာခေါင်းသွေးယို ရမည်။

၁၄။ နှာခေါင်းသွေးယိုရင် ကင်ဆာဖြစ်ဖို့ သေချာ သလောက် ရှိပြီ။ ခွဲစိတ်မှ အသက်ရှင်မည်။ သို့သော် ခွဲစရာ ပိုက်ဆံ ဘယ်တော့မှ မရှိ။  ဆရာဝန်တွေ နားမလည်နိုင်သော အကြောင်းများစွာနှင့် ရောဂါချက်ချင်း ကြီးလာမည်။

၁၅။ ကော်ဖီဆိုင်တွင် coffee/orange juice သာ မှာ ရမည် (မှာရုံသာ မှာရန် ဖြစ်သည်။ ဘယ်တော့မှ မသောက်)။

၁၆။ လျှို့ဝှက်ချက်များကို တိုင်ပင်ချင်လျှင် တံခါးကို သေချာ မပိတ်ရ (ဒါမှသာ နားစွန် နားဖျား ကြားတဲ့သူ ရှိမှာဖြစ်သည်။

၁၇။ America သွားပြီး ပြန်လာရင် အံ့သြစရာကောင်းလောက်အောင် အောင်မြင်မည်။ England က ပြန် လာရင် အလွန်တရာကို လန်းသွားမည်။ ကိုးရီးယား မှာနေလျှင် ဆံပင် ပုံစံက လွဲလို့ ဘာမှ မပြောင်း။

၁၈။ အဲဒီလို ကိုးရီးယားကို ပြန်လာခြင်းသည် ကင်ဆာဖြစ်နေလို့ ဖြစ်သည်။

၁၉။ ဘယ်နေရာမှာပဲနေနေ ဆေးရုံတစ်ခုတည်းသာ အတူတက်ကြသည်။

၂၀။ စားစရာမရှိလောက်အောင် ဆင်းရဲသော်လည်း အဝတ် တစ်ထည်ကို ဘယ်တော့မှ နှစ်ခါပြန် မဝတ်။

၂၁။ ဆင်းရဲသော ကလေးတိုင်းသည် ဆံပင် ဘုတ်သိုက်၊ ညစ်ညစ် ပတ်ပတ်သာ နေကြသည်။

၂၂။ လူတစ်ယောက်ကို ကားမတိုက်အောင် တွန်းထုတ်ပြီးလျှင် သူ့နေရာမှာ ဆက်ရပ်နေရမည် (ဒါမှ ကားက တိုက်စရာ ရမည်)။

၂၃။ လူတိုင်းတွင် ငယ်ငယ်ကတည်းက ကွဲကွာသွားသော ညီအစ်ကို မောင်နှမ များ ရှိကြသည်။

၂၄။ ရည်းစားထံမှ ဖုန်းကို မကိုင်ချင်လျှင် ပိတ်ထားလို့ မရ။ ဘက်ထရီကို ဆွဲထုတ် မှသာ ရသည်။

၂၅။ ကိုးရီးယားယောက်ျားတိုင်းသည် အရက်ကောင်းကောင်းသောက်နိုင်၊ သီချင်းကောင်းကောင်း ဆို တတ်၊ စန္ဒရားကောင်းကောင်း တီးတတ်သည်။ အများအားဖြင့် စန္ဒရား ထားပေးသော စားသောက်ဆိုင် များတွင် ထို အလုပ်များကို တပြိုင်တည်း လုပ်လေ့ရှိသည်။ သူ ဒါတွေ လုပ်တတ်မှန်း ရည်းစားက လုံးဝမသိ (ပထမဆုံး တွေ့ ဖူးခြင်း ဖြစ်၏)။

၂၆။ ချစ်သူ ရည်းစားဖြစ်ပြီးလျှင် တစ်ချိန်တွင် နိုင်ငံခြား သေချာပေါက် ထွက်ရမည်။ ထွက်ရမှာကို ကြို အသိပေးစရာ မလို။ လေဆိပ်ရောက်လျှင် ရည်းစားက မျက်ရည်နှင့် ပြေးလိုက် လာလိမ့်မည်။ (၆၀% လောက်တော့ တွေ့ရန် အခွင့်အရေး ရှိသည်။ ကျန်သော ၄၀% က တစ်ယောက် ကို တစ်ယောက် ၆ ခါလောက် ဖြတ်လျှောက်ရင်း လွဲသွားမည်၊ ဘယ်တော့မှ မမြင်ကြ)။

၂၇။ လေယာဉ်ပေါ် က ဆင်းလျှင် နေကာ မျက်မှန် တပ်ထား ရမည်။

၂၈။ ယောက်ျားများသည် ဘာ အားကစား လုပ်လုပ် လည်ပင်း အထိ လုံသော Tracksuit များ ဝတ်ကြသည်။

၂၉။ မိန်းကလေးများ စိတ်ဆိုး လျှင် လှည့်ထွက်သွားတတ်သည်။ သို့သော် လက်ကို တစ်ချက် ဖမ်းဆွဲလိုက် လျှင် ချက်ချင်း လည်ပြီး ပါလာသည်။ ပုခုံးရိုးတွေ ဘာတွေ ဘယ်တော့ မှ ဘာမှ မဖြစ်။

၃၀။ ကားတိုက်မှုဖြစ်ကာ ခေါင်းကို ထိခိုက်မိလျှင် အတိတ်မေ့သွား တတ်သည်။ သို့သော် ပူစရာ မလို၊ နောက် တစ်ခေါက် ခိုက်မိလျှင် ပြန်သတိရ လာမည်။

၃၁။ ပျော်စရာ တစ်ခုခု ဖြစ်ပြီးလျှင် အမြဲ ငိုရမည်။

၃၂။ ဓာတ်လှေကားနှင့် အိမ်သာများကို ဝင်လျှင် မတွေ့ချင်သော သူများနှင့် တွေ့လေ့ရှိသည်။

၃၃။ အိမ်သာ မှားဝင်ခြင်းသည် ဖြစ်နေကျ ဖြစ်သည်။

၃၄။ အလွန်တရာ ချမ်းသာသူ မဟုတ်သရွေ့ ခမည်းခမက် များက ကြည့်မရ။

၃၅။ ယောင်းမ ကလည်း ထိုနည်း လည်းကောင်း။

၃၆။ မတ်နှင့် ခဲအို များကို သတိထားပါ။ သင့်ကို ကြိုက်နေလေ့ ရှိသည်။

၃ရ။ နမ်းပုံ နမ်းနည်း နှစ်မျိုးသာ ရှိသည်။ ပါးစပ် ကို အသေပိတ် ထားပြီး ငြိမ်ပြီးနေရင်နေ၊ ဒါမှမဟုတ် တစ်ဘက်လူကို ကိုက်စားတော့ မလို ဆွဲစုပ်နိုင်ရမည် (ဘယ်လိုပဲ နမ်းနမ်း ရှိသမျှ အရာတွေ အကုန် ချာချာ လည်၏)။

၃၈။ ကား တစ်ခုခုဖြစ်လျှင်၊ ဆီ ကုန်လျှင် ဘယ်သူ မှ အသွားအလာ မရှိသော တောလမ်းတွင် ညကြီး မိုးချုပ်သာ ဖြစ်လေ့ ရှိသည် (ဖုန်းလိုင်းတောင် မရှိ)။ ထိုနေရာ မှ မြို့ပြန်ရောက်အောင် ငါးလက်မဒေါက်ဖိနပ်နှင့် ဆယ်မိုင်လောက် လမ်းလျှောက်ရမည်။

၃၉။ ဟိုတယ်တွင် အခန်းငှားလျှင် အမြဲတမ်း တစ်ခန်းသာ အလွတ် ရှိသည် (အဲဒီ အခန်းတွင် ကုတင် တစ်လုံးပဲ ရှိ၏၊ ဘယ်တော့မှ အပို မရှိ)။

၄၀။ ပထမဆုံးအကြိမ် အတူ အိပ်ရုံဖြင့် ကိုယ်ဝန်ရလာမည်။

၄၁။ နဖူးပေါ်ကို နမ်းလိုက်လျှင် ကိုယ်ဝန် ရှိလာမည်။

၄၂။ လက်တွဲပြီး သွားလျှင်တောင် ကိုယ်ဝန် ရှိလာတတ်၏။

၄၃။ အခက်အခဲများကို အတူကျော်ဖြတ်ရန် ကြုံလာပါက တစ်ယောက်သေချာပေါက် သေပေးရမည် (ကင်ဆာဖြစ်ဖို့  များ၏)။

၄၄။ ချစ်သူ စုံတွဲများသည် ဘတ်စ်ကား ၏ နောက်ဘက် ညာဘက်ခြမ်း ထိုင်ခုံတွင် အမြဲထိုင်ကြသည်။ တစ်ယောက်တည်း အထီးကျန် ဖြစ်လာပါက ထိုနေရာ တွင် သွားပြန်ထိုင်ကာ အတိတ်ကို ပြန်စဉ်းစားလေ့ ရှိသည်။

၄၅။ သာမန်ယောက်ျားတစ်ယောက်သည် လူဆိုး ငါးယောက်ခြောက်ယောက်ကို တစ်ယောက်ချင်း တန်းစီ ကာ အလဲ ထိုးနိုင်သည်။ အားလုံး လဲသွားပြီးလျှင် ပြန်ထ လာကာ တစ်ပြိုင်တည်း ပြန်ချကြ၏။ ထိုအခါ တွင် ပြန် အထိုးခံရပြီး ဘယ်နေရာ မှန်း မသိသော ဂိုဒေါင်ကြမ်းပြင် တွင် မှောက်သွားမည်။

သူ့ရည်းစား က ထိုအဖြစ်ကို အစအဆုံး မြင်သည်။ သို့သော် ဘယ်တော့မှ ၉၁၁ ကို ဖုန်းမဆက်။ ငိုရုံသာ တတ်၏။ သို့သော် ပြဿနာမရှိ။ နောက်တစ်နေ့တွင် အထိုးခံရသောကောင်က ပတ်တီး နည်းနည်းနှင့် ပြန်ကောင်းနေမည် ဖြစ်သည်။ ဘယ်လောက် အထိုး ခံရ ခံရ မျက်ကွင်းမညို။

၄၆။ မိန်းမကောင်းများသည် ကား မမောင်းကြ။ အကျင့် မကောင်းသော မိန်းကလေးများသာ ကိုယ်တိုင် ကားမောင်းကြ၏။ တစ်ခါ တစ်ခါတော့ မိန်းမကောင်းများလည်း ကားမောင်းသည်။ သို့သော် ဘယ်လို လိုင်စင် ရထားမှန်းမသိ၊ စုတ်ပြတ်နေအောင် မောင်း၏။

၎ရ။ ချမ်းသာသူများသည် တံတိုင်းကြီးများ ကာထားသော အိမ်ကြီး အိမ်ကောင်းများတွင် နေကြသည်။ ကျန် တခြား သူများက မြို့ထဲမှ တိုက်ခေါင်မိုးများပေါ်၊ သို့မဟုတ် မြို့ပြင်တွင် တဲထိုးနေကြ၏။

၄၈။ ကိုးရီးယားကျောင်းများ တက္ကသိုလ်များ တစ်ခုမှ အသုံးမကျ။ စာသေချာ သင်ချင်လျှင် နိုင်ငံခြားသွားမှ ရ၏။

၄၉။ U.S တွင် ပညာသွားသင်လျှင် (Harvard ဆို ပိုကောင်း၏) သင်သည် အတော်ဆုံးကျောင်းသား ဖြစ်ကာ English လို မွှတ်နေအောင် ပြောတတ်သူဖြစ်၏။ (သို့သော် ဇာတ်လမ်းကြည့်သူ အင်္ဂလိပ် တစ်ယောက်မှ ထို ကိုရီးယားများ ပြောတာ ကိုနားမလည်)။

၅၀။ အကြောင်း တစ်ခုမဟုတ်တစ်ခုကြောင့် ယောက်ျားလေးက ရေချိုးရာမှ အဝတ်မပါဘဲ ထွက်လာသည်။ မိန်းကလေးက မြင်ကာ လက်ညှိုးထိုး အော်၏။ ထိုအခါ ထိုယောက်ျားကလည်း အော်ကာ သူ့ ရင်ဘတ်ကို ကာ၏ ။ (ရင်ဘတ်မှာ ဘာရှိလို့လဲ မသိ)။
__________________________________________
credit to: http://vanillacherryice.wordpress.com/
Mar 23.2016 |  http://www.mymemo.cf/2016/03/post377.html