လူသတ္ သမား ပန္ကာ - MEMORY

Breaking

Saturday, May 14, 2016

လူသတ္ သမား ပန္ကာ


ပူလြန္းတဲ့ရာသီပါ ဆိုမွ အယ္နီညိဳက ထပ္ျပီး မီးရႈိ႕တယ္။ ဒီေတာ့ လူေတြက ပူအိုက္တာ သက္သာေအာင္ ယပ္ေတာင္၊ ပန္ကာ၊ အဲယားကြန္း အသုံးျပဳလာၾကေတာ့တယ္။ ယပ္ေတာင္နဲ႔ အဲကြန္းက ဒီေလာက္ ၿပႆနာမရွိေပမယ့္ ပန္ကာေၾကာင့္ လူေသတာေတြ မၾကာခဏ ေတြ႕ရတယ္။ မေသေတာင္ ပါးရြဲ႕ ေလၿဖတ္တာ ေတာ္ေတာ္မ်ားတယ္။

ပန္ကာက ဘယ္လို လူသတ္ႏိုင္လဲ »
ပန္ကာေရွ႕ အေအး၊ ဘီယာ ပုလင္းတစ္လုံး ေရစို အဝတ္ပတ္ၿပီး ခ်ထားၾကည့္ပါ။ တစ္နာရီေက်ာ္ေလာက္ ဆိုရင္ ေတာ္ေတာ္ ေအးၿမသြားတာ ေတြ႕ပါလိမ့္မယ္။ ေရခဲ ေသတၱာမရွိတဲ့ ေနရာေတြမွာ အေအးေသာက္ ခ်င္ သုံးလို႕ရပါတယ္။ ပန္ကာေလေၾကာင့္ ပတ္ထားတဲ့ေရစိုအဝတ္ဟာ အေငြ႕ပ်ံတယ္။ အေငြ႕ပ်ံဖို႕ အပူ လိုအပ္ပါတယ္ (စာမွာေတာ့ ေအာင္းပူလို႕ေခၚပါတယ္) လိုအပ္တဲ့ အပူကို ပုလင္းဆီက စုပ္ယူလိုက္ေတာ့ အဝတ္က ေျခာက္ေသြ႕လာတာနဲ႕အမွ် ပုလင္းလည္း ေအးၿမသြားပါတယ္။

လူက အိုက္လို႔ ညဘက္ေရထခ်ဳိးတယ္။ ေခါင္းေလွ်ာ္တယ္။ ၿပီးေတာ့ အိပ္ရာထဲ ေခၽြးမၿပန္ေအာင္ ပန္ကာ ဖြင့္အိပ္တတ္ၾကတယ္။ ပန္ကာဖြင့္ေတာ့ ထုံးစံအတိုင္း စိုစိစိေတြက အေငြ႕ထပ်ံပါတယ္။ လိုအပ္တဲ့ အပူခ်ိန္ကုိေတာ့ ဦးေခါင္းကေန ရယူပါတယ္။ ဒါေၾကာင့္ ဦးေခါင္း တၿဖည္းၿဖည္း အပူခ်ိန္ေလ်ာ့လာတယ္။ အိပ္မေပ်ာ္ေသးခင္ေတာ့ ခႏၶာကိုယ္က အပူထုတ္ေပးေနေတာ့ သိပ္ၿပႆနာမေပးေသးပါဘူး။ အိပ္ေပ်ာ္ သြားၿပီဆိုရင္ အပူ မထုတ္ေတာ့ပါဘူး (အပူထုတ္တာ အရမ္းနည္းသြားတယ္)။ ဒါေၾကာင့္ ဦးေခါင္းဟာ အတိုင္းအဆမရွိ ေအးလာတယ္။ ေအးလာေတာ့ ဦးေခါင္းက အေရၿပား က်ဳံ႕လာပါတယ္။ အတြင္းပိုင္း ကေတာ့ အခန္းအပူခ်ိန္အတိုင္းပဲ ဆက္ရွိေနတယ္။

ဒါေၾကာင့္ ဦးေခါင္းကို စီးေနတဲ့ ေသြးေတြကို အတင္းၿဖစ္ညႇစ္သလိုၿဖစ္ၿပီး ေသြးေၾကာျပတ္ကာ မနက္က်ေတာ့ ေလွ်ာေနေတာ့တာပါ။ အိမ္နီးနားခ်င္း ၂ ဦး ၃ ဦးၿဖစ္ဖူးၾကတယ္။ တခ်ဳိ႕က ေသေလာက္တဲ့ အထိ မၿဖစ္ေပမယ့္ ပါးရြဲ႕ၿခင္း၊ ေလၿဖတ္ၿခင္းၿဖစ္ၾကတယ္။

ဒါေတြ သတိထားပါ »
» ညမိုးခ်ဳပ္ အိပ္ခါနီးမွ ေခါင္းမေလွ်ာ္ပါနဲ႔။ မိန္းကေလးမ်ား ပုိဆိုးပါတယ္။ ဘယ္လိုမွ မေၿခာက္ဘဲ စို ထိုင္းထိုင္းနဲ႕ အိပ္ယာဝင္ရင္ ဒုကၡေရာက္ၿပီ။ အသက္ ၃၀ မျပည့္ေသးတဲ့ အသိမိန္းကေလး ပါးရြဲ႕သြားခဲ့ ပါတယ္။
» ပန္ကာနဲ႕ အိပ္မယ္ဆို ၁ နာရီေလာက္ အိပ္ေပ်ာ္ခ်ိန္မွန္း timer ေပးအိပ္ပါ။ Timer မရွိရင္ ပန္ကာေလကို တိုက္႐ိုက္မထိပါေစနဲ႕။
» အရက္ေသာက္ၿပီး အိပ္ရင္လည္း ပန္ကာေလ တိုက္ရုိက္မထိပါေစနဲ႕။ အသိတစ္ေယာက္ ေလၿဖတ္ခဲ့ၿပီး အိမ္နီးခ်င္း ၂ ေယာက္ ေသသြားခဲ့ဖူးပါတယ္။
__________________________________________
credit to : anonymous



[Unicode]

လူသတ် သမား ပန်ကာ
ပူလွန်းတဲ့ရာသီပါ ဆိုမှ အယ်နီညိုက ထပ်ပြီး မီးရှို့တယ်။ ဒီတော့ လူတွေက ပူအိုက်တာ သက်သာအောင် ယပ်တောင်၊ ပန်ကာ၊ အဲယားကွန်း အသုံးပြုလာကြတော့တယ်။ ယပ်တောင်နဲ့ အဲကွန်းက ဒီလောက် ပြဿနာမရှိပေမယ့် ပန်ကာကြောင့် လူသေတာတွေ မကြာခဏ တွေ့ရတယ်။ မသေတောင် ပါးရွဲ့ လေဖြတ်တာ တော်တော်များတယ်။


ပန်ကာက ဘယ်လို လူသတ်နိုင်လဲ »

ပန်ကာရှေ့ အအေး၊ ဘီယာ ပုလင်းတစ်လုံး ရေစို အဝတ်ပတ်ပြီး ချထားကြည့်ပါ။ တစ်နာရီကျော်လောက် ဆိုရင် တော်တော် အေးမြသွားတာ တွေ့ပါလိမ့်မယ်။ ရေခဲ သေတ္တာမရှိတဲ့ နေရာတွေမှာ အအေးသောက် ချင် သုံးလို့ရပါတယ်။ ပန်ကာလေကြောင့် ပတ်ထားတဲ့ရေစိုအဝတ်ဟာ အငွေ့ပျံတယ်။ အငွေ့ပျံဖို့ အပူ လိုအပ်ပါတယ် (စာမှာတော့ အောင်းပူလို့ခေါ်ပါတယ်) လိုအပ်တဲ့ အပူကို ပုလင်းဆီက စုပ်ယူလိုက်တော့ အဝတ်က ခြောက်သွေ့လာတာနဲ့အမျှ ပုလင်းလည်း အေးမြသွားပါတယ်။

လူက အိုက်လို့ ညဘက်ရေထချိုးတယ်။ ခေါင်းလျှော်တယ်။ ပြီးတော့ အိပ်ရာထဲ ချွေးမပြန်အောင် ပန်ကာ ဖွင့်အိပ်တတ်ကြတယ်။ ပန်ကာဖွင့်တော့ ထုံးစံအတိုင်း စိုစိစိတွေက အငွေ့ထပျံပါတယ်။ လိုအပ်တဲ့ အပူချိန်ကိုတော့ ဦးခေါင်းကနေ ရယူပါတယ်။ ဒါကြောင့် ဦးခေါင်း တဖြည်းဖြည်း အပူချိန်လျော့လာတယ်။ အိပ်မပျော်သေးခင်တော့ ခန္ဓာကိုယ်က အပူထုတ်ပေးနေတော့ သိပ်ပြဿနာမပေးသေးပါဘူး။ အိပ်ပျော် သွားပြီဆိုရင် အပူ မထုတ်တော့ပါဘူး (အပူထုတ်တာ အရမ်းနည်းသွားတယ်)။ ဒါကြောင့် ဦးခေါင်းဟာ အတိုင်းအဆမရှိ အေးလာတယ်။ အေးလာတော့ ဦးခေါင်းက အရေပြား ကျုံ့လာပါတယ်။ အတွင်းပိုင်း ကတော့ အခန်းအပူချိန်အတိုင်းပဲ ဆက်ရှိနေတယ်။

ဒါကြောင့် ဦးခေါင်းကို စီးနေတဲ့ သွေးတွေကို အတင်းဖြစ်ညှစ်သလိုဖြစ်ပြီး သွေးကြောပြတ်ကာ မနက်ကျတော့ လျှောနေတော့တာပါ။ အိမ်နီးနားချင်း ၂ ဦး ၃ ဦးဖြစ်ဖူးကြတယ်။ တချို့က သေလောက်တဲ့ အထိ မဖြစ်ပေမယ့် ပါးရွဲ့ခြင်း၊ လေဖြတ်ခြင်းဖြစ်ကြတယ်။


ဒါတွေ သတိထားပါ »


» ညမိုးချုပ် အိပ်ခါနီးမှ ခေါင်းမလျှော်ပါနဲ့။ မိန်းကလေးများ ပိုဆိုးပါတယ်။ ဘယ်လိုမှ မခြောက်ဘဲ စို ထိုင်းထိုင်းနဲ့ အိပ်ယာဝင်ရင် ဒုက္ခရောက်ပြီ။ အသက် ၃၀ မပြည့်သေးတဲ့ အသိမိန်းကလေး ပါးရွဲ့သွားခဲ့ ပါတယ်။

» ပန်ကာနဲ့ အိပ်မယ်ဆို ၁ နာရီလောက် အိပ်ပျော်ချိန်မှန်း timer ပေးအိပ်ပါ။ Timer မရှိရင် ပန်ကာလေကို တိုက်ရိုက်မထိပါစေနဲ့။

» အရက်သောက်ပြီး အိပ်ရင်လည်း ပန်ကာလေ တိုက်ရိုက်မထိပါစေနဲ့။ အသိတစ်ယောက် လေဖြတ်ခဲ့ပြီး အိမ်နီးချင်း ၂ ယောက် သေသွားခဲ့ဖူးပါတယ်။
__________________________________________
credit to : anonymous