YKKO စတိုင် ကြေးအိုး - MEMORY

Breaking

Monday, June 13, 2016

YKKO စတိုင် ကြေးအိုး

YKKO စတိုင် ကြေးအိုး (၄ယောက်စာ)
» တင်ပြသူ - ၀တ်ရည်

YKKO စတိုင် ကြေးအိုး ချစ်သူတွေအတွက် ၀က် ကြေးအိုး နဲ့ ကြေးအိုး ဆီချက် လုပ်နည်းလေးပါ။ အိမ်သားတွေကတော့ YKKO ကြေးအိုး အရသာ အတိုင်းပဲတဲ့။ YKKO ကြေးအိုးလို အချို ခပ်လေးလေးနဲ့ ချက်ထားတာပါ။ ကြေးအိုးမှာ အရေးကြီးဆုံးက ၀က်ရိုးပြုတ်ရည်ပါ။ ၀က်နံရိုးကို ပြုတ်ရင် ဆိုင်ကကြေးအိုးတွေနဲ့ အရသာ မတူတာမို့၊ ချဉ်ဆီများတဲ့ ၀က်ဒူးဆစ်ရိုးကို အသုံးပြုထားပါတယ်။ ဒီဇင်ဘာ ဆောင်းအေးအေးလေးမှာ ကြေးအိုး ပူပူလေး သောက်ကြရအောင်…

ကြေးအိုးတွင် ပါဝင်ပစ္စည်းများ
  • ဆန်ကြာဇံ – ၁ထုပ် (ဇလုံတစ်ခုထဲတွင် ကြာဇံများကို ရေစိမ်ထားပေးပါ)
  • ၀က်ဒူးဆစ်ရိုး – ၄ချောင်း (ဈေးတွင် ၀ယ်ယူနိုင်သည်)
  • ၀က်အူ – ၁၀ကျပ်သား (၁လက်မခွဲအရွယ် လေးများ ပိုင်းဖြတ်ပါ)
  • ၀က်သဲ – ၁၀ကျပ်သား (အရှည် လှီးထားပါ)
  • ပဲပြား – ၁တုံး (လက်မ၀က်အရွယ် လှီးပြီး တြိဂံပိုင်းဖြတ်ပါ)
  • ငုန်းဥ – ၁၀လုံး (ရေနွေးဖြင့် ကျက်အောင်ပြုတ်ပြီး အခွံနွှာထားပါ)
  • ကြက်သွန်မြိတ် – ၁စည်း ( ၁လက်မအရွယ် ပိုင်းဖြတ်ပါ)
  • မုန့်ညှင်းစိမ်း- ၂စည်း (ထက်ပိုင်းပိုင်းပါ)
  • ဟူစိုင် – ၁စည်း – (၁လက်မအရွယ် ပိုင်းဖြတ်ပါ)
  • ဆား – စားပွဲတင်ဇွန်း ၄ဇွန်း
  • အချိုမှုန့် – စားပွဲတင်ဇွန်း ၂ဇွန်း
  • သကြား – စားပွဲတင်ဇွန်း ၆ဇွန်း
  • ရေ – ၁၀ လီတာ
  • နှမ်းဆီ – အနည်းငယ်
  • ငရုတ်ကောင်းမှုန့် – အနည်းငယ်
  • မှတ်ချက် ။ ။ Home made ကြေးအိုးလို အချို အလေး မစားသူများအတွက် အချိုမှုန့်၊ သကြား ထည့်ရမည့် ပမဏ တ၀က်မျှ လျှော့ထည့်ပါရန်။ ကျန်းမာရေးနဲ့ ပိုညီညွှတ်ပါသည်။

ဝက်သားလုံးတွင် ပါဝင်ပစ္စည်းများ
  • ၀က်သား – ၄၀ကျပ်သား (နုတ်နုတ်စဉ်းထားပါ)
  • ကြက်သွန်ဖြူ – ၄မွှာ (နုတ်နုတ်စဉ်းထားပါ)
  • ဂျင်း – စားပွဲတင်ဇွန်း ၁ဇွန်း (နုတ်နုတ်စဉ်းထားပါ)
  • ဆား – လက်ဖက်ရည်ဇွန်း ၁ဇွန်း
  • ပဲငံပြာရည် – စားပွဲတင်ဇွန်း ၂ဇွန်း
  • သကြား – စားပွဲတင်ဇွန်း ၂ဇွန်း
  • ကြက်ဥ – ၁လုံး (ခလောက်ထားပါ)
  • နှမ်းဆီ – စားပွဲတင်ဇွန်း ၁ဇွန်း
  • ကော်မှုန့် – စားပွဲတင်ဇွန်း ၂ဇွန်း
  • ငရုတ်ကောင်းမှုန့် – အနည်းငယ်
ငါးဖယ်လုံးတွင် ပါဝင်ပစ္စည်းများ
  • ငါးဖယ် – ၁၀ကျပ်သား
  • ကြက်သွန်ဖြူ – ၂မွှာ (နုတ်နုတ်စဉ်းပါ)
  • ဂျင်း – စားပွဲတင်ဇွန်း တ၀က် (နုတ်နုတ်စဉ်းပါ)
  • ဆား – လက်ဖက်ရည်ဇွန်း တ၀က်
  • ကြက်သားမှုန့် – လက်ဖက်ရည်ဇွန်း ၁ဇွန်း
  • ကြက်ဥ အကာ – ၁လုံး (ခလောက်ထားပါ)
  • ဂျုံ – စားပွဲတင်ဇွန်း ၂ဇွန်း
ပြင်ဆင်နည်း
၁။ အရင်ဆုံး ဒယ်အိုး အကြီး တစ်ခုထဲတွင် ၀က်ဒူးဆစ်ရိုးများကို ထည့်ပြီး ရေ ၁၀လီတာ ထည့်ကာ အဖုံးအုပ်ပြီး ၂နာရီခန့် တည်ထားပေးပါ။




၂။ ၀က်ဒူးဆစ်ရိုးများ ပြုတ်ထားစဉ် ၀က်သားလုံးရန် ပါဝင်ပစ္စည်းများ ဖြစ်သော (၀က်သား၊ ကြက်သွန်ဖြူ၊ ဂျင်း၊ ဆား၊ ပဲငံပြာရည်၊ နှမ်းဆီ၊ ကြက်ဥ၊ ကော်မှုန့်၊ ငရုတ်ကောင်းမှုန့်) တို့ကို ခွက်တစ်ခုထဲတွင် ထည့်ထားပါ။


၃။ ထို့နောက် သမအောင် ၀က်သားများကို ရောနယ်လိုက်ပါ။



၎။ ပြီးနောက် ငါးဖယ်လုံးရန် ပါဝင်ပစ္စည်းများဖြစ်သော (ငါးဖယ်၊ ကြက်သွန်ဖြူ၊ ဂျင်း၊ ကြက်ဥအကာ၊ ဂျုံ) တို့ကိုလည်း ခွက်တစ်ခုရောထည့်ပြီး သမအောင် ရောနယ်လိုက်ပါ။


၅။ ထို့နောက် ပုံတွင် ပါသည့်အတိုင်း ငါးဖယ်လုံးများကို လုံးပေးပါ။ ငါးဖယ်လုံး လုံးစဉ် လက်ကို ငါးဖယ်များ အကပ်စေရန် လက်ကို ဆီအနည်းငယ် သုတ်ပြီမှ လုံးပေးပါ။


ကြေးအိုးပြုတ်နည်း
၁။ ကြေးအိုး ပြုတ်ရည် တ၀က်ခန့်ခန်းသွားပြီ အနေတော်ပြီဆိုလျှင် ၀က်ရိုးများကို ပြန်ဆယ်ထားပါ။ ပြီးမှ ပြုတ်ရည်ထဲသို့ ဆား(စားပွဲတင်ဇွန်း ၄ဇွန်း)၊ သကြား(စားပွဲတင်ဇွန်း ၆ဇွန်း)၊ အချိုမှုန့်(စားပွဲတင်ဇွန်း ၂ဇွန်း) ထည့်ပေးပါ။

၂။ အရသာ အပေါ့အငံ့မြည်းပြီ အနေတော်ပြီဆိုမှ ရေ(၁လီတာ) ထပ်ထည့်ပေးပါ။ ပြီးမှ ၀က်အူများ ကို ကြေးအိုးပြုတ်ရည် ထဲသို့ ထည့်ပြီ ပြုတ်ပေးပါ။

၃။ ၀က်အူများ ကျက်ခါနီးမှ ငါးဖယ်များကို ထည့်ပေးပါ။ ထို့နောက် နုယ်ထားသော ၀က်သားများကို လက်တွင် ဆီအနည်းငယ် သုတ်ပြီ လက်ဖြင့် ဆုတ်ပြီ အရှည်လေးများ ပြုတ်ရည်ထဲ ထည့်ပေးပါ။


၎။ အသားများ ကျက်လာလျှင် ပြုတ်ရည်ပေါ်သို့ ပေါ်လာလိမ့်မည်။ အသားများ ပေါ်လာလာချင်း မဆယ်သေးဘဲ ခေတ္တတည်ထားပေးပါ။


၅။ ပြီးမှ ဇကာဖြင့် အသားများကို ဆယ်ပြီ ခွက်တစ်ခုထဲ ထည့်ထားပါ။

၆။ ထို့နောက် အကျက်လွယ်သည့် ပဲပြား၊ ငုန်းဥ၊ ၀က်သဲတို့ကို ၁မိနစ်ခန့် ထည့်တည်ပြီး ဇကာဖြင့် ပြန်ဆယ်ထားပါ။

၇။ ကြေးအိုး တစ်ခွက်စာ ပြင်ဆင်လို့ရပါပြီ။ တစ်ယောက် ကြာဇံ၊ မုန့်ညှင်းရွက်၊ ကြက်သွန်မြိတ်၊ ဟူစိုင်များ ကို ဇကာထဲထည့်ပြီ ကြေးအိုးပြုတ်ရည်ဖြင့် အနည်းငယ် စိမ်ပေးပြီ ပြန်ဆယ်ထားပါ။



၈။ ပြီးမှ ခွက်တစ်ခုထဲတွင် ကြာဇံ၊ ၀က်သားလုံး၊ ငါးဖယ်၊ ပဲပြား၊ ငုန်းဥ၊ ၀က်အူ၊ ၀က်သဲ၊ မုန့်ညှင်း၊ ကြက်သွန်မြိတ်၊ ဟူစိုင် စသည်တို့ကို ထည့်ပေးပြီ ကြေးအိုးပြုတ်ရည် ယောက်ချို ၁ခွက်ခွဲကို လောင်းထည့်လိုက်ပါ။

၉။ အပေါ်မှ နှမ်းဆီ၊ ငရုတ်ကောင်းမှုန့် အနည်းငယ် ဖြူးပေးပြီ အရသာရှိသော YKKO စတိုင် ကြေးအိုးကို သုံးဆောင်လို့ရပါပြီ…

—————————————————————————–
ကြေးအိုး ဆီချက် လုပ်နည်း
၁။ ကြေးအိုးဆီချက်အတွက် ခွက်တစ်ခုထဲတွင် ကြေးအိုးပြုတ်ရည်ထဲ စိမ်ပြီ ပြန်ဆယ်ထားသော ကြာဇံများ ကို ထည့်လိုက်ပါ။

၂။ ပြီမှ ပဲငံပြာရည်(စားပွဲတင်ဇွန်း ၂ဇွန်း)၊ ကြက်သားမှုန့်(စားပွဲတင်ဇွန်း တ၀က်)၊ အချိုမှုန့်(စားပွဲတင်ဇွန်း တ၀က်)၊ နှမ်းဆီ(စားပွဲတင်ဇွန်း ၁ဇွန်း)၊ ၀က်ဆီ(စားပွဲတင်ဇွန်း ၂ဇွန်း) တို့ဖြင့် သမအောင် ရောနုယ်လိုက်ပါ။

၃။ ထို့နောက် ၀က်သားလုံး၊ ငါးဖယ်လုံး၊ ငုန်းဥ၊ ပဲပြား၊ ၀က်အူ၊ ၀က်သဲ၊ မုန့်ညှင်းစိမ်း၊ ဟူစိုင်၊ ကြက်သွန်မြိတ်၊ ဆီချက်တို့ကို ထည့်ပြီ ရောနုယ်ပေးပါ။

၎။ အရသာရှိသော ကြေးအိုးဆီချက်ကို ကြေးအိုးပြုတ်ရည် ပူပူလေးနှင့် တွဲဖက် သုံးဆောင်နိုင်ပါပြီ…


__________________________________________
June 13.2016 | http://www.mymemo.cf/2016/06/post445.html credit : wutyee food house