၂၀၁၆ ခုနှစ်၊ ဂျပန်နိုင်ငံ တက္ကသိုလ်ဝင်ခွင့် စာမေးပွဲအတွက် ဒုတိယအကြိမ် လျှောက်လွှာခေါ်ယူ - MEMORY

Breaking

Friday, July 8, 2016

၂၀၁၆ ခုနှစ်၊ ဂျပန်နိုင်ငံ တက္ကသိုလ်ဝင်ခွင့် စာမေးပွဲအတွက် ဒုတိယအကြိမ် လျှောက်လွှာခေါ်ယူ


နိုင်ငံတကာ ကျောင်းသား၊ ကျောင်းသူများအတွက် ၂၀၁၆ ခုနှစ် ဂျပန်နိုင်ငံ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲကို တစ်နှစ်လျှင် နှစ်ကြိမ်ကျင်းပလျက်ရှိရာ ဒုတိယ အကြိမ်အတွက် လျှောက်လွှာများ ခေါ်ယူမည်ဖြစ်ကြောင်း သိရသည်။

လျှောက်လွှာများကို ရန်ကုန်မြို့တွင် ဇူလိုင်လ ၄ ရက်မှ ၂၉ ရက်အထိ လျှောက်ထားနိုင်မည်ဖြစ်ပြီး မန္တလေးမြို့တွင်လည်း လျှောက်ထားနိုင်မည် ဖြစ်သည်။ ဝင်ခွင့်စာမေးပွဲကို ရန်ကုန်မြို့ရှိ MAJA Office တွင် ဖြေဆိုရမည်ဖြစ်ကြောင်း သိရသည်။

စာမေးပွဲရက်မှာ နိုဝင်ဘာလ ၁၃ ရက်ဖြစ်ပြီး စာမေးပွဲကြေးမှာ ကန်ဒေါ်လာ ၁၅ ဖြစ်သည်။ ဘာသာရပ်များ အနေဖြင့် Japanese as Foreign Language, Science, Japan and the World, Mathematics များကို ရွေးချယ်နိုင်မည်ဖြစ်ပြီး လျှောက်လွှာများကို MAJA ရုံးခန်း၊ အမှတ် ၇၀၇၊ ၇ လွှာ၊ တိုက် စီ၊ ပုလဲကွန်ဒို၊ ကမ္ဘာအေးဘုရားလမ်း၊ ဗဟန်းမြို့နယ်၊ ဖုန်း - ၀၉၈၆၁၂၁၅၁၊ ၀၉၂၆၂၆၀၂၁၂၁ နှင့် HITO Center လမ်း ၈၀ နှင့် ၁၂ လမ်းထောင့်၊ မန္တလေးမြို့၊ ဖုန်း - ၀၂-၃၁၇၆၂ သို့ ဆက်သွယ်မေးမြန်း လျှောက် ထားနိုင်မည် ဖြစ်သည်။

သန္တာ - Internet Journal