ဟင်းသီးဟင်းရွက်ဆီနှင့် သွားတိုက်ဆေးသုံးပြီး ဖုန်းပေါ်က အစင်းရာတွေကို ဖျောက်နည်း - MEMORY

Breaking

Wednesday, May 9, 2018





သွားတိုက်ဆေး

ဟင်းသီးဟင်းရွက်ဆီ


________________________________________



[Unicode]

ဟင်းသီးဟင်းရွက်ဆီနှင့် သွားတိုက်ဆေးသုံးပြီး ဖုန်းပေါ်က အစင်းရာတွေကို ဖျောက်နည်း




ဖုန်း ပေါ်က အစင်းရာတွေကို အမြန်ဆုံးနဲ့ အလွယ်ဆုံး ဖျောက်နိုင်မယ့် နည်းလမ်း တွေ အများကြီး ရှိပါတယ်။ အဒီထဲမှာ အလွယ်ဆုံး နည်းလမ်းတွေကို ဖော်ပြပေးလိုက်ပါတယ်။

သွားတိုက်ဆေး
သွားတိုက်ဆေး အနည်းငယ်ကို ဂွမ်းစနဲ့ယူပြီး အစင်းရာထင်နေတဲ့ မှန်တစ်ဝိုက်မှာ ပွတ်ပေးရမှာပါ။ ပြီးရင် ရေအနည်းငယ်ဆွတ် ထားတဲ့ အဝတ်စလေးနဲ့ သွားတိုက်ဆေးကို ပြောင်အောင်ပြန်ပွတ်ရ မှာပါ။ ဒါဆိုရင် ဖုန်းပေါ်က အစင်းရာတွေ ပျောက်သွားပါလိမ့်မယ်။

ဟင်းသီးဟင်းရွက်ဆီ
ဟင်းသီးဟင်းရွက်ဆီ တစ်စက်၊ နှစ်စက်လောက်ကို ဖုန်းရဲ့အစင်းကြောင်းရှိတဲ့ နေရာမှာ စက်ဝိုင်းပုံ ပွတ်ပေးရမှာ ဖြစ်ပါတယ်။ ပြီးရင် အခြောက်ခံပြီး အဝတ် ခြောက်ခြောက် ဒါမှမဟုတ် တစ်ရှူးနဲ့ပဲ ပွတ်ပေးလိုက်ပါ။

မုန့်ဖုတ်ဆိုဒါ၊ ကလေးပေါင်ဒါ
မုန့်ဖုတ်ဆိုဒါ ဒါမှမဟုတ် ကလေး ပေါင်ဒါ တစ်ခုခုကို ခွက်သေးတစ်ခုထဲမှာ ရေတစ်ဆ၊ ပါဝင်ပစ္စည်းနှစ်ဆ ထည့်ပြီး ပျစ်တဲ့အထိ မွှေပေးရမှာ ဖြစ်ပါတယ်။ ပြီးရင် အဝတ်သန့်သန့်တစ်ခုနဲ့ နည်းနည်းစီတို့ပြီး အစင်းရာရှိတဲ့ ဖုန်းပေါ်မှာ ပွတ်ပေးရမှာ ဖြစ်ပါတယ်။ ပြီးရင်တော့ ရေအနည်းငယ်ဆွတ်ထားတဲ့အစနဲ့ ဖုန်းကိုပြန်ပွတ်ပေးရပါတယ်။
ဒီလို ပြုလုပ်ရာမှာ ဖုန်းကို ပါဝါပိတ်၊ ဘက်ထရီ တွေထုတ်ထားရမှာ ဖြစ်ပါတယ်။

ဒီ နည်းလမ်းတွေကို သုံးပြီး ဖုန်းပေါ်က အစင်းရာတွေကို လွယ်ကူစွာ ဖယ်ရှာပေးနိုင်ပါတယ်။
________________________________________
Credit : Original Writer