အဖေခေါ်ခ …တစ်​ရက်​ ၆၀၀ ကျပ် !!! (သားသမီးတိုင်း ဖတ်ဖြစ်အောင်ဖတ်ပါ) - MEMORY

Breaking

Friday, May 11, 2018









သူသိတာက..


ဒါပဲ….သူ သိတော့တယ် !















ဘာလား​ပေါ့ ?….ညာလား​ပေါ့ ?














Credit “အတိတ်ခေတ်”



[Unicode]

အဖေခေါ်ခ …တစ်ရက် ၆၀၀ ကျပ် !!! (သားသမီးတိုင်း ဖတ်ဖြစ်အောင်ဖတ်ပါ)



ရပ်ကွက်တစ်ခုမှာ..ကိုထွန်းနဲ့မကြည်ပြာ ဆိုတဲ့လင်မယား သားသမီးသုံးယောက်မွေးဖွားထားတယ်ပေါ့ !

ကိုထွန်းဟာ အရက်ကျွန်ဖြစ်သွားပြီ !

အရက်ကလွဲလို့..သူ့ဘဝမှာ ဘာမှမရှိ !

မကြည်ပြာကိုလည်း သူဂရုမစိုက်တော့ !

သားသမီးသုံးယောက်ကိုလည်း..စိတ်မဝင်စားတော့ !

သူသိတာက..

မကြည်ပြာဆီကရမဲ့ ..အရက်ဖိုး မနက် ၂၀၀၊ နေ့လည် ၂၀၀ နဲ့ ညနေ ၂၀၀၊

ဒါပဲ….သူ သိတော့တယ် !

မကြည်ပြာကတော့..ခေါင်းရွက်ဗျတ်ထိုးဈေးသည်ဘဝနဲ့

မိသားစုကိုဦးဆောင်ပြီး ကလေးတွေ စားစရိတ် ကျောင်းစားရိတ် အပြင်..

ကိုထွန်းအတွက်အရက်ဖိုးကိုပါ

နေ့စဉ် ပင်ပန်းကြီးစွာရှာဖွေနေရတယ် !

ဒါကို..မကြည်ပြာရဲ့ အစ်မတွေ အဒေါ်တွေက မကျေနပ်ကြတော့ဘူး !

ဒါနဲ့..မကြည်ပြာကို ခေါ်ဆူကြတယ် !

ညည်း ဒီလောက် ယောက်ျားရှားနေလား !

ညည်း ဒီလောက် ယောက်ျားအပေါ်ချစ်နေတာလား !

ညည်း ဒီလောက် အရှက်မဲ့နေရလား !

ဆွေမျိုးတွေပါ..သိက္ခာကျရတယ် !

သူရှိနေလည်း…ကိုယ့်ဟာကိုယ် လုပ်စားနေရတယ် !

သူမရှိတော့ရင်လည်း..ကိုယ့်ဟာကိုယ်လုပ်စားရမှာပဲလေ !

ဘာလို့…ဒီလောက်သုံးမရတဲ့ အရက်သမားကို အရက်ဖိုးပေး ရှာကျွေးပြီး သူနှိပ်စက်တာ ခံနေရတာလည်း ?

ညည်း..သူနဲ့ မကွာသေးဘူးလား ?

ဘာလားပေါ့ ?….ညာလားပေါ့ ?

မကြည်ပြာက..အဒေါ်တွေ ၊ အစ်မတွေပြောသမျှကို အေးဆေးစွာနားထောင်နေလိုက်တယ်…..ပြီးမှ…!

အဒေါ်တို့အစ်မတို့ပြောတာ မှန်ပေမယ့်ကိုထွန်းကို…ကျွန်မ မကွဲနိုင်ပါဘူး !

ယောက်ျားရှားလို ..သူ့ကို ချစ်လွန်းလို့ကျွန်မ ဒုက္ခတွေခံပြီး…သူနဲ့ပေါင်းနေတာ..မဟုတ်ပါဘူး !

ကျွန်မမွေးထားတဲ့ ကလေးသုံးယောက်မှာ…သူများတွေနဲ့တန်းတူ အဖေ လို့ခေါ်ခွင့်ရဖို့!

သူများကလေးတွေနဲ့တန်းတူ..အဖေလို့ခေါ်လိုက်ရင်”ဟေ”လို့ ပြန်ထူးပေးဖို့!

သူ့ကို ကျွန်မသားသမီးလေးတွေအတွက်အဖေခေါ်ခ…ပေးနေတာပါ !

ကျွန်မအရွယ်ရှိသေးတာ..နောက်အိမ်ထောင်ပြုလို့ရနိုင်တာက မှန်ပေမယ့်

ကျွန်မကလေးတွေအတွက် ..ပထွေးကို “အဖေ” လို့ အခေါ်မခံနိုင်ပါဘူး !

ကိုထွန်းကိုပေးနေတာ..အရက်ဖိုးမဟုတ်ပါဘူး !

ကျွန်မ…သားလေးတွေ သမီးလေးတွေအတွက်…အဖေခေါ်ခ ပေးနေတာပါ !

အဒေါ်တွေအစ်မတွေမှာ..ခေါင်းငိုက်စိုက် ကျသွားပါတော့တယ် !

မကြည်ပြာ..မှန်လား / မှားလား !!

(ကျေးဇူးပြု ပြီး..စာဖတ်သူရဲ့ သဘောထားအမြင်လေး ရေးပေးခဲ့ပါ။ လွတ်လပ်စွာ အမြင်ကွဲပြားခွင့်ရှိပါတယ် !!)

Credit “အတိတ်ခေတ်”