အလီဘာဘာ ျမန္မာႏိုင္ငံ စဝင္ - MEMORY

Breaking

Thursday, May 10, 2018

အလီဘာဘာ ျမန္မာႏိုင္ငံ စဝင္




ကမၻာေက်ာ္ အြန္လိုင္းေရာင္းဝယ္ေရး (Online Shopping) ကုမၸဏီတစ္ခုျဖစ္ေသာ အလီဘာဘာ (Alibaba) မွာ ျမန္မာႏိုင္ငံကို စတင္ဝင္ေရာက္လာၿပီျဖစ္သည္။

တ႐ုတ္ႏိုင္ငံ၏ အခ်မ္းသာဆံုး ပုဂၢိဳလ္တစ္ဦးျဖစ္သည့္ ဂ်က္မား (Jack Ma) ဦးေဆာင္သည့္ အလီဘာဘာမွာ တ႐ုတ္ႏိုင္ငံမွ ကုမၸဏီတစ္ခုျဖစ္ေသာ္လည္း ကမၻာေက်ာ္ အြန္လိုင္းေရာင္းဝယ္ေရး ကုမၸဏီႀကီးျဖစ္သည္။

ယင္းကုမၸဏီက ျမန္မာႏိုင္ငံ အြန္လိုင္းေရာင္းဝယ္ေရး လုပ္ငန္းမ်ားတြင္ လူသိမ်ား ထင္ရွားေသာ shop.com.mm အမွတ္တံဆိပ္ျဖင့္ ဝယ္ယူလိုက္ျခင္းျဖစ္ေၾကာင္း shop.com.mm ကို ပိုင္ဆိုင္သည့္ Daraz Group က တရားဝင္ ထုတ္ျပန္ေၾကညာလိုက္သည္။

Daraz Group သည္ Alibaba ၏ ဦးေဆာင္မႈ၊ နည္းပညာ၊ အြန္လိုင္းကူးသန္းေရာင္းဝယ္ေရး၊ ေငြေပးေခ်မႈစနစ္ႏွင့္အတူ shop.com.mm အမွတ္တံဆိပ္ျဖင့္ပင္ လူဦးေရသန္း ၄၆၀ ေက်ာ္ရွိသည့္ ေတာင္အာရွေဈးကြက္ထဲသို႔ ပိုမိုထိုးေဖာက ္ဝင္ေရာက္ႏိုင္ေတာ့မည္ျဖစ္ေၾကာင္း ယင္း Group ထံမွ သိရသည္။

Daraz Group ကို ၂၀၁၂ ခုႏွစ္က e-commerce ecosystem ျဖင့္ စတင္တည္ေထာင္ခဲ့ၿပီး ေရာင္းခ်သူ ၃၀၀၀၀၊ ကုန္ပစၥည္း အမွတ္တံဆိပ္ ၅၀၀၊ ေဈးဝယ္သူငါးသန္းခန္႔ကို ဝန္ေဆာင္မႈ ေပးလ်က္ရွိၿပီး ပစၥည္းအမ်ိဳးအစားေပါင္း ၂ သန္းခန္႔ ရရွိႏိုင္ေၾကာင္း Daraz Group ထံမွ သိရသည္။

Source : The Voice



[Unicode]

အလီဘာဘာ မြန်မာနိုင်ငံ စဝင်



ကမ္ဘာကျော် အွန်လိုင်းရောင်းဝယ်ရေး (Online Shopping) ကုမ္ပဏီတစ်ခုဖြစ်သော အလီဘာဘာ (Alibaba) မှာ မြန်မာနိုင်ငံကို စတင်ဝင်ရောက်လာပြီဖြစ်သည်။

တရုတ်နိုင်ငံ၏ အချမ်းသာဆုံး ပုဂ္ဂိုလ်တစ်ဦးဖြစ်သည့် ဂျက်မား (Jack Ma) ဦးဆောင်သည့် အလီဘာဘာမှာ တရုတ်နိုင်ငံမှ ကုမ္ပဏီတစ်ခုဖြစ်သော်လည်း ကမ္ဘာကျော် အွန်လိုင်းရောင်းဝယ်ရေး ကုမ္ပဏီကြီးဖြစ်သည်။

ယင်းကုမ္ပဏီက မြန်မာနိုင်ငံ အွန်လိုင်းရောင်းဝယ်ရေး လုပ်ငန်းများတွင် လူသိများ ထင်ရှားသော shop.com.mm အမှတ်တံဆိပ်ဖြင့် ဝယ်ယူလိုက်ခြင်းဖြစ်ကြောင်း shop.com.mm ကို ပိုင်ဆိုင်သည့် Daraz Group က တရားဝင် ထုတ်ပြန်ကြေညာလိုက်သည်။

Daraz Group သည် Alibaba ၏ ဦးဆောင်မှု၊ နည်းပညာ၊ အွန်လိုင်းကူးသန်းရောင်းဝယ်ရေး၊ ငွေပေးချေမှုစနစ်နှင့်အတူ shop.com.mm အမှတ်တံဆိပ်ဖြင့်ပင် လူဦးရေသန်း ၄၆၀ ကျော်ရှိသည့် တောင်အာရှဈေးကွက်ထဲသို့ ပိုမိုထိုးဖောက ်ဝင်ရောက်နိုင်တော့မည်ဖြစ်ကြောင်း ယင်း Group ထံမှ သိရသည်။

Daraz Group ကို ၂၀၁၂ ခုနှစ်က e-commerce ecosystem ဖြင့် စတင်တည်ထောင်ခဲ့ပြီး ရောင်းချသူ ၃၀၀၀၀၊ ကုန်ပစ္စည်း အမှတ်တံဆိပ် ၅၀၀၊ ဈေးဝယ်သူငါးသန်းခန့်ကို ဝန်ဆောင်မှု ပေးလျက်ရှိပြီး ပစ္စည်းအမျိုးအစားပေါင်း ၂ သန်းခန့် ရရှိနိုင်ကြောင်း Daraz Group ထံမှ သိရသည်။

Source : The Voice