အိမ္မွာ အလြယ္တကူျပဳလုပ္ႏိုင္တဲ့ သရက္သီးယို - MEMORY

Breaking

Thursday, May 10, 2018

အိမ္မွာ အလြယ္တကူျပဳလုပ္ႏိုင္တဲ့ သရက္သီးယို



ခုလို သရက္သီးေပါခ်ိန္မွာ သရက္သီးကို အသီးခ်ည္းပဲ ဒီတိုင္းစားရတာ ႐ိုးေနၿပီဆိုရင္ေတာ့ သရက္သီး ရွားပါး သြားတဲ့အခ်ိန္မွာပါ စားလို႔ရတဲ့ ျပဳလုပ္ရလြယ္ကူၿပီး အရသာရွိလွတဲ့ သရက္သီးယိုျပဳလုပ္နည္းေလးကို ဧရာဝတီ စာဖတ္ ပရိသတ္ေတြအတြက္ ျပန္လည္ မွ်ေဝေပးလိုက္ပါတယ္။

သရက္သီးယိုျပဳလုပ္ဖို႔ လိုအပ္တဲ့ ပါဝင္ပစၥည္းေတြကေတာ့ -
  • ႀကိဳက္ႏွစ္သက္ရာ သရက္သီးအစိမ္း ၅ လုံး၊ 
  • သၾကား ၂၅ က်ပ္သား၊ 
  • ကြမ္းစားထုံး ထမင္းစားဇြန္း ၁ ဇြန္းနဲ႔ 
  • ဆား လက္ဖက္ရည္ဇြန္း တဝက္ 
တို႔ပဲ ျဖစ္ပါတယ္။
ျပဳလုပ္နည္း

သရက္သီးကို အခြံခြာၿပီး မိမိႀကိဳက္ႏွစ္သက္သလို မထူမပါး လွီးထားပါ။ လွီးၿပီးသား သရက္သီးေတြကို နာရီဝက္ ေလာက္ ေရစိမ္ထားၿပီး ေရကိုသြန္ပစ္ေပးပါ။ နာရီဝက္တခါေလာက္ ေရစိမ္လိုက္သြန္လိုက္ကို ႏွစ္ခါေလာက္ ျပဳလုပ္ေပးပါ။ ၿပီးရင္ ေတာ့ ကြမ္းစားထုံးကို ေရခပ္မ်ားမ်ားနဲ႔ေဖ်ာ္ၿပီး ထုံးေရၾကည္ရတဲ့အထိ အၾကည္ထိုင္ထားပါ။ ထုံးေရၾကည္ၿပီဆိုရင္ လွီး ထားတဲ့ သရက္သီးေတြေပၚကို ထုံးေရၾကည္ျမဳပ္တဲ့အထိ ထည့္ၿပီး အနည္းဆုံး ၈ နာရီခန႔္ထားၿပီးစိမ္ေပးပါ။ စိမ္ၿပီးၿပီဆိုရင္ သရက္သီးေတြကို ဇကာနဲ႔စစ္ထားေပးဖို႔ လိုပါတယ္။

သရက္သီးယို စထိုးဖို႔အတြက္ ပထမဦးဆုံးအေနနဲ႔ အိုးထဲကိုသရက္သီးထည့္ အေပၚက ဆားျဖဴးၿပီး မီးဖိုေပၚ တင္ပါမယ္။ မီးအရွိန္အရမ္းမျပင္းေစဖို႔ သတိထားဖို႔လိုၿပီး မီးေအးေအးနဲ႔ပဲ ထားပါမယ္။ ဆားျဖဴးထားတဲ့ သရက္သီးေပၚကို သၾကား ၁၀ က်ပ္သားေလာက္ကို အရင္ထည့္ၿပီး ျဖည္းျဖည္းခ်င္း အထက္ေအာက္ေမႊေပးပါမယ္။ သရက္သီးထဲက အရည္ေတြ ကုန္ခါနီး ေလာက္က်မွ ေနာက္ထပ္က်န္တဲ့ သၾကားေတြကို ထပ္ထည့္ၿပီး ျဖည္းျဖည္းခ်င္းေမႊေပးရာကေန သရက္သီး ထဲက အရည္ေတြကုန္ၿပီး ေျခာက္သြားၿပီဆိုရင္ေတာ့ သရက္သီးယို ရပါၿပီ။ ရလာတဲ့ သရက္သီးယိုကို အေအးခံကာ ပုလင္း တလုံးထဲထည့္၊ အဖုံးလုံေအာင္ပိတ္ထားၿပီး ေရခဲေသတၱာထဲ ထည့္ထားေပးမယ္ဆိုရင္ေတာ့ ၾကာရွည္ခံၿပီး အခ်ိန္မေ႐ြး စား လို႔ရတဲ့ သရက္သီးယိုကို ရရွိမွာပဲ ျဖစ္ပါတယ္။
--------------------------------------------------------------------
Ref: www.naturespath.com/easy |  Credit: ဟယ္သင္ | ဧရာ၀တီ



[Unicode]

အိမ်မှာ အလွယ်တကူပြုလုပ်နိုင်တဲ့ သရက်သီးယို



ခုလို သရက်သီးပေါချိန်မှာ သရက်သီးကို အသီးချည်းပဲ ဒီတိုင်းစားရတာ ရိုးနေပြီဆိုရင်တော့ သရက်သီး ရှားပါး သွားတဲ့အချိန်မှာပါ စားလို့ရတဲ့ ပြုလုပ်ရလွယ်ကူပြီး အရသာရှိလှတဲ့ သရက်သီးယိုပြုလုပ်နည်းလေးကို ဧရာဝတီ စာဖတ် ပရိသတ်တွေအတွက် ပြန်လည် မျှဝေပေးလိုက်ပါတယ်။

သရက်သီးယိုပြုလုပ်ဖို့ လိုအပ်တဲ့ ပါဝင်ပစ္စည်းတွေကတော့ -
  • ကြိုက်နှစ်သက်ရာ သရက်သီးအစိမ်း ၅ လုံး၊
  • သကြား ၂၅ ကျပ်သား၊
  • ကွမ်းစားထုံး ထမင်းစားဇွန်း ၁ ဇွန်းနဲ့
  • ဆား လက်ဖက်ရည်ဇွန်း တဝက်
တို့ပဲ ဖြစ်ပါတယ်။

ပြုလုပ်နည်း

သရက်သီးကို အခွံခွာပြီး မိမိကြိုက်နှစ်သက်သလို မထူမပါး လှီးထားပါ။ လှီးပြီးသား သရက်သီးတွေကို နာရီဝက် လောက် ရေစိမ်ထားပြီး ရေကိုသွန်ပစ်ပေးပါ။ နာရီဝက်တခါလောက် ရေစိမ်လိုက်သွန်လိုက်ကို နှစ်ခါလောက် ပြုလုပ်ပေးပါ။ ပြီးရင် တော့ ကွမ်းစားထုံးကို ရေခပ်များများနဲ့ဖျော်ပြီး ထုံးရေကြည်ရတဲ့အထိ အကြည်ထိုင်ထားပါ။ ထုံးရေကြည်ပြီဆိုရင် လှီး ထားတဲ့ သရက်သီးတွေပေါ်ကို ထုံးရေကြည်မြုပ်တဲ့အထိ ထည့်ပြီး အနည်းဆုံး ၈ နာရီခန့်ထားပြီးစိမ်ပေးပါ။ စိမ်ပြီးပြီဆိုရင် သရက်သီးတွေကို ဇကာနဲ့စစ်ထားပေးဖို့ လိုပါတယ်။

သရက်သီးယို စထိုးဖို့အတွက် ပထမဦးဆုံးအနေနဲ့ အိုးထဲကိုသရက်သီးထည့် အပေါ်က ဆားဖြူးပြီး မီးဖိုပေါ် တင်ပါမယ်။ မီးအရှိန်အရမ်းမပြင်းစေဖို့ သတိထားဖို့လိုပြီး မီးအေးအေးနဲ့ပဲ ထားပါမယ်။ ဆားဖြူးထားတဲ့ သရက်သီးပေါ်ကို သကြား ၁၀ ကျပ်သားလောက်ကို အရင်ထည့်ပြီး ဖြည်းဖြည်းချင်း အထက်အောက်မွှေပေးပါမယ်။ သရက်သီးထဲက အရည်တွေ ကုန်ခါနီး လောက်ကျမှ နောက်ထပ်ကျန်တဲ့ သကြားတွေကို ထပ်ထည့်ပြီး ဖြည်းဖြည်းချင်းမွှေပေးရာကနေ သရက်သီး ထဲက အရည်တွေကုန်ပြီး ခြောက်သွားပြီဆိုရင်တော့ သရက်သီးယို ရပါပြီ။ ရလာတဲ့ သရက်သီးယိုကို အအေးခံကာ ပုလင်း တလုံးထဲထည့်၊ အဖုံးလုံအောင်ပိတ်ထားပြီး ရေခဲသေတ္တာထဲ ထည့်ထားပေးမယ်ဆိုရင်တော့ ကြာရှည်ခံပြီး အချိန်မရွေး စား လို့ရတဲ့ သရက်သီးယိုကို ရရှိမှာပဲ ဖြစ်ပါတယ်။
--------------------------------------------------------------------
Ref: www.naturespath.com/easy | Credit: ဟယ်သင် | ဧရာ၀တီ