ဖေ့စ်ဘုတ် ကနေ ဒီဂျစ်တယ်ငွေကြေးဝန်ဆောင်မှုကို အသုံးပြုနိုင်တော့မည် - MEMORY

Breaking

Thursday, July 18, 2019

ဖေ့စ်ဘုတ် ကနေ ဒီဂျစ်တယ်ငွေကြေးဝန်ဆောင်မှုကို အသုံးပြုနိုင်တော့မည်



ယနေ့ခေတ်မှာ ဆိုရှယ်မီဒီယာကို လူတိုင်းနီပါး သုံးစွဲနေကြပြီး ဖေ့စ်ဘုတ်ကတော့ ကမ္ဘာ့ပေါ်မှာ အကြီးဆုံး ဆိုရှယ်မီဒီယာ တစ်ခုဖြစ်ပါတယ်။ ဖေ့စ်ဘုတ်ဟာ လူတွေအကြိုက် တစ်မျိုးပြီး တစ်မျိုး ဆန်းသစ်စေခဲ့ပြီး ယခုအခါမှာ ငွေကြေးဆိုင်ရာ ဝန်ဆောင်မှု အသစ်တွေကို ဖေ့စ်ဘုတ်မှ အလွယ်တကူ ပြုလုပ်နိုင်အောင် လုပ်ဆောင်နေပါပြီ။

ကမ္ဘာ့အကြီးဆုံး ဆိုရှယ်မီဒီယာ ဖေ့စ်ဘုတ်ဟာ Libra လို့ အမည်ရှိတဲ့ ဒီဂျစ်တယ်ငွေကြေးဝန်ဆောင်မှု အသစ်ကို လာမည့်နှစ် ၂၀၂၀ မှာ စပြီး လုပ်ဆောင်သွားတော့မယ်လို့ သိရပါတယ်။ အဆိုပါ ဒီဂျစ်တယ်ငွေကြေး ဝန်ဆောင်မှုဟာ ဖေ့စ်ဘုတ် အသုံးပြုသူတွေအနေနဲ့ ဖေ့စ်ဘုတ် အက်ပလီကေးရှင်းကတဆင့် တစ်ယောက်နှင့် တစ်ယောက် ငွေပေးချေမှုတွေ ပြုလုပ်နိုင်တော့မှာ ဖြစ်ပါတယ်။

ဒီ Libra ဝန်ဆောင်မှုမှာ ကိုယ်ရဲ့ငွေကြေး ကိစ္စတွေကို အလွယ်တကူ လွပ်လပ်စွာ စီမံခန့်ခွဲနိုင်မှာဖြစ်ပြီး မက်ဆေ့ဂျာ မှာစာရိုက်သလို လွယ်ကူအဆင်ပြေစေမယ် လို့ ဖေ့စ်ဘုတ်က ဆိုပါတယ်။ ဒါပေမယ့် ဒီဝန်ဆောင်မှုကို အသုံးပြုသူတွေ အနေနဲ့ လွယ်ကူချောမွေ့သွားစေမယ် ဆိုပေမယ့် ပြည်သူတွေရဲ့ ငွေကြေးနဲ့ အချက်အလက်တွေကို ဘယ်လိုအကာအကွယ်ပေးမလဲဆိုတဲ့ စိုးရိမ်စရာတွေ ရှိပါတယ်။

အဆိုပါ ဝန်ဆောင်မှုမှာ Uber နဲ့ Visa တို့လို ကုမ္ပဏီတွေကိုလည်း ဝန်ဆောင်မှုအသစ်တွေ ပြုလုပ်ပေးသွားဖို့ ရှိတယ်လို့ ဖေ့စ်ဘုတ်က ထုတ်ပြန်ထားပါတယ်