ရုပ်ရည်လှပခြင်းထက် ဟာသဉာဏ်ရှိခြင်းက ပိုဆွဲဆောင်မှုရှိကြောင်း သက်သေ (၇)ချက် - MEMORY

Breaking

Thursday, July 18, 2019

ရုပ်ရည်လှပခြင်းထက် ဟာသဉာဏ်ရှိခြင်းက ပိုဆွဲဆောင်မှုရှိကြောင်း သက်သေ (၇)ချက်



ယောကျာ်းလေးပဲဖြစ်ဖြစ်၊ မိန်းကလေးပဲဖြစ်ဖြစ် ဟာသဉာဏ် ရှိရင် ဆွဲဆောင်မှုပိုရှိတယ်ဆိုတာ လူတိုင်းလက်ခံကြတဲ့အချက်ပါ။ ဒါပေမယ့် ဘာကြောင့်လက်ခံရသလဲဆိုတဲ့ အကြောင်းပြချက်လေးတွေကိုတော့ မသိကြပါဘူး။ ဒီတော့ ဟာသဉာဏ်ကောင်းတာကို ဆွဲဆောင်မှုရှိတယ်လို့ သတ်မှတ်ရခြင်းအကြောင်းရင်းတွေကိုဖော်ပြပေးလိုက်ပါတယ်။

(၁) ဘယ်လိုလူမျိုးနဲ့မဆိုသူငယ်ချင်းဖြစ်နိုင်တယ်
ဟာသဉာဏ်ကောင်းတဲ့သူတွေဟာ ကိုယ်နဲ့ ပုံစံမတူ၊ အကျင့်စရိုက် မတူတဲ့သူတွေနဲ့လည်း အဆင်ပြေအောင်ပေါင်းသင်းဆက်ဆံနိုင်ပါတယ်။ type မတူလို့ အဆင်မပြေဘူးဆိုတာမျိုးမရှိဘူး၊ ဘယ်လိုလူမျိုးနဲ့ပဲဖြစ်ဖြစ် ပျော်စရာကောင်းတဲ့ဆက်ဆံရေးမျိုးဖြစ်အောင် ဖန်တီးနိုင်တဲ့သူတွေပါ။

(၂) ကောင်းတဲ့ဘက်ကို ပိုမြင်တတ်တယ်
အရာရာတိုင်းမှာ ကောင်းတဲ့အချက်နဲ့ ဆိုးတဲ့အချက်၊ အားသာချက်၊ အားနည်းချက်ဆိုပြီး ရှိပါတယ်။ ဟာသဉာဏ်ကောင်းတဲ့သူတွေကတော့ ကောင်းတဲ့ဘက်၊ အားသာချက်ကို ပိုမြင်နိုင်ကြပါတယ်။

(၃) ရုပ်ရည်ကခဏတာပဲဖြစ်ပေမယ့် ဟာသဉာဏ်ကတော့အမြဲရှိနေမယ့်အရာ
စစ်တမ်းတွေအရ ရုပ်ရှည်ချောမောခြင်းထက် ဟာသဉာဏ်ကောင်းခြင်းက ပိုပြီးဆွဲဆောင်မှုရှိတယ်လို့ သိခဲ့ကြတာပါ။ ရုပ်ရည်လှပတာက တဖြည်းဖြည်းလျော့လာနိုင်ပေမယ့် ဟာသဉာဏ်က တော့ လျော့မသွားနိုင်ပါဘူး။

(၄) ပျော်စရာပတ်ဝန်းကျင်ကိုဖန်တီးနိုင်တယ်
ဟာသဉာဏ်ရှိတဲ့သူတွေဟာ ဘယ်တော့မှ ပြဿနာကို ဖန်တီးသူတွေမဟုတ်ကြပါဘူး။ သူတို့က ဘယ်သူနဲ့ပဲရှိရှိ စိတ်ချမ်းသာစရာအခြေအနေမျိုးကိုပဲ လိုချင်တဲ့သူ၊ ဘယ်သူ့ကြောင့်မှ စိတ်မညစ်ချင်သလို၊ သူတို့ကြောင့် တစ်ယောက်ယောက်စိတ်ညစ်သွားမှာကိုလည်း မလိုလားတဲ့သူတွေဖြစ်ကြတာကြောင့် သူတို့ရှိနေတဲ့ ပတ်ဝန်းကျင်ကို ပျော်စရာကောင်းအောင်ဖန်တီးဖို့ပဲ ကြိုးစားတတ်ကြပါတယ်။

(၅) လူတိုင်းကိုပိုကောင်းတဲ့လူတစ်ယောက်ဖြစ်အောင်လုပ်ပေးနိုင်တယ်

ပိုကောင်းတဲ့လူတစ်ယောက်ဖြစ်အောင် လုပ်ပေးနိုင်တယ်ဆိုတာက ဆိုးသွမ်းနေတဲ့လူတစ်ယောက်ကို ပြုပြင်ရေးစခန်းပို့လိုက်သလိုမျိုး လိမ္မာသွားအောင် ဆုံးမနိုင်တာမျိုးကိုပြောတာမဟုတ်ပါဘူး။ စိတ်ညစ်နေတဲ့သူကို ကောင်းကောင်းအားပေးပြီး စိတ်သက်သာရာရအောင်၊ ဝမ်းနည်းနေတဲ့သူကို နေသာသွားအောင်၊ ပျင်းနေတဲ့သူကိုပျော်အောင်၊ သူများကို အပြစ်တင်နေတတ်တဲ့သူကို သူများဘက်ကတွေးပေးတတ်လာအောင် လုပ်ပေးနိုင်တာမျိုးကိုပြောတာပါ။

(၆) ကိုယ့်ကိုယ်ကိုလည်း အားပေးတတ်တယ်
ဟာသဉာဏ်ကောင်းတဲ့သူတွေက သူများတွေ စိတ်ညစ်စရာနဲ့ကြုံနေရင် တတ်နိုင်သလောက် ကူညီဖြေရှင်းပေးတတ်ပြီး ကိုယ်တိုင်စိတ်ညစ်စရာတွေဖြစ်နေရင်လည်း ပြေလည်အောင် ဘယ်လိုဖြေရှင်းမလဲစဉ်းစားတယ်၊ အဆင်မပြေတဲ့အခြေအနေမှာ ပြိုလဲခံစားမနေဘဲ ကိုယ့်ကိုယ်ကို အားပေးတယ်၊ ပြန်လည်ထူထောင်နိုင်တယ်။

(၇) ပျင်းရိငြီးငွေ့စရာမကောင်းဘူး
အသေချာဆုံးအချက်တစ်ခုကတော့ ဟာသဉာဏ်ကောင်းတဲ့သူတစ်ယောက် အနားမှာနေရတာ ဘယ်တော့မှ ပျင်းရိငြီးငွေ့စရာကောင်းမှာမဟုတ်ပါဘူး။

Credit : Aunty may