မိန်းကလေးတွေ တကယ့်ချစ်မိသွားတဲ့အခါ ဖြစ်ပေါ်လာတတ်တဲ့ ခံစားချက်လေးတွေ - MEMORY

Breaking

Tuesday, December 3, 2019

မိန်းကလေးတွေ တကယ့်ချစ်မိသွားတဲ့အခါ ဖြစ်ပေါ်လာတတ်တဲ့ ခံစားချက်လေးတွေ




မိန်းကလေးတွေရဲ့ စိတ်ခံစားမှုက နူးညံတယ်၊ ထိခိုက်လွယ်တယ် ဒါပေမယ့်လို့ ခိုင်မာတဲ့ စိတ်ဓာတ်တွေရှိတယ်၊ အပြောင်းအလဲမမြန်တတ်ဘူး။ တစ်စုံတစ်ယောက်ကို ချစ်မိသွားတဲ့အခါမှာ မိန်းကလေးတွေရဲ့ စိတ်နေစိတ်ထားတွေ၊ ကိုယ့်ချစ်တဲ့သူအပေါ်ထားတဲ့ ခံယူချက်လေးတွေက ဒီလိုရှိကြပါတယ်။

အားလုံးစုံ ယုံကြည်တတ်တယ်

တစ်စုံတစ်ယောက်ကို ချစ်မိသွားတဲ့အခါမှာ အဲဒီ့လူအပေါ် ယုံကြည်မှုဆိုတဲ့အရာကို အပ်နှင်းလိုက်တတ်ကြပါတယ်။ ကိုယ်ချစ်တဲ့လူအပေါ် အရာရာကို ယုံကြည်ပေးချင်စိတ်ရှိပြီး ကိုယ့်ချစ်သူရဲ့ စကားတစ်ခွန်းကို ပိုယုံကြည်တတ်ကြသူတွေပါ။ ဒါပေမယ့်လို့ ယုံကြည်မှုကိုသာ အလွဲသုံးစားလုပ်ခဲ့မယ်ဆိုရင်လည်း ရက်စက်ဖို့ဝန်မလေးတတ်ကြတဲ့ သူတွေဖြစ်ကြပါတယ်။ သူတို့တွေဟာ စိတ်ထားနူးညံသလို ရက်လည်းရက်စက်တတ်ကြပါသေးတယ်။

ဂရုစိုက်တတ်တယ်

မိန်းကလေးတွေဟာ တကယ်ချစ်မိတဲ့သူတွေကို အရမ်းကို ဂရုစိုက် ကြင်နာတတ်ကြပါတယ်။ သူတို့ရဲ့ ချစ်သူကို အမြဲတမ်းစိုးရိမ်စိတ်ပူနေတတ်ကြပြီး အရာရာကို ဂရုစိုက်ပေးတတ်ကြပါတယ်။ ဒီလိုမျိုး တစ်စုံတစ်ယောက်အပေါ် အရမ်းတွေ ဂရုစိုက်နေမှုဟာ သူတို့ရဲ့ အချစ်တွေကို ဖွင့်ဟဖို့မလိုအောင် သက်သေပြနေပါတယ်။

အရာရာကို ဝေမျှခံစားပေးတတ်တယ်

မိန်းကလေးတွေဟာ သူတို့ချစ်တဲ့သူတွေရဲ့ ကိစ္စတွေကို အေးအတူပူအမျှ ဝေမျှခံစားပေးတတ်ကြတဲ့ သူတွေဖြစ်ကြပါတယ်။ စိတ်ညစ်စရာတွေရှိရင် အားပေးနှစ်သိမ့်ပေးရင်း၊ ပျော်စရာရှိရင် ထပ်တူပျော်ရွှင်ရင်း အရာရာကို ဝေမျှခံစားပေးတတ်ကြပါတယ်။ ဒါဟာ သူတို့သိပ်ချစ်တဲ့ သူတွေအတွက်ပဲ ပြုလုပ်တတ်တဲ့ အပြုအမူလေးတွေပါ။

အချိန်အကြာကြီးထိ စောင့်မျှော်နေတတ်တယ်

ဒါကတော့ သူတို့ရဲ့ ချစ်တဲ့သူနဲ့ ဝေးနေရလို့ပဲဖြစ်ဖြစ် ဒါမှမဟုတ် ဝေးကွာသွားခဲ့သည့်တိုင်အောင် အချိန်အကြာကြီး သစ္စာရှိစွာနဲ့ အဲတစ်ယောက်ကို စောင့်မျှော်နေတတ်ကြပါတယ်။ ဒါဟာ သူတို့ရဲ့ အချစ်ကြီးတတ်တဲ့ စိတ်အရင်းခံဖြစ်ပြီး တကယ့်ကို ချစ်တတ်တဲ့ အသည်းနှလုံးပိုင်ရှင်တွေ ဖြစ်ကြပါတယ်။
----------------------
Khin (anty may)