ယောက်ျားတစ်ယောက်နှင့် အတူနေပြီးတိုင်း အမျိုးသမီးများ ပြုလုပ်သင့်သော အချက် ၈ ချက် - MEMORY

Breaking

Wednesday, April 15, 2020

ယောက်ျားတစ်ယောက်နှင့် အတူနေပြီးတိုင်း အမျိုးသမီးများ ပြုလုပ်သင့်သော အချက် ၈ ချက်



အမျိုးသမီး အများစုဟာ ချစ်တင်းနှောပြီးချိန်မှာ ဆောင်ရန်၊ရှောင်ရန် ကိစ္စရပ်တွေကို သေချာဂရုစိုက်လေ့ မရှိကြပါဘူး။ ဒီလို လိင်ဆက်ဆံမှုကနေ မမြင်နိုင်သော ပိုးမွှားကူးစက်မှုတွေ များစွာဖြစ်နိုင်ပြီး မိန်းမကိုယ် ကျန်းမာရေးနှင့် သန့်ရှင်းမှုပိုင်းမှာ အနှောင့်အယှက် များစွာပြုနိင်ပါတယ်။ ဒါ့ကြောင့် လိင်ဆက်ဆံပြီးချိန်တိုင်းမှာ အမျိုးသမီးများ မိန်းမကိုယ်ကျန်းမာရေးအတွက် ပြုလုပ်သင့်တဲ့ အချက် ၈ချက်ကို ဖော်ပြပေးလိုက်ပါတယ်။

၁။ အပေါ့သွားပါ
ပထမဦးဆုံးအချက်အနေဖြင့် မိမိလက်တွဲဖော်နှင့် အတူနေပြီးတိုင်း အပေါ့သွားဖို့ လိုပါတယ်။ ချစ်တင်းနှောနေစဉ်အတွင်းမှာ များစွာသော ဘက်တီးရီးယားပိုးမွှားတွေ များစွာဟာ မိန်းမကိုယ်တွင်းမှာ များစွာဖြစ်ပေါ်နေနိုင်ပါတယ်။ ဒ့ါကြောင့် ဘက်တီးရီးယားဝင်ရောက်မှု နည်းသွားစေရန် လိင်ဆက်ဆံပြီးတာနဲ့ အလွန်ဆုံး ၁နာရီအတွင်း အပေါ့သွားပေးဖို့ လိုအပ်ပါတယ်။

၂။ ရေပူကန်ထဲ ရေစိမ်ချိုးခြင်းကို ရှောင်ကြည်ပါ
ဒီလို အတူနေပြီးတိုင်း ရေချိုးတာက ကောင်းမွန်သော်လည်း ရေပူကန်ထဲမှာ စိမ်ပြီးချိုးခြင်းကိုတော့ ရှောင်ကြဉ်သင့်ပါတယ်။ ဒီလိုရေချိုးခြင်းက ပိုးမွှားကူးစက်ဖို့ အခွင့်အရေး ပိုများနိုင်ပြီး အမျိုးသမီးအင်္ဂါကိုလည်း အနည်းငယ် ကျယ်စေနိုင်ပါတယ်။

၃။ ရေများများသောက်လိုက်ပါ
လိင်ဆက်ဆံခြင်းဟာလည်း ပြင်းထန်တဲ့ လေ့ကျင့်ခန်းလုပ်သကဲ့သို့ ရေဓါတ်ဆုံးရှုံးမှု များစွာရှိနိင်တာကြောင့် ရေဓါတ်ပြန်လည် ဖြည့်တင်းပေးဖို့အတွက် အတူနေမှု ပြီးဆုံးတိုင်းမှာ ရေကို ခပ်များများ တကျိုက်တည်း သောက်ပစ်ဖို့ လိုပါတယ်။ ဒီလို ရေဓါတ်ဖြည့်တင်းပေးခြင်းက ဆီးအိမ်တွင်း ပိုမွားကူးစက်နိုင်မှုကိုလည်း လျှော့ချပေးရာ ရောက်ပါတယ်။

၎။ ကျန်းမာရေးနှင့်ညီညွတ်သော အစားအစာကိုစားပါ
ဒီလို လိင်ဆက်ဆံမှုပြီးဆုံးတိုင်းမှာ သင်ဘာစားသလဲဆိုတာကလည်း အရေးကြိးပါတယ်။ အထူးသဖြင့် ဆီကြော်မုန့်လို့ မုန့်ထုပ်တွေ စားခြင်းကို အထူးရှောင်ကြဉ်သင့်ပြီး နားလည်တတ်ကျွမ်းသော ပညာရှင်များက ဒိန်ချဉ်က အကောင်းဆုံး အစားအစာဖြစ်တယ်လို့ ဆိုပါတယ်။

၅။ ဆပ်ပြာနှင့်ဆေးကြောခြင်းကိုရှောင်ပါ
ချစ်တင်းနှောပြီးချိန်မှာ မိန်းမကိုယ်ဟာ အရမ်းကို ထိခိုက်လွယ်တဲ့ အနေအထားမျိုးပါ။ ဒီလိုအခြေအနေမျိုးမှာ ဆပ်ပြာဖြင့် ဆေးကြောခြင်းကို လုံးဝ မပြုလုပ်ပါနှင့်။ ဆပ်ပြာနှင့် ပွတ်တိုက်ဆေးကြောခြင်းက မိန်းမကိုယ်အရေပြားကို ယားယံခြင်းနဲ့ ခြောက်သွေ့ခြင်းတွေကို ဖြစ်စေနိုင်ပါတယ်။ ဒါ့ကြောင့် လိင်ကိစ္စမှု ပြီးမြောက်တိုင်း ခပ်နွေးနွေးရေသီးသန့်ဖြင့်သာ ဆေးကြောပေးပါ။

၆။ အေးမြသော ချည်သား အတွင်းခံ ကိုသာ ဝတ်ဆင်ပါ။
အတွင်းခံ ဝတ်ဆင်တဲ့အခါမှာလည်း နိုင်လွန်ကဲ့သို့ အသားမျိုးတွေဟာ တင်းကြပ်ပြီး သင့်ရဲ့ အမျိုးသမီးအင်္ဂါတစ်ဝိုက်ကို လေဝင်လေထွက်မကောင်းစေဘဲ အရေပြားနှင့် အခြားစပ်ဆက်မှုရှိတဲ့ ရောဂါပိုးတွေ ကိန်းဝပ်စေနိုင်တာကြောင့် အေးမြပြီး သက်တောင့်သက်သာရှိကာ လေဝင်လေထွက်ကောင်းတဲ့ အတွင်းခံမျိုးကိုပဲ ဝတ်ဆင်သင့်ပါတယ်။

၇။ စိုစွတ်မနေပါစေနှင့်
ချစ်တင်းနှောပြီးချိန် ပြန်လည် သန့်ရှင်းမှုပြုလုပ်တဲ့အခါမှာ စိုစွတ်တဲ့ အဝတ်တွေနဲ့ သုတ်ခြင်း ၊ ရေစိုစိုဖြင့်ထားခြင်းတွေကို မလုပ်ပါနှင့်။ ခြောက်သွေ့နေပါစေ။

၈။ Dryer လေအေးဖြင့်မှုတ်ပါ
ကြားရတာတော့ ထူးဆန်းနေပါလိမ့်မယ်။ အမျိုးသမီး အတော်များများဟာ ဒီနည်းလမ်းကို အသုံးပြုလေ့ရှိပြီး အမှန်တကယ်လည်း အကျိုးသက်ရောက်မှု ရှိပါတယ်။ ကိစ္စပြီးချိန် သန့်ရှင်းသော ရေနွေးဖြင့် ဆေးကြောပြီးပြီိဆိုလျှင်တော့ dryer သုံးကာ လေအေးဖြင့် သင့်ရဲ့ မိန်းမကိုယ်နေရာကို လေမှုတ်ပေးပါ။ အလွန်အကျွံ အချိန်အကြာကြီးတော့ ပြုလုပ်စရာ မလိုပါဘူး။ ပြီးသွားလျှင်တော့ နူးညံ့သော သဘက်၊ အဝတ်ဖြင့် သုတ်လိုက်ပါ။

Credit: :CHAN