ပုဇွန် မဆလာဟင်း - MEMORY

Breaking

Sunday, July 17, 2016

ပုဇွန် မဆလာဟင်း

Prawn_Curry5

အိန္ဒိယစတိုင် ပုဇွန် မဆလာ ဟင်းလျာပါ။ ပုဇွန်ကို ဟင်းနှစ်များများ၊ မဆလာ အနံ့လေးနဲ့ ချက်ထားတာပါ။ ချစ်တီးထမင်းဆိုင်တွေမှာ စားနေကျ ပုဇွန်ဟင်းလျာလိုပဲ တကယ်ကို ထမင်းမြိန်စေမယ့် ဟင်းလျာ တခွက်ပါ။ ချက်ရလည်း လွယ်တာမို့ ခုပဲ တူတူ ချက်ကြည့်ရအောင်…

ပါဝင်ပစ္စည်းများ
  • ပုဇွန်ကျား – ၁၀ကောင်
  • ကြက်သွန်နီ – ၂လုံး (နှုတ်နှုတ်စဉ်းပါ)
  • ကြက်သွန်ဖြူ  -၂မွှာ (နှုတ်နှုတ်စဉ်းပါ)
  • ဂျင်း – လက်တဆစ် (ညက်အောင် ထောင်းထားပါ)
  • ခရမ်းချဉ်သီး – ၂လုံး (အစေ့ထုတ်ပြီ ပါးပါးလှီးပါ)
  • ငရုတ်သီးစိမ်း – ၂တောင့် (ထပ်ခြမ်းခြမ်းထားပါ)
  • ငရုတ်သီးအနှစ် – စားပွဲတင်ဇွန်း ၁ဇွန်း
  • ဆနွင်းမှုန့် – လက်ဖက်ရည်ဇွန်း ၄ပုံ၁ပုံ
  • စပါးလင် – ၁ခု (ပါးပါးလှီးပြီ ညက်အောင် ထောင်းပါ)
  • မကျည်းရည် – စားပွဲတင်ဇွန်း ၁ဇွန်း
  • ရှောက်ရွက် – ၃ရွက် (ပါးပါးလှီးပါ)
  • ဆား – လက်ဖက်ရည်ဇွန်း တ၀က်
  • ဆွမ်းအုပ် ဟင်းခတ်မှုန့် – လက်ဖက်ရည်ဇွန်း ၃ပုံ၁ပုံ
  • သကြား – စားပွဲတင်ဇွန်း တ၀က်
  • မဆလာ – စားပွဲတင်ဇွန်း တ၀က်
  • ဆီ – စားပွဲတင်ဇွန်း ၃ဇွန်း
Prawn_Curry1
One_Pack

ချက်ပြုတ်နည်း
၁။ အရင်ဆုံး ပုဇွန်ကို ရေဖြင့် သန့်စင်ပေးပါ။
Prawn_Curry

၂။ ပြီးလျှင် ဒယ်ထဲ ဆီထည့်ပြီ ဆီပူလာလျှင် ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ဂျင်း၊ စပါးလင်၊ ငရုတ်သီးစိမ်း၊ မဆလာ(စားပွဲတင်ဇွန်း တ၀က်)ကို မိနစ်ဝက်ခန့် ဆီသပ်ပေးပါ။

၃။ ပြီမှ ငရုတ်သီးနှစ်၊ ဆနွင်းမှုန့် တို့ကို ထည့်ရောမွှေပါ။

Prawn_Curry2

၎။ ထို့နောက် ခရမ်းချဉ်သီး၊ ရေ(ခွက်တ၀က်) ထည့်ပြီ ခရမ်းချဉ်သီးနွမ်းသည်အထိ မီးအတင့်သင့်ဖြင့် တည်ထားပေးပါ။

Prawn_Curry3

၅။ ပြီးနောက် ပုဇွန်ကျားထည့်၊ အရသာအတွက် ဆား၊ ဟင်းခတ်မှုန့်၊ သကြားထည့်ပြီ အဖုံးအုပ်ပြီ ပုဇွန် ကျက်သည်အထိ ၅မိနစ်ခန့် တည်ထားပါ။

၆။ ပုဇွန် ဆီပြန်လာပြီဆိုလျှင် အပေါ်မှ မကျည်းရည်၊ မဆလာ(စားပွဲတင်ဇွန်း တ၀က်)၊ ရှောက်ရွက်အုပ်လိုက်ပါ။
Prawn_Curry4
၇။ ခုဆိုရင် အရသာရှိပြီး မဆလာအနံ့သင်းတဲ့ ပုဇွန်ဟင်းလျာကို ထမင်းပူပူလေးနဲ့ သုံးဆောင်နိုင်ပါပြီ..

Prawn_Curry5
 __________________________________________________
credit to : wot yi