ရွှေအမြောက်အများထွက်ရှိနေတဲ့ ရွှေလုပ်ကွက်မှာ သွား​ရောက်​တူး​ဖော်​သူတစ်​ဦး ပစ်​သတ်​ခံရ - MEMORY

Breaking

Saturday, March 18, 2017

ရွှေအမြောက်အများထွက်ရှိနေတဲ့ ရွှေလုပ်ကွက်မှာ သွား​ရောက်​တူး​ဖော်​သူတစ်​ဦး ပစ်​သတ်​ခံရ



ရွှေကျင်၊ မတ် ၁၈

ရွှေကျင်မြို့ နယ် ၀င်းခလိန် ကျေးရွာ အုပ်စုအတွင်းရှိ ရွှေအမြောက်
အများထွက်ရှိနေတဲ့ ရွှေလုပ်ကွက်​ကို သွား​ရောက်​တူး​ဖော်တဲ့ ဆလူး​ချောင်း​ကျေးရွာမှ ရွာသားတစ်​ဦး ​သေနတ်​နဲ့ပစ်​သတ်​ခံရတယ်​လို့ မြို့နယ်​ရဲစခန်းမှ သိရပါတယ်​။ “ကျွန်​​တော်​တို့ စခန်းမှူးနဲ့အဖွဲ့သွား​နေပါတယ်​။ ဘယ်​လိုဖြစ်​တာလဲဆိုတာ​တော့ ​သေချာမသိ​သေးဘူး။ ​သေနတ်​နဲ့ ပစ်ခတ်​မှုဖြစ်​လို့ တစ်​​ယောက်​​သေသွားတယ်​ဆိုတာ​လောက်​ပဲအကြမ်းဖျင်းသိရ​သေးတယ်​´´လို့ ​ရွှေကျင်​မြို့နယ်​ရဲစခန်းမှ နယ်​ထိန်းဒုရဲအုပ်​ဦးလှကြီးက ​ပြောပါတယ်​။

လော​လောဆယ်​မှာ​တော့ ​ရွှေထွက်​ရှိရာ​နေရာကို မြို့နယ်​ရဲတပ်​ဖွဲ့ နဲ့ အုပ်​ချုပ်​​ရေးမှူးရုံးမှ တာဝန်​ရှိသူ​တွေ သွား​ရောက်​​နေဆဲဖြစ်​တယ်​လို့ သိရပါတယ်​။ပစ်​ခတ်​မှုဖြစ်​ပွားတဲ့ ဖြစ်​စဉ်​အ​သေးစိတ်​ကို​တော့ မသိရ​သေးပါဘူး။ အဲသည်ရွှေတွင်းဟာ ရွှေကျင်မြို့ နယ် မဓ္ဒမချောင်းအရှေ့ ဘက်၊ ကရင်အမျိုးသားအစည်းအရုံး(KNU)တပ်မဟာ ထိန်းချုပ်နယ်မြေ
အတွင်းမှာ ရှိတဲ့ ၀င်းခလိန်ကျေးရွာအုပ်စု ဘွတ်မြောင်ဒေသမှာ ဖြစ်​ပါတယ်​။ ​မြေကွက်​ပိုင်​ရှင်​က ​ရွှေတူး​ဖော်​ရာမှာ မထွက်​ရှိတာ​ကြောင့်​ ​ဒေသခံရွာသား​တွေကို တူး​ဖော်​ဖို့ ခွင့်​ပြု​ပေးထားခဲ့ပါတယ်​။ ​​​ခြောက်​လ ကြာစွန့် ပစ်ထားတဲ့ ရွှေတွင်းလုပ်ကွက်နေရာမှာ ဒေသခံလက်လုပ်
လက်စားသမားတွေဟာ ကောက်သင်းကောက် သွားရောက်တူးဖော်
ရာကနေ ဖေဖော်ဝါရီလကုန်ပိုင်းကစပြီး ရွှေများတွေ့ ရှိခဲ့တာဖြစ်ပါတယ်။

ရွှေတွေ့ တယ်ဆိုတဲ့ သတင်းကြောင့် ၀င်းခလိန်၊ အောင်ခလိန်၊ ဆလူးချောင်းကျေးရွာအုပ်စုတွေက ဒေသခံတွေ အပါအ၀င် ရွှေကျင်မြို့ ပေါ်က ဒေသခံတွေ​​ထောင်နဲ့ ချီပြီး ​သွားရောက်တူးဖော်ခဲ့ကြပါတယ် ။ အဲသည်လိုေ​ဒသခံ​တွေ​ထောင်​နဲ့ချီပြီး လာ​ရောက်​တူး​ဖော်​​နေတာ​တွေ​ကြောင့်​ ရွှေတူးဖော်သူတွေအချင်းချင်း ပဋိပက္ခတွေ မဖြစ်ပွားစေရေးနဲ့  လုံခြုံရေးအတွက်လို့  ဆိုကာ KNU တပ်မဟာ ၃ တပ်ရင်း (၇) နဲ့  မြန်မာတပ်မတော် တပ်ရင်း (၅၈၂) တို့ က ကြီးကြပ်စောင့်ကြည့်နေပါတယ်။ ပထမပိုင်းမှာတော့ ဒေသခံတွေကိုရွှေတူးခွင့်ပိတ်ခဲ့ပါတယ်။

ဒါပေမယ့်အဆိုပါရွှေလုပ်ကွက်အတွင်းကို ဒေသခံကျေးရွာတွေက ရပ်ကွက်တစ်ခုချင်းအလိုက် အလှည့်ကျဝင်ရောက်ရွှေ တူးဖ်ာဖို့  ကရင်အမျိုးသား အစည်းအရုံး(KNU)ကခွင့်ပြုခဲ့တာလေး
ရက်ကြာမြင်ပြီဖြစ်ပါတယ်။ လတ်တလောမှာတော့ အဲသည့်ရွှေတွင်း
လုပ်ကွက်နေရာမှ ပေါ်ထွက်လာတဲ့ ရွှေတွေကို ရွှေဆိုင်တွေနဲ့ ပွဲစားတွေဆီမှာ လာရောင်းတာ ငါးပိသာကျော်လောက်ရှိလာပြီဖြစ်တယ်လို့  ပဲခူးတိုင်းဒေသကြီး သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အမှတ်(၂) သတ္ထုတွင်းထွက်လုပ်ငန်းဌာနမှ သိရပါတယ်။

မတ်လ ​၁၇ ရက်​​နေ့က အဲသည်ရွှေလုပ် ကွက်ကို သတ္ထုတွင်း၊ သယံဇာတနဲ့  သဘာဝပတ်ဝန်းကျင်ထိန်း သိမ်းရေးဝန်ကြီးဌာ န ၊ သစ်တောဦးစီးဌာန၊ မြို့ နယ်အထွေထွေအုပ်ချုပ်ရေးမှူးဦးစီးဌာန၊ ရဲတပ်ဖွဲ့ အပါအ၀င် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်တွေ
ကလည်း အခြေအနေကို သွားရောက် စစ်ဆေးနေကြတယ်လို့ သိရပါတယ်။

source: kumudra