ေနျပည္ေတာ္ၿမိဳ႕မေစ်းကားဝင္းကို ေရႊနံ႔သာသို႔ေျပာင္းေရႊ႕မည့္သတင္းေၾကာင့္ ေျမေစ်းလွဳပ္ခတ္လာ - MEMORY

Breaking

Sunday, May 6, 2018

ေနျပည္ေတာ္ၿမိဳ႕မေစ်းကားဝင္းကို ေရႊနံ႔သာသို႔ေျပာင္းေရႊ႕မည့္သတင္းေၾကာင့္ ေျမေစ်းလွဳပ္ခတ္လာ



ေနျပည္ေတာ္ျမိဳ႕မေစ်းကားဝင္းကို ဥတၱရသီရိျမိဳ႕နယ္ ေရႊနံ႔သာရပ္ကြက္ဘက္သို႔ ေျပာင္းေရႊ႕ရန္စီစဥ္ေနသည္ဟု စည္ပင္သာယာေရးေကာ္မတီမွ သတင္းမ်ား ထြက္ေပၚလာသည့္ အတြက္ ေရႊနံ႔သာရပ္ကြက္အတြင္းရွိေျမေစ်းမ်ားလွဳပ္ခတ္လာၿပီး အတက္ေစ်းႏွင့္အဝယ္လိုက္လာသည္ဟု ေနျပည္ေတာ္အိမ္ၿခံေျမအက်ိဳးေဆာင္မ်ားထံမွသိရသည္။

"ကားဂိတ္ေရႊနံ႔သာကိုေရႊ႕မယ္ဆိုတာ အရင္အစိုးရလက္ထက္ကလည္း သတင္းထြက္ဖူးပါတယ္။ ဒါေပမယ့္ အခုက အစိုးရတာဝန္ရွိသူေတြကိုယ္တိုင္ေျပာထားတယ္ဆိုေတာ့ ဒီဖက္ကျခံေစ်းေတြပံုမွန္ထက္ သိန္း၂၀ ကေန ၅၀ ေလာက္အထိ တက္သြားျပီး အဝယ္လိုက္လာတယ္" ဟု ေရႊနံ႔သာရပ္ကြက္တြင္အိမ္ၿခံေျမအက်ိဳးေဆာင္လုပ္ကိုင္ေနသူတစ္ဦးကဆိုသည္။

ေရႊနံ႕သာရပ္ကြက္မွာ ၿမိဳ႕မေစ်းႏွင့္ဝန္ထမ္းအိမ္ယာမ်ားႏွင့္ အနီးဆံုးလူေနရပ္ကြက္တစ္ခုျဖစ္ၿပီး အေရွ႕ေတာင္အာရွဆီးဂိမ္းၿပိဳင္ပဲြက်င္းပခဲ့သည့္ ဝဏၰသိဒၶိအားကစားကြင္း ေဘးကပ္ရပ္တြင္တည္ရွိျခင္းျဖစ္သည္။

ေရႊနံ႔သာရပ္ကြက္သို႔ အေဝးေျပးကားဝင္းေျပာင္းေရႊ႔မည့္သတင္းကို ေနျပည္ေတာ္ စည္ပင္သာယာေရးေကာ္မတီ ဌာနမွဴး ဒုတိယညႊန္ၾကားေရးမွဴးခ်ဳပ္ ဦးစိုးႏိုင္က "ဒီေနရာေတြက ျမိဳ႕ပတ္လမ္းေတြျဖစ္တဲ့အတြက္ ေနာင္တစ္ခ်ိန္မွာ ကားစခန္းေတြျဖစ္ႏိုင္ပါတယ္" ဟုဆိုျခင္းျဖစ္သည္။

လက္ရွိျမိဳ႕မေစ်းမွာ မနက္ပိုင္းႏွင့္ညေနပိုင္းအခ်ိန္မ်ားတြင္ ယာဥ္ေၾကာပိတ္ဆို႔မႈမ်ားျဖစ္ပြားေနသျဖင့္ အေဝးေျပးကားဝင္းကို ဥတၱရသီရိျမိဳ႕နယ္ ေရႊနံ႕သာရပ္ကြက္ဘက္သို႔ေျပာင္းေရြ႕ရန္အတြက္ စီစဥ္ေနျခင္းျဖစ္သည္။

ယခင္က လယ္ေျမမ်ားအျဖစ္အသံုးျပဳခဲ့သည္ေနရာကို ေနျပည္ေတာ္တည္ေဆာက္ခ်ိန္တြင္ အကြက္ရိုက္၍ေရႊနံ႔သာရပ္ကြက္အျဖစ္ အေကာင္ထည္ေဖာ္ေပးခဲ့ျခင္းျဖစ္သည္။

လက္ရွိေရႊနံ႔သာေျမကြက္ေစ်းႏွဳန္းမ်ားမွာ သိန္း(၂၀၀)ဝန္းက်င္မွ သိန္း(၆၀၀)ခန္႔အထိ ေပါက္ေစ်းရွိေနသည္။

____________________________________
ေအာင္ျပည့္စံု


[Unicode]

နေပြည်တော်မြို့မဈေးကားဝင်းကို ရွှေနံ့သာသို့ပြောင်းရွှေ့မည့်သတင်းကြောင့် မြေဈေးလှုပ်ခတ်လာ



နေပြည်တော်မြို့မဈေးကားဝင်းကို ဥတ္တရသီရိမြို့နယ် ရွှေနံ့သာရပ်ကွက်ဘက်သို့ ပြောင်းရွှေ့ရန်စီစဉ်နေသည်ဟု စည်ပင်သာယာရေးကော်မတီမှ သတင်းများ ထွက်ပေါ်လာသည့် အတွက် ရွှေနံ့သာရပ်ကွက်အတွင်းရှိမြေဈေးများလှုပ်ခတ်လာပြီး အတက်ဈေးနှင့်အဝယ်လိုက်လာသည်ဟု နေပြည်တော်အိမ်ခြံမြေအကျိုးဆောင်များထံမှသိရသည်။

"ကားဂိတ်ရွှေနံ့သာကိုရွှေ့မယ်ဆိုတာ အရင်အစိုးရလက်ထက်ကလည်း သတင်းထွက်ဖူးပါတယ်။ ဒါပေမယ့် အခုက အစိုးရတာဝန်ရှိသူတွေကိုယ်တိုင်ပြောထားတယ်ဆိုတော့ ဒီဖက်ကခြံဈေးတွေပုံမှန်ထက် သိန်း၂၀ ကနေ ၅၀ လောက်အထိ တက်သွားပြီး အဝယ်လိုက်လာတယ်" ဟု ရွှေနံ့သာရပ်ကွက်တွင်အိမ်ခြံမြေအကျိုးဆောင်လုပ်ကိုင်နေသူတစ်ဦးကဆိုသည်။

ရွှေနံ့သာရပ်ကွက်မှာ မြို့မဈေးနှင့်ဝန်ထမ်းအိမ်ယာများနှင့် အနီးဆုံးလူနေရပ်ကွက်တစ်ခုဖြစ်ပြီး အရှေ့တောင်အာရှဆီးဂိမ်းပြိုင်ပွဲကျင်းပခဲ့သည့် ဝဏ္ဏသိဒ္ဓိအားကစားကွင်း ဘေးကပ်ရပ်တွင်တည်ရှိခြင်းဖြစ်သည်။

ရွှေနံ့သာရပ်ကွက်သို့ အဝေးပြေးကားဝင်းပြောင်းရွှေ့မည့်သတင်းကို နေပြည်တော် စည်ပင်သာယာရေးကော်မတီ ဌာနမှူး ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးစိုးနိုင်က "ဒီနေရာတွေက မြို့ပတ်လမ်းတွေဖြစ်တဲ့အတွက် နောင်တစ်ချိန်မှာ ကားစခန်းတွေဖြစ်နိုင်ပါတယ်" ဟုဆိုခြင်းဖြစ်သည်။

လက်ရှိမြို့မဈေးမှာ မနက်ပိုင်းနှင့်ညနေပိုင်းအချိန်များတွင် ယာဉ်ကြောပိတ်ဆို့မှုများဖြစ်ပွားနေသဖြင့် အဝေးပြေးကားဝင်းကို ဥတ္တရသီရိမြို့နယ် ရွှေနံ့သာရပ်ကွက်ဘက်သို့ပြောင်းရွေ့ရန်အတွက် စီစဉ်နေခြင်းဖြစ်သည်။

ယခင်က လယ်မြေများအဖြစ်အသုံးပြုခဲ့သည်နေရာကို နေပြည်တော်တည်ဆောက်ချိန်တွင် အကွက်ရိုက်၍ရွှေနံ့သာရပ်ကွက်အဖြစ် အကောင်ထည်ဖော်ပေးခဲ့ခြင်းဖြစ်သည်။

လက်ရှိရွှေနံ့သာမြေကွက်ဈေးနှုန်းများမှာ သိန်း(၂၀၀)ဝန်းကျင်မှ သိန်း(၆၀၀)ခန့်အထိ ပေါက်ဈေးရှိနေသည်။

____________________________________
အောင်ပြည့်စုံ