F8 2018 ညီလာခံမွာ ေၾကညာသြားတဲ့ ေဖ့စ္ဘြတ္ခ္ ရဲ႕ ျပဳျပင္ေျပာင္းလဲမႈငါးခု - MEMORY

Breaking

Sunday, May 6, 2018

F8 2018 ညီလာခံမွာ ေၾကညာသြားတဲ့ ေဖ့စ္ဘြတ္ခ္ ရဲ႕ ျပဳျပင္ေျပာင္းလဲမႈငါးခု



ေမလ ၁ ရက္က က်င္းပခဲ့တဲ့ F8 2018 Developer ညီလာခံမွာ ေဖ့စ္ဘြတ္ခ္ဟာ ယခုႏွစ္အတြက္ အေရးပါတဲ့ အေျပာင္းအလဲ အစီအစဥ္အခ်ိဳ႕ကို အတည္ျပဳေၾကညာခဲ့ပါတယ္။ ကမၻာ့အႀကီးမားဆံုး လူမႈကြန္ရက္ မီဒီယာႀကီးရဲ႕ အႀကီးအကဲျဖစ္သူ ဇူကာဘက္မာ့ခ္ကိုယ္တိုင္ ဒီညီလာခံကို တက္ေရာက္ၿပီးေဖ့စ္ဘြတ္ခ္ရဲ႕ လုပ္ေဆာင္မႈအသစ္ေတြနဲ႔ပတ္သက္လုိ႔ရွင္းလင္းခဲ့ပါတယ္။
ေဖ့စ္ဘြတ္ခ္က ခရီးဆက္မယ့္ မဟာဗ်ဴဟာစီမံကိန္း အသစ္ေတြထဲမွာ အေရးပါတဲ့၊ အဓိကသိသင့္တဲ့အေၾကာင္းအရာငါးခုကို ထုတ္ႏုတ္ေဖာ္ျပလိုက္ပါတယ္။



Oculus Go စေရာင္းမယ့္ေန႔
ေမလဆန္းကစၿပီး ေဖ့စ္ဘြတ္ခ္ရဲ႕ VR အေထာက္အပံ့ နည္းပညာေခါင္းေဆာင္းေတြ စေရာင္းမယ္ဆိုတာကို F8 2018 မွာ အတည္ျပဳသြားခဲ့ပါတယ္။ ဒါေပမဲ့ ႏုိင္ငံအေရအတြက္ ၂၃ ခုမွာပဲ ကန္႔သတ္ၿပီး ေရာင္းခ်ဦးမွာပါ။ အဲဒီႏုိင္ငံေတြထဲမွာ အေမရိကန္၊ ၿဗိတိန္၊ ဩစေၾတးလ်၊ကေနဒါတို႔ ပါဝင္ပါတယ္။ ဇူကာဘက္က Oculus Go ဟာအမွန္တကယ္ေစ်းႏႈန္းသင့္တင့္ၿပီး စြမ္းေဆာင္ရည္ျမင့္မားတဲ့ ပထမဆံုး VR ေခါင္းေဆာင္းအျဖစ္ ေစ်းကြက္ထဲေရာက္လာမယ္လုိ႔ အာမခံသြားပါတယ္။ သိုေလွာင္မႈ ပမာဏပါဝင္တဲ့ 32GB ပါရွိတဲ့ အေျခခံအက်ဆံုး အမ်ိဳးအစားက ေရာင္းေစ်း ၁၉၉ ေဒၚလာျဖစ္မွာပါ။ 64GB ဗားရွင္းကေတာ့ ၂၄၉ ေဒၚလာ က်သင့္ပါမယ္။ Oculus Go အတြက္ အသံုးျပဳႏုိင္မယ့္ ဂိမ္းနဲ႔ App ေပါင္း ၁,၀၀၀ ေလာက္ ေလာေလာဆယ္ေရြးခ်ယ္ခြင့္ရွိေနၿပီလုိ႔ဆိုပါတယ္။



Dating ဝန္ေဆာင္မႈ
ေဖ့စ္ဘြတ္ခ္ဟာ သူငယ္ခ်င္းေတြ၊ မိတ္ေဆြေတြ၊ လုပ္ေဖာ္ကိုင္ဖက္ေတြၾကား ခ်ိတ္ဆက္ေပးေန႐ံုနဲ႔ မေက်နပ္ေတာ့ပါဘူး။ ေအာင္သြယ္အဆင့္ထိ တက္လွမ္းဖို႔ပါ ျပင္ဆင္လာပါၿပီ။ သိပ္မၾကာခင္လပိုင္းေလာက္မွာ ေဖ့စ္ဘြတ္ခ္က ပံ့ပိုးတဲ့ Dating ဝန္ေဆာင္မႈကို အသံုးျပဳႏုိင္ေတာ့မွာျဖစ္ပါတယ္။ အဲဒီ Feature ဟာ ႏုိင္ငံတကာမွာ အသံုးတြင္က်ယ္ေနတဲ့ Dating App ေတြနဲ႔ အလုပ္လုပ္ပံု တူညီမွာပါ။ ဒီဝန္ေဆာင္မႈေၾကာင့္ ေရရွည္ခုိင္ၿမဲၿပီး ေလးနက္တည္ၾကည္တဲ့ အခ်စ္ေရးမ်ိဳးကို ထိန္းသိမ္းထူေထာင္ႏုိင္မယ္လုိ႔ ဇူကာဘက္က ေျပာပါတယ္။ ေဖ့စ္ဘြတ္ခ္ရဲ႕ Datingဝန္ေဆာင္မႈအသစ္အတြက္ စမ္းသပ္လည္ပတ္မႈေတြကို ယခုႏွစ္ကုန္ပိုင္းမွာ စတင္ပါမယ္။



ဒီဇိုင္းေျပာင္းမယ့္ Messenger
ေဖ့စ္ဘြတ္ခ္ရဲ႕ စာတိုေပးပို႔မႈစနစ္ Messenger ကို ဒီဇိုင္းပိုင္းေျပာင္းလဲမွာ ျဖစ္တဲ့အျပင္ Feature အသစ္ေတြပါ ေပါင္းစပ္ေပးသြားမယ္လုိ႔ဆိုပါတယ္။ ေနာက္ပိုင္းမွာMessenger ကို သံုးၿပီး 4K အရည္အေသြးအထိ ေကာင္းမြန္တဲ့ ဓာတ္ပံုေတြေပးပို႔ႏုိင္မွာျဖစ္သလို ဉာဏ္ရည္တုအေထာက္အပံ့နဲ႔ ဘာသာျပန္နည္းပညာေတြလည္း ပါဝင္လာဖို႔ရွိပါတယ္။ဒီဇိုင္းပိုင္းမွာေတာ့ ပိုၿပီးအျမင္ရွင္းတဲ့၊ သပ္ရပ္တဲ့ပံုစံမ်ိဳးေျပာင္းလဲသြားဖို႔ စီစဥ္ထားတယ္လုိ႔ ဇူကာဘက္ကဆိုပါတယ္။ Messenger အသံုးျပဳသူေတြ ေတြ႕ျမင္ေနရတဲ့Game နဲ႔ ကင္မရာခလုတ္ေတြကို ဖယ္ရွားဖုိ႔စိတ္ကူးထားတယ္လုိ႔ သူကေျပာပါတယ္။ ဒီအေျပာင္းအလဲကလည္း သိပ္မၾကာခင္ ႐ုပ္လံုးေပၚလာႏုိင္ပါတယ္။



အခ်က္အလက္ လံုၿခံဳေရး
ကိုယ္ေရးအခ်က္အလက္ ေပါက္ၾကားမႈေတြ မျဖစ္ဖုိ႔အတြက္ ေဖ့စ္ဘြတ္ခ္ကိုမသံုးဘဲေနရတဲ့အထိ စိမ္းကားဖို႔ မလိုေတာ့ပါဘူး။ ဒီျပႆနာကို ေဖ့စ္ဘြတ္ခ္က Clear Historyဆိုတဲ့ ေရြးခ်ယ္ခြင့္နဲ႔ ေျဖရွင္းေပးမယ္လုိ႔ကတိေပးခဲ့ပါတယ္။ ဒီေရြးခ်ယ္မႈကို ခြင့္ျပဳေပးထားတဲ့အခါ ကိုယ့္ရဲ႕အခ်က္အလက္ေတြကို ေဖ့စ္ဘြတ္ခ္က သိုမွီးထားခြင့္ရွိေတာ့မွာမဟုတ္ပါဘူး။ လက္ရွိ အေျခအေနမွာေတာ့ ေဖ့စ္ဘြတ္ခ္ဟာ ကိုယ္ Like လုပ္ထားတာေတြ၊ ရွာေဖြၾကည့္႐ႈထားတာေတြကို အလိုလိုသိမ္းဆည္းမွတ္သားထားပါတယ္။ Clear History လုပ္ထားတယ္ဆိုရင္ေတာ့ ကိုယ္လုပ္ေဆာင္သမွ်ကို ေဖ့စ္ဘြတ္ခ္ရဲ႕ ဆာဗာေတြက သိရွိမွတ္သားထားႏုိင္ ေတာ့မွာ မဟုတ္ဘူးလုိ႔ ဇူကာဘက္က ေျပာပါတယ္။ အခ်က္အလက္ေပါက္ၾကားမႈ ျပႆနာေတြေၾကာင့္ နာမည္ပ်က္ခဲ့တဲ့အတြက္ ေဖ့စ္ဘြတ္ခ္ဟာ ဒီကိစၥကို ထိထိေရာက္ေရာက္ ကိုင္တြယ္ေျဖရွင္းလာပံုေပၚပါတယ္။



Camera Effect ေတြ ပါလာမယ့္Instagram နဲ႔ Messenger
ေဖ့စ္ဘြတ္ခ္ရဲ႕ လက္ေအာက္ခံ App ေတြျဖစ္တဲ့ Instagram ေရာ Messenger မွာပါ အသံုးျပဳသူေတြရဲ႕စိတ္ကို ပိုၿပီးရႊင္ျပၾကည္လင္ေစမယ့္ ေရြးခ်ယ္ခြင့္ေတြ ထည့္သြင္းေပးမယ္လုိ႔ ဇူကာဘက္က ေျပာပါတယ္။ အသစ္ေျပာင္းလဲမယ့္ Feature ေတြမွာဓာတ္ပံုကင္မရာ႐ိုက္ကူးတဲ့အခါ Augmented Reality (AR) နည္းပညာအေျချပဳတဲ့ 3DAnimation ပံုရိပ္ေလးေတြပါ ထည့္သြင္းေပါင္းစပ္ႏုိင္မယ္လုိ႔ဆိုပါတယ္။ ဥပမာ ကိုယ့္ဓာတ္ပံုမွာ လုိက္ဖက္တဲ့ ႏႈတ္ခမ္းေမြးတပ္ထားသလိုမ်ိဳးေပါ့။ တျခား 3D ပစၥည္းပံုရိပ္ေတြကိုပါ ျဖည့္စြက္ႏုိင္ပါေသးတယ္။ ေဖ့စ္ဘြတ္ခ္ဟာ Nike၊ Asus၊ Sephora နဲ႔ Kia တို႔လို မိတ္ဖက္လုပ္ငန္းေတြနဲ႔ လက္တြဲ ထားၿပီး အဲဒီကုမၸဏီေတြရဲ႕ ထုတ္ကုန္ေတြကိုလည္း 3D ပံုရိပ္ေတြအေန နဲ႔ Messenger ေရာ Instagramမွာပါ ထည့္သြင္းေပးထားပါတယ္။ ဒါေၾကာင့္ ကိုယ္႐ုိက္ထားတဲ့ ဓာတ္ပံုေတြမွာ Kia ကထုတ္တဲ့ Stinger ေမာ္ေတာ္ကားေတြ၊ Nike ရဲ႕ ေရာင္စံု ေရြးခ်ယ္ႏုိင္တဲ့ အမွတ္တံဆိပ္ေတြကိုပါ ထည့္သြင္းႏုိင္ေတာ့မွာ ျဖစ္ပါတယ္။

—Ref: Tech Radar | Credit: 7days


[Unicode]

F8 2018 ညီလာခံမှာ ကြေညာသွားတဲ့ ဖေ့စ်ဘွတ်ခ် ရဲ့ ပြုပြင်ပြောင်းလဲမှုငါးခု



မေလ ၁ ရက်က ကျင်းပခဲ့တဲ့ F8 2018 Developer ညီလာခံမှာ ဖေ့စ်ဘွတ်ခ်ဟာ ယခုနှစ်အတွက် အရေးပါတဲ့ အပြောင်းအလဲ အစီအစဉ်အချို့ကို အတည်ပြုကြေညာခဲ့ပါတယ်။ ကမ္ဘာ့အကြီးမားဆုံး လူမှုကွန်ရက် မီဒီယာကြီးရဲ့ အကြီးအကဲဖြစ်သူ ဇူကာဘက်မာ့ခ်ကိုယ်တိုင် ဒီညီလာခံကို တက်ရောက်ပြီးဖေ့စ်ဘွတ်ခ်ရဲ့ လုပ်ဆောင်မှုအသစ်တွေနဲ့ပတ်သက်လို့ရှင်းလင်းခဲ့ပါတယ်။ ဖေ့စ်ဘွတ်ခ်က ခရီးဆက်မယ့် မဟာဗျူဟာစီမံကိန်း အသစ်တွေထဲမှာ အရေးပါတဲ့၊ အဓိကသိသင့်တဲ့အကြောင်းအရာငါးခုကို ထုတ်နုတ်ဖော်ပြလိုက်ပါတယ်။


Oculus Go စရောင်းမယ့်နေ့
မေလဆန်းကစပြီး ဖေ့စ်ဘွတ်ခ်ရဲ့ VR အထောက်အပံ့ နည်းပညာခေါင်းဆောင်းတွေ စရောင်းမယ်ဆိုတာကို F8 2018 မှာ အတည်ပြုသွားခဲ့ပါတယ်။ ဒါပေမဲ့ နိုင်ငံအရေအတွက် ၂၃ ခုမှာပဲ ကန့်သတ်ပြီး ရောင်းချဦးမှာပါ။ အဲဒီနိုင်ငံတွေထဲမှာ အမေရိကန်၊ ဗြိတိန်၊ ဩစတြေးလျ၊ကနေဒါတို့ ပါဝင်ပါတယ်။ ဇူကာဘက်က Oculus Go ဟာအမှန်တကယ်ဈေးနှုန်းသင့်တင့်ပြီး စွမ်းဆောင်ရည်မြင့်မားတဲ့ ပထမဆုံး VR ခေါင်းဆောင်းအဖြစ် ဈေးကွက်ထဲရောက်လာမယ်လို့ အာမခံသွားပါတယ်။ သိုလှောင်မှု ပမာဏပါဝင်တဲ့ 32GB ပါရှိတဲ့ အခြေခံအကျဆုံး အမျိုးအစားက ရောင်းဈေး ၁၉၉ ဒေါ်လာဖြစ်မှာပါ။ 64GB ဗားရှင်းကတော့ ၂၄၉ ဒေါ်လာ ကျသင့်ပါမယ်။ Oculus Go အတွက် အသုံးပြုနိုင်မယ့် ဂိမ်းနဲ့ App ပေါင်း ၁,၀၀၀ လောက် လောလောဆယ်ရွေးချယ်ခွင့်ရှိနေပြီလို့ဆိုပါတယ်။


Dating ဝန်ဆောင်မှု
ဖေ့စ်ဘွတ်ခ်ဟာ သူငယ်ချင်းတွေ၊ မိတ်ဆွေတွေ၊ လုပ်ဖော်ကိုင်ဖက်တွေကြား ချိတ်ဆက်ပေးနေရုံနဲ့ မကျေနပ်တော့ပါဘူး။ အောင်သွယ်အဆင့်ထိ တက်လှမ်းဖို့ပါ ပြင်ဆင်လာပါပြီ။ သိပ်မကြာခင်လပိုင်းလောက်မှာ ဖေ့စ်ဘွတ်ခ်က ပံ့ပိုးတဲ့ Dating ဝန်ဆောင်မှုကို အသုံးပြုနိုင်တော့မှာဖြစ်ပါတယ်။ အဲဒီ Feature ဟာ နိုင်ငံတကာမှာ အသုံးတွင်ကျယ်နေတဲ့ Dating App တွေနဲ့ အလုပ်လုပ်ပုံ တူညီမှာပါ။ ဒီဝန်ဆောင်မှုကြောင့် ရေရှည်ခိုင်မြဲပြီး လေးနက်တည်ကြည်တဲ့ အချစ်ရေးမျိုးကို ထိန်းသိမ်းထူထောင်နိုင်မယ်လို့ ဇူကာဘက်က ပြောပါတယ်။ ဖေ့စ်ဘွတ်ခ်ရဲ့ Datingဝန်ဆောင်မှုအသစ်အတွက် စမ်းသပ်လည်ပတ်မှုတွေကို ယခုနှစ်ကုန်ပိုင်းမှာ စတင်ပါမယ်။


ဒီဇိုင်းပြောင်းမယ့် Messenger
ဖေ့စ်ဘွတ်ခ်ရဲ့ စာတိုပေးပို့မှုစနစ် Messenger ကို ဒီဇိုင်းပိုင်းပြောင်းလဲမှာ ဖြစ်တဲ့အပြင် Feature အသစ်တွေပါ ပေါင်းစပ်ပေးသွားမယ်လို့ဆိုပါတယ်။ နောက်ပိုင်းမှာMessenger ကို သုံးပြီး 4K အရည်အသွေးအထိ ကောင်းမွန်တဲ့ ဓာတ်ပုံတွေပေးပို့နိုင်မှာဖြစ်သလို ဉာဏ်ရည်တုအထောက်အပံ့နဲ့ ဘာသာပြန်နည်းပညာတွေလည်း ပါဝင်လာဖို့ရှိပါတယ်။ဒီဇိုင်းပိုင်းမှာတော့ ပိုပြီးအမြင်ရှင်းတဲ့၊ သပ်ရပ်တဲ့ပုံစံမျိုးပြောင်းလဲသွားဖို့ စီစဉ်ထားတယ်လို့ ဇူကာဘက်ကဆိုပါတယ်။ Messenger အသုံးပြုသူတွေ တွေ့မြင်နေရတဲ့Game နဲ့ ကင်မရာခလုတ်တွေကို ဖယ်ရှားဖို့စိတ်ကူးထားတယ်လို့ သူကပြောပါတယ်။ ဒီအပြောင်းအလဲကလည်း သိပ်မကြာခင် ရုပ်လုံးပေါ်လာနိုင်ပါတယ်။


အချက်အလက် လုံခြုံရေး
ကိုယ်ရေးအချက်အလက် ပေါက်ကြားမှုတွေ မဖြစ်ဖို့အတွက် ဖေ့စ်ဘွတ်ခ်ကိုမသုံးဘဲနေရတဲ့အထိ စိမ်းကားဖို့ မလိုတော့ပါဘူး။ ဒီပြဿနာကို ဖေ့စ်ဘွတ်ခ်က Clear Historyဆိုတဲ့ ရွေးချယ်ခွင့်နဲ့ ဖြေရှင်းပေးမယ်လို့ကတိပေးခဲ့ပါတယ်။ ဒီရွေးချယ်မှုကို ခွင့်ပြုပေးထားတဲ့အခါ ကိုယ့်ရဲ့အချက်အလက်တွေကို ဖေ့စ်ဘွတ်ခ်က သိုမှီးထားခွင့်ရှိတော့မှာမဟုတ်ပါဘူး။ လက်ရှိ အခြေအနေမှာတော့ ဖေ့စ်ဘွတ်ခ်ဟာ ကိုယ် Like လုပ်ထားတာတွေ၊ ရှာဖွေကြည့်ရှုထားတာတွေကို အလိုလိုသိမ်းဆည်းမှတ်သားထားပါတယ်။ Clear History လုပ်ထားတယ်ဆိုရင်တော့ ကိုယ်လုပ်ဆောင်သမျှကို ဖေ့စ်ဘွတ်ခ်ရဲ့ ဆာဗာတွေက သိရှိမှတ်သားထားနိုင် တော့မှာ မဟုတ်ဘူးလို့ ဇူကာဘက်က ပြောပါတယ်။ အချက်အလက်ပေါက်ကြားမှု ပြဿနာတွေကြောင့် နာမည်ပျက်ခဲ့တဲ့အတွက် ဖေ့စ်ဘွတ်ခ်ဟာ ဒီကိစ္စကို ထိထိရောက်ရောက် ကိုင်တွယ်ဖြေရှင်းလာပုံပေါ်ပါတယ်။


Camera Effect တွေ ပါလာမယ့်Instagram နဲ့ Messenger
ဖေ့စ်ဘွတ်ခ်ရဲ့ လက်အောက်ခံ App တွေဖြစ်တဲ့ Instagram ရော Messenger မှာပါ အသုံးပြုသူတွေရဲ့စိတ်ကို ပိုပြီးရွှင်ပြကြည်လင်စေမယ့် ရွေးချယ်ခွင့်တွေ ထည့်သွင်းပေးမယ်လို့ ဇူကာဘက်က ပြောပါတယ်။ အသစ်ပြောင်းလဲမယ့် Feature တွေမှာဓာတ်ပုံကင်မရာရိုက်ကူးတဲ့အခါ Augmented Reality (AR) နည်းပညာအခြေပြုတဲ့ 3DAnimation ပုံရိပ်လေးတွေပါ ထည့်သွင်းပေါင်းစပ်နိုင်မယ်လို့ဆိုပါတယ်။ ဥပမာ ကိုယ့်ဓာတ်ပုံမှာ လိုက်ဖက်တဲ့ နှုတ်ခမ်းမွေးတပ်ထားသလိုမျိုးပေါ့။ တခြား 3D ပစ္စည်းပုံရိပ်တွေကိုပါ ဖြည့်စွက်နိုင်ပါသေးတယ်။ ဖေ့စ်ဘွတ်ခ်ဟာ Nike၊ Asus၊ Sephora နဲ့ Kia တို့လို မိတ်ဖက်လုပ်ငန်းတွေနဲ့ လက်တွဲ ထားပြီး အဲဒီကုမ္ပဏီတွေရဲ့ ထုတ်ကုန်တွေကိုလည်း 3D ပုံရိပ်တွေအနေ နဲ့ Messenger ရော Instagramမှာပါ ထည့်သွင်းပေးထားပါတယ်။ ဒါကြောင့် ကိုယ်ရိုက်ထားတဲ့ ဓာတ်ပုံတွေမှာ Kia ကထုတ်တဲ့ Stinger မော်တော်ကားတွေ၊ Nike ရဲ့ ရောင်စုံ ရွေးချယ်နိုင်တဲ့ အမှတ်တံဆိပ်တွေကိုပါ ထည့်သွင်းနိုင်တော့မှာ ဖြစ်ပါတယ်။
—Ref: Tech Radar | Credit: 7days