ညအိပ်ချိန်မှာ ဘရာဇီယာချွတ်အိပ်သင့်သလား - MEMORY

Breaking

Monday, May 11, 2020

ညအိပ်ချိန်မှာ ဘရာဇီယာချွတ်အိပ်သင့်သလား




မိန်းကလေးအချို့က ဘရာဇီယာကို အချိန်တိုင်း၊ အချိန်ပြည့် ဝတ်ထားရတာကိုပဲ သက်တောင့်သက်သာ ရှိတယ်လို့ ဆိုပါတယ်။ ဘရာဇီယာက ရင်သားတွဲကျခြင်းနှင့် ရင်သားပုံ မကျခြင်းတို့မှ ကာကွယ်ဖို့ အတွက် အမြဲ ဝတ်ထားသင့်တယ် ဆိုပေမယ့်လည်း ညအိပ်တဲ့ အခါမှာတော့ မဝတ်သင့်ပါဘူးနော်။ ညအိပ်တဲ့ အခါမှာ ဘရာဇီယာ ဝတ်အိပ်ခြင်းကြောင့် ကျန်းမာရေး အတွက် ဘယ်လို ဆိုကျိုးတွေ သက်ရောက်နိုင်လဲ ဆိုတာကို သိရှိနိုင်ဖို့ အတွက် ဝေမျှပေးလိုက်ပါတယ်နော်။

(၁) ညအိပ်ချိန်မှာ တင်းကြပ်နေတဲ့ ဘရာဇီယာ ဝတ်အိပ်ခြင်းကြောင့် သွေးလည်ပတ်မှုကို အနှောင့်အယှက် ဖြစ်စေပြီး ရင်သား ကြီးထွားမှုကို နှောင့်နှေးစေပါတယ်။ ဒါ့အပြင် ဟော်မုန်းဓာတ် မညီညွတ်ခြင်းကြောင့် စိတ်ခံစားမှု အတက်အကျ မြန်ခြင်း စတဲ့ ကျန်းမာရေး ဆိုးကျိုးတွေ ဖြစ်ပေါ်နိုင်တာကြောင့် ညဘက်အိပ်တဲ့ အခါ တင်းကြပ်နေတဲ့ ဘရာဇီယာ ဝတ်ပြီး မအိပ်သင့်ပါဘူးနော်။

(၂) ညဘက် ချွေးအလွန်အကျွံထွက်ရတဲ့ အကြောင်းအရင်းကလည်း ဘရာဇီယာ ဝတ်အိပ်သူတွေ ကြုံတွေ့ရတဲ့ ပြဿနာတစ်ခုပါပဲ။ ချွေးထွက်လွန်းတာကြောင့် ယာယံခြင်း၊ ဓာတ်မတည့်ခြင်း စတာတွေ ဖြစ်ပေါ်တတ်တာကြောင့် ကျန်းမာရေးအတွက်သာမက အရေပြားရောဂါအတွက်လည်း ဆိုးကျိုးသက်ရောက် စေနိုင်တာကြောင့် အထူးဂရုစိုက်ဖို့ လိုပါတယ်နော်။

(၃) ညအိပ်တဲ့ အခါမှာ ကျောမှီပြီး အိပ်တာကြောင့် ဘရာဇီယာရဲ့ ချိတ်ကလေးတွေက ကျောကို စူးပြီး အရာကလေးတွေ ထင်ကျန်ခဲ့ဖူးသလား။ ဒီလို ဖြစ်ခြင်းကြောင့် ကြာလာတဲ့ အခါမှာ အသားများ နီမြန်းလာခြင်းနဲ့ ခြစ်ရာ ပွန်းပဲ့ရာတွေ ထွက်ပေါ်လာတဲ့ အထိ ဖြစ်နိုင်ပါတယ်။ ဒ့ါအပြင် ညအိပ်တဲ့ အခါမှာ သက်တောင့် သက်သာ မဖြစ်ဘဲ ကျပ်နေတာကြောင့် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေမှာ မဟုတ်ပါဘူး။ ဒါ့ကြောင့် ညအိပ်ရာ ဝင်တဲ့ အခါမှာ လွတ်လွတ်လပ်လပ်နဲ့ သက်တောင့် သက်သာ ဖြစ်နေစေဖို့ ဘရာဇီယာကို ချွတ်ဖို့ မမေ့ပါနဲ့နော်။

(၄) ရေမြှပ်၊ ဖော့ စတာတွေ ပါဝင်ဖွဲ့စည်းထားတဲ့ ဘရာဇီယာကို ကြာရှည် စွဲမြဲစွာ ဝတ်မယ်ဆိုရင် ရင်သားကင်ဆာ ဖြစ်နိုင်ခြေ များပါတယ်။ ဘာ့ကြောင့်လည်း ဆိုတော့ ရေမြှပ်မှာ ကပ်ညှိနေတတ်တဲ့ အညစ်အကြေးများ၊ ဘတ်တီးရီးယားပိုးမွှား တွေက တစ်ဆင့် ကင်ဆာရောဂါဖြစ်ပွားနိုင်ပါတယ်။ ညအိပ်တဲ့ အခါမှာ ခန္ဓာကိုယ်တွင်းမှ ချွေး၊ အဆီ ထွက်တဲ့ အခါ ဘရာဇီယာက ဘတ်တီးရီးယားများနဲ့ ပေါင်းစပ်သွားပြီး မှိုရောဂါ၊ ကင်ဆာရောဂါ ဖြစ်ပွားနိုင်တာကြောင့် အထူးဂရုပြုသင့်ပါတယ်။

---------------------------
Credit : shweinnlay