မင်းနဲ့ ကိုယ့်ရဲ့ ညလေး လှစေဖို့ - MEMORY

Breaking

Tuesday, May 12, 2020

မင်းနဲ့ ကိုယ့်ရဲ့ ညလေး လှစေဖို့



ချစ်ရည်လူးခြင်း(လိင်ဆက်ဆံခြင်း)ဟာ စိတ်ခံစားဖို့အတွက်သာမက ခန္ဓာကိုယ်ကျန်းမာရေးအတွက်လည်း အကျိုးကျေးဇူးတွေပေးနိုင်ပါတယ်... လိင်ဆက်ဆံချိန်တွင် သာယာမှုပိုရှိစေမယ့် နည်းလမ်းလေးတွေ ဖော်ပြပေးလိုက်တယ်နော်။

အပေးအယူမျှနေပါစေ..
ဖြည်းဖြည်းမှန်မှန် အောင်ပွဲခံ ဆိုတဲ့ စကားက ဒီနေရာမှာ လက်တွေ့အသုံးချရမှာပါ။ သင့်ကိုယ်သင် သိပ်ဆရာကျတယ်လို့ ထင်မနေပါနဲ့။ ယုံကြည်မှုလွန်ကဲတာက အိပ်ရာထဲမှာ အသုံးမဝင်ပါဘူး။ ကနဦးပွတ်သပ်ချော့မြူမှုလေးတွေ အလုံအလောက်နဲ့ ဖြည်းဖြည်းလေးနဲ့ ငြိမ့်ငြိမ့်လေး လှုပ်ရှားတာက နှစ်ယောက်စလုံးအတွက် ခံစားမှုကို ပိုကောင်းစေပြီး သာယာမှုပိုရှိစေမှာပါ။

တစ်ခုချင်းစီ လိုက်မမေးပါနဲ့..
ဟိုနေရာ ဒီနေရာတွေက အာရုံခံစားနိုင်စွမ်းရှိကြပါတယ် ချိဖတို့။ ဒီအတိုင်းထိုးထည့် ဝင်လိုက်ထွက်လိုက်ထက် ပိုတဲ့နည်းစနစ်တွေ လိုအပ်ပါတယ်။ ဖြည်းဖြည်းချင်း သူမ ဘာကိုသဘောကျလဲ အဖြေရှာပါ။

Dirty Talk လေးတွေကလည်း ပိုပြီး ရင်ခုန်ဖို့ကောင်းပါတယ်..
နှစ်ကိုယ်ကြား ပြောလို့ရတဲ့ ညစ်တီးညစ်ပတ်စကားလေးတွေ ရှိပါတယ်။ အားလုံးက ဒါကို ဝန်ခံမှာမဟုတ်ပေမယ့်၊ တကယ်တော့ နှစ်ယောက်ကြားမှာ ဒီလောက်ကလေးတော့ ပွင့်လင်းသင့်ပါတယ်။ ကိုယ့်ရဲ့စကားကြောင့် မကြာခဏ အရှက်ရလေ့ရှိတဲ့ ချစ်သူ့ ရဲ့မျက်နှာကို သင် နောက်ပိုင်း ခဏခဏ မြင်ချင်ပါလိမ့်မယ်။

ပြီးတာနဲ့ ပြီးရောလား..

ချိဖိတို့အနေနဲ့ သတိထားသင့်တဲ့ နောက်တစ်ချက်ရှိပါတယ်.. တချို့ယောကျာ်းလေးတွေအများစုက လိင်ဆက်ဆံတော့မယ်ဆိုရင် ပြီးပြီးရောအတင်းဆက်ဆံကြတယ်။ ကိုယ့်ကိစ္စပြီးသွားရင် တစ်ဖက်လှည့်ပြီးအိပ်ပျော်သွားရော.. ကိုယ့်ရဲ့မိန်းမဘယ်လိုနေလဲ ဘယ်လိုခံစားရလဲ ထည့်မတွက်ကြဘူး။ အဲဒါနှစ်ယောက်လုံးအတွက်အစဉ်မပြေဘူး။ ကြာလာရင်အဲဒီအိမ်ထောင်ရေးဟာ သာယာပျော်ရွှင်ရမှာမဟုတ်ဘူး။

__________
thiloyarmay