အမျိုးသမီးများ ပြီးမြောက်ခြင်း - MEMORY

Breaking

Friday, May 15, 2020

အမျိုးသမီးများ ပြီးမြောက်ခြင်း



အမျိုးသမီးတွေမှာ ကိစ္စတော်တော်များများဟာ ဦးနှောက်ကြောင့် မျိုးပွားနယ်ပယ်တွေထံ သွေးစီးဆင်းရာကနေ အစပျိုးပြီး ရာဂစိတ်နိုးကြွခြင်းတွေလိုမျိုး ဖြစ်လာကြပါတယ်။ မိန်းမကိုယ်ကနေ သဘာဝချောဆီတွေထုတ်ခြင်းဖြင့် ကိုယ်ခန္ဓာကိုယ် အချက်ပေးခြင်းကနေ လိင်ဆက်ဆံရန်အသင့်အနေအထား ဖြစ်သွားတတ်ကြပါတယ်။ အမျိုးသမီးအင်္ဂါစေ့မှာ ဖောင်းလာပြီး တင်းလာတာမျိုးတွေဟာ သွေးစီးဆင်းလာတာကြောင့် ထိလိုက်တာနဲ့ဆတ်ဆတ်ထိမခံစိတ်လှုပ်ရှားရပြီး ပိုပြီးထင်သာမြင်သာမှုတွေဖြစ်လာတတ်ကြပါတယ်။ ဒီလိုမျိုးရာဂဆန္ဒတွေဆက်တိုက်ဖြစ်လာရာကနေ မွေးလမ်းကြောင်းအပြင်ဘက်ကြွက်သား ဟာ ပိုမိုသေးငယ်ကာ ဟလာပြီး တင်းကျပ်မှုတွေဖြစ်လာပါတယ်။ အမျိုးသမီးတစ်ယောက်ရဲ့ ပြီးဆုံးချိန်နီးလာတာနဲ့အမျှ အင်္ဂါစေ့ဟာလည်း ပိုပြီးဆတ်ဆတ်ထိမခံဖြစ်လာသလို တဖြည်းဖြည်းနဲ့လည်း ဆုတ်ယုတ်လာတာမျိုးတွေဖြစ်ကာ ပြီးမြောက်ခြင်းမျိုးသိမြင်နိုင်ဖို့ဆိုတာဟာ နည်းပါးလှပါတယ်။

တချို့လူတွေက ပြီးတယ်ဆိုတာကို အမျိုးသားတွေသာ ခံစားနိုင်တယ်လို့ ထင်ကြပေမယ့် အမျိုးသမီးတွေလည်းပဲ အတိအကျခံစားနိုင်ပါတယ်။ အမျိုးသမီးတွေအတွက် ပြီးမြောက်တယ်ဆိုတာက အမျိုးသားတွေလိုမျိုး တထေရာတည်းမကျ နိုင်ပါဘူး။ အမျိုးသမီးတွေဟာ သူတို့ပြီးတဲ့အခါမှာ ကိုယ်တွင်းအရည်ထွက်တာမျိုးလည်းရှိနိုင်သလို မထွက်တာမျိုးလည်းရှိနိုင်တာမို့ အမျိုးသားတွေလိုတော့ မဟုတ်ပါဘူး ။ မွေးလမ်းကြောင်းတဝိုက်က ကြွက်သားတွေကို ၃ ကြိမ်ကနေ ၁၅ ကြိမ် ကျုံ့ဆန့်ခြင်းကြောင့် အမျိုးသမီးတစ်ယောက်အတွက် အရမ်းကောင်းလွန်းတဲ့ သာယာမှုကနေ ပြီးမြောက်ခြင်းဖြစ်လာပါတယ်။

၂၅ % သောအမျိုးသမီးတွေဟာ မိန်းမကိုယ်ဝ လှုံ့ဆော်တုံ့ပြန်ရာကနေလည်း ပြီးမြောက်မှုကို ရကြတာမို့ ကာမဆန္ဒလို့ဆိုရာမှာ မိန်းမကိုယ်ဟာလည်းပဲ ပါဝင်ပတ်သက်လို့နေပါသေးတယ်။ မိန်းမအင်္ဂါစေ့ ရယ် သူနဲ့ဆက်စပ်တဲ့နေရာတွေကို လှုံ့ဆော်ခြင်းတချို့ဟာ အမျိုးသမီးတွေအနေနဲ့ ကာမဆန္ဒပြီးမြောက်ရာမှာလို အပ်ပါတယ်။ အမျိုးသမီး ဒါမှမဟုတ် အမျိုးသား တစ်ယောက်ရဲ့ တခြားကိုယ်ခန္ဓာအစိတ်အပိုင်းတွေထက် မိန်းမအင်္ဂါစေ့မှာ အာရုံခံအကြောပေါင်း ၈၀၀၀ နဲ့အဆုံးသတ်ထားတယ်ဆိုတာ သိထားပေးပါ။ ခန္ဓာကိုယ်ရဲ့ဒီအစိတ်အပိုင်းကို လှုံ့ဆော်တာကြောင့် သာယာမှုတချို့ကိုရရှိစေပါတယ်။

__________
thiloyarmayy