မအောင်မြင်တဲ့သူတွေနဲ့ အောင်မြင်တဲ့သူတွေရဲ့ အကျင့်စရိုက်တွေ ဘယ်လိုကွဲပြားလဲ - MEMORY

Breaking

Sunday, May 31, 2020

မအောင်မြင်တဲ့သူတွေနဲ့ အောင်မြင်တဲ့သူတွေရဲ့ အကျင့်စရိုက်တွေ ဘယ်လိုကွဲပြားလဲ



မအောင်မြင်နိုင်တဲ့သူတွေ
  • – အလုပ်တစ်ခုကို မစဉ်းစားဘဲလုပ်တယ်။
  • – ကိုယ်ကပဲ အကုန်သိအကုန်တတ်လုပ်ချင်တယ်။
  • – နားထောင်တာထက်ပြောတာက ပိုများတယ်။
  • – တခြားသူတွေကို ကိုယ်နဲ.တစ်ဆင့်တည်းလို.သတ်မှတ်ဆက်ဆံတယ်။
  • – သင်ယူလေ့လာမှုမရှိဘူး။
  • – ကြောက်ရွံစိတ်များတယ်။
  • – သတင်းအချက်အလက်တွေကို ဖောင်းပွပြန်.လွင့်အောင်လုပ်တတ်တယ်။
  • – အပြစ်လွှဲချတတ်တယ်။
  • – အငြိုးထားတတ်တယ်။
  • – အဆိုးဘက်ကပဲ တွေး၊ပြော၊ပြုမူလေ့ရှိတယ်။
  • – အကျိုးအမြတ်ခံစားခွင့်တွေကိုပဲကြည့်တယ်။
  • – အမြဲစိတ်တိုဒေါသထွက်နေတယ်။
  • – ကိုယ့်ကိုယ်ကိုဘာဖြစ်ချင်မှန်းမသိဘူး။
  • – အတွင်းစိတ်ကနေတခြားသူတွေကျရှုံးဖို.ကို လိုလားတယ်။
  • – အလွယ်လုပ်တတ်တယ်။
  • – စိတ်တည်ငြိမ်မှုမရှိဘူး။
  • – လွယ်လွယ်အလျော့ပေးတတ်တယ်။
  • – အချိန်ဖြုန်းတတ်တယ်။
  • – ပန်းတိုင်မရှိဘူး။
  • – ဝေဖန်လွန်းတယ်။

အောင်မြင်နိုင်တဲ့သူတွေ
  • – အလုပ်နဲ.အဆက်မပြတ်ဘူး။
  • – အမှားကနေ သင်ယူနိုင်စွမ်းရှိတယ်။
  • – လူမှန်လူကောင်းတွေနဲ.ပဲ အချိန်တွေကိုကုန်ဆုံးလေ့ရှိတယ်။
  • – ဘဝရဲ.အချိန်တွေကို မျှတအောင်ထိန်းညှိနိုင်တယ်။
  • – ပန်းတိုင်နဲ.ရည်မှန်းချက်တွေကို ချရေးမှတ်သားတတ်တယ်။
  • – ရေရှည်အတွက်တွေးတယ်။
  • – သူတစ်ပါးကို အားပေးအသိအမှတ်ပြုတယ်။
  • – လုပ်ရမယ့်အလုပ်တွေကို စာရင်းပြုမှတ်သားထားတယ်။
  • – ရည်ရွယ်ချက်ရည်မှန်းချက်ကို ရှင်းရှင်းလင်းလင်းပြတ်ပြတ်သားသားသိတယ်။
  • – သူတစ်ပါးကိုလည်း အောင်မြင်စေချင်တယ်။
  • – ကိုယ့်အမှားကိုကိုယ် တာဝန်ယူရဲတယ်။
  • – ထူးချွန်လိုစိတ်ပြင်းပြတယ်။
  • – တက်ကြွကတိတည်စွာ အလုပ်လုပ်တယ်။
  • – သင်ယူလေ့လာပြီး အမြဲတမ်းတိုးတက်ကောင်းမွန်အောင်ကြိုးစားတယ်။
  • – စွန်.စွန်.စားစားလုပ်ကိုင်လိုတယ်။
  • – ပြသနာတွေကိုဖြေရှင်းနိုင်တယ်။
  • – ကိုယ့်ကိုယ်ကိုနှိမ့်ချဆက်ဆံတယ်။
  • – သတင်းအချက်အလက်တွေကို ဝေငှပေးတယ်။
  • – ပျော်ရွှင်မှုတွေကို ကူးစက်စေတယ်။
  • – ခွင့်လွှတ်တတ်တဲ့စိတ်ရှိတယ်။
  • – အကြံဉာဏ်တွေကို ဆွေးနွေးတိုင်ပင်လေ့ရှိတယ်။
  • – အပြောင်းအလဲကိုလက်ခံနိုင်တယ်။

crd: trendmm