ကိုယ့်ကိုယ်ကိုယ်ပျောက်ဆုံးနေတယ်လို့ ခံစားမိတဲ့အခါတိုင်း… - MEMORY

Breaking

Saturday, June 20, 2020

ကိုယ့်ကိုယ်ကိုယ်ပျောက်ဆုံးနေတယ်လို့ ခံစားမိတဲ့အခါတိုင်း…



၁။ လောကကြီးမှာ မင်းထက်တော်တဲ့လူ မရှိဘူး၊
လောကကြီးမှာ မင်းထက်ကြိုးစားနေတဲ့ လူတွေပဲရှိတယ်။

၂။ အသေအချာဆုံး ရင်းနှီးမြှုပ်နှံမှု့ကတော့ ကိုယ့်ကိုကို အားကိုးခြင်းပါပဲ။

၃။ ဆုံးဖြတ်ချက်ဆိုရင် ဖြေးဖြေးချ။ လုပ်စရာရှိရင် မြန်မြန်လုပ်။

၎။ ရိုးရိုးကန်ရုံနဲ့ မအောင်မြင်နိုင်ဘူး ရုန်းပြီးကန်လိုက်စမ်းပါ။

၅။ တစ်ခါမှ အမှားမလုပ်ဖူးတဲ့သူဟာ ဘာမှ မလုပ်ဖူးတဲ့သူပဲ။

၆။ တံခါးဖွင့်ထားတယ် တွန်းပြီးဝင်လာရမှာက မင်းအလုပ်။

၇။ သက်သာဖို့မကြိုးစားပါနဲ့ အရည်အချင်းရှိဖို့ ကြိုးစားပါ။

၈။ ဒူးထောက်ပြီး အသက်ရှင်ရတာထက် မက်တပ်ရပ်ပြီး သေရတာကမြတ်တယ်။

၉။ ပညာဆိုတာ ရတဲ့နေရာမှာယူ၊ လိုတဲ့နေရာမှာသုံး။

၁၀။ ၀ီရိယဆိုတာ ပင်ပန်းစွာ လုပ်ခိုင်းတာမဟုတ်ပါ။ နိုးကြားထကြွခြင်းကိုသာ ဆိုလိုတာပါ။

၁၁။ အောင်မြင်တယ်ဆိုတာ အခက်အခဲတွေနဲ့ ဒုက္ခတွေကို အနိုင်ရခဲ့ခြင်းဖြစ်တယ်။

၁၂။ တိုးတက်ချင်တဲ့သူဟာ ဝေဖန်ခြင်းကို လက်ခံရတယ်။