ဆင်းရဲသားလေးမှ သရုပ်ဆောင်ကြေးအများဆုံး ဟောလိဝုဒ် ရုပ်ရှင်မင်းသားဖြစ်သွားသူ - MEMORY

Breaking

Tuesday, June 23, 2020

ဆင်းရဲသားလေးမှ သရုပ်ဆောင်ကြေးအများဆုံး ဟောလိဝုဒ် ရုပ်ရှင်မင်းသားဖြစ်သွားသူ



၎ နှစ်သားအရွယ်မှာ မိဘနေမကောင်းးဖြစ်ရင် ဟာသအမူရာလေးတွေနဲ့ သူတို့ကိုနှစ်သက်အားပေးမှုလုပ်ခဲ့တယ်။ ၁၅ နှစ်သားအရွယ်မှာ အဖေအလုပ်ပြုပ်သွားလို့ ကျောင်းတက်ရင်းစက်ရုံတစ်ရုံမှာ ညစောင်းအလူပ်ဝင်လုပ်တယ်။ ညတိုင်းအိပ်ရေးပျက်တယ်။ ကြာလာတောင့်ကျောင်းမှာ စာမလိုက်နိုင်တော့လို့ ကျောင်းထွက်လိုက်ရတယ်။ ကလပ်တစ်ခုမှာ ပုံမှန်ဟာသ ဖျော်ဖြေရင်းရတဲ့ပိုက်ဆံလေးနဲ့ မိသားစုစားဖို့ရှာပေးတယ်။ ၁၇နှစ်သားအရွယ်မှာ ၀ါသနာပါတဲ့ ဟာသသရုပ်ဆောင်အတွက် အခွင့်အလမ်းရှာဖို့ လော့စ်အင်ဂျဲလိစ့်မြို့ကို ထွက်သွားတယ်။ အဲဒီမှာ ဟာသ၊ သရုပ်ဆောင်၊ မင်းသားတစ်ယောက်ဖြစ်အောင်ကြိုးစားတယ်။ ၁၅ နှစ်အကြာမှာ ဟာသသရုပ်ဆောင်မင်းသားအဖြစ် အရမ်းကို အောင်မြင်မှုရရှိသွားတယ်။ သူ့နာမည်က ဂျင်မ်ကယ်ရီပါ။ သူအခုလိုအောင်မြင်လာအောင် ဘယ်လောက်တောင်ကြိုးစားခဲ့ရလဲဆိုတာကို ဖတ်ကြည့်စေချင်တယ်။

ဂျင်မ်ကို ၁၉၆၂ ခုနှစ်၊ ဇန်န၀ါရီလ ၁၇ ရက်နေ့က ကနေဒါနိုင်ငွံန်တာရီယိုပြည်နယ် New Market မြို့လေးမှာမွေးဖွားခဲ့တယ်။ အဖေက ပါစီကယ်ရီဖြစ်ပြီး အမေက ကယ်သရင်းဖြစ်ပါတယ်။ မောင်နှမလေးယောက်မှာ အငယ်ဆုံးဖြစ်ပြီး ဂျင်မ်ဟာ ဟာသလုပ်တတ်တဲ့ အတတ်ကို ၄ နှစ်အရွယ်ထဲကအလိုလိုတတ်ခဲ့တာပါ။ သူ့အဖေနဲ့အမေနှစ်ယောက် စလုံးဟာမကြာခဏနေမကောင်း ဖြစ်တတ်ကြပါတယ်။ သူတို့နှစ်ယောက်တည်းက တစ်ယောက်နေမကောင်းဖြစ်ရင် ဂျင်မ်က စိတ်ချမ်းသာဖို့ မျက်နှာကိုရှုံ့တွမဲ့ရွဲ့နောက်ပြောင်တဲ့ အမူအရာတွေ အမျိုးမျိုးလုပ်ပြပါတယ်။ သူရဲ့ဟာသလေးတွေကို ရည်မောနေကျရင်း သူတို့မိသားစုဘ၀ဟာ ပျော်စရာလေးဖြစ်ခဲ့တယ်။ ၄ နှစ်သားလေးဂျင်မ်ရဲ့ နေမကောင်းတဲ့မိဘကို စိတ်ချမ်းသာအောင်ထားတဲ့ စိတ်ဓာတ်က ကြည်နူးစရာပါ။

ဂျင်မ်ကကျောင်းစတက်တော့ အတန်းထဲကကလေးတွေက သူ့ကိုအပေါင်းအသင်းမလုပ်ကြဘူး။ ဒီတော့သူဟာသလုပ်ရင်း ခင်မင်မှုရအောင်လုပ်ယူတယ်။ ဒီလိုနဲ့မကြာခင်မှာ တစ်တန်းလုံးနဲ့ ခင်မင်ရင်းနှီးလာကြတယ်။ တစ်နေ့မှာ အတန်းပိုင်ဆရာမကသူ့မိဘတွေဆီကို တိုင်စာတစ်ဆောင်ပို့လိုက်တယ်။ တိုင်စာထဲမှာ ဘာရေးထားသလဲဆိုတော့

ဂျင်မ်ဟာအတန်းထဲမှာ လုပ်ခိုင်းတဲ့သင်ခန်းစာကို အစောကြီးပြီးလေ့ရှိတယ်။ ဒါဟာကောင်းတဲ့အကျင့်ပါ။ ဒါပေမယ့်သူ့မှာ မကောင်းတဲ့အကျင့်တစ်ခုလဲရှိတယ်။ အဲဒါဟာ သူဟာ စာလုပ်ပြီးသွားတာနဲ့ အတန်းထဲမှာဟာသလုပ်ပြတာပါ။ တစ်တန်လုံးဟာသူလုပ်တဲ့ ဟာသတွေကြည့်ပြီး ရယ်နေကျလို့ ကျောင်းဆင်းချိန်မှာ သင်ခန်းစာတွေကို ပြီးအောင်မလုပ်နိုင်ကြတော့ဘူး။ ဒ့ါကြောင့် လူကြီးမင်းတို့သားဂျင်မ်ကို အတန်းထဲမှာ ဟာသမလုပ်ဖို့ ဆုံးမတားမြစ်ပေးပါတဲ့။

ဂျင်မ်ရဲ့သားဟာ အဲဒီလို အတန်းသားအားလုံးကို ဆွဲဆောင်နိုင်ခဲ့တယ်။ အဲဒီလို အတန်းသားလုံးကိုဆွဲဆောင်နိုင်ခဲ့တယ်။ သူ့ဟာသကို ပိုကောင်းလာစေဖို့ ကျောင်းကပြန်လာပြီးအိမ်ပြန်ရောက်လာတာနဲ့ သူ့အခန်းထဲက ကိုယ်လုံးပေါ်မှန်မှာ မျက်နှာ အမူအရာအမျိုးမျိုးလုပ်ပြီးလေ့ကျင့်နေတတ်ကျတယ်။ သူဟာတစ်နေ့မှာ အောင်မြင်တဲ့ဟာသရုပ်ရှင်မင်းသားတစ်ယောက် ဖြစ်ရမယ်လို့ စိတ်ကိုဆုံးဖြတ်ထားတယ်။

ဒါပေမယ့်ပျော်စရာကောင်းတဲ့ ဂျက်မ်ဘ၀ဟာ ကြာကြာမခံခဲ့ပဲ ၁၅ နှစ်အရွယ်ရောက်တဲ့အခါမှာ သူ့အဖေ ၅၂ နှစ်အရွယ်ရှိသူက စာရင်းကိုင်အလုပ်ကနေ အလုပ်ပြုတ်သွားတယ်။ အဖေလည်းအလုပ်သစ်မရတော့ ၀င်ငွေမရှိဘဲမိသားစု ထိုင်စားလာတာတော်တော်ကြာလာပြီး အကြွေးတွေလည်းတင်လာတယ်။ နောက်ဆုံး သူတို့အိမ်ကိုရောင်းလိုက်ရတယ်။ ဂျင်မ် အဖေနဲ့ အစ်ကို ၃ ယောက်ဟာ စက်ရုံတစ်ရုံမှာ လုံးခြုံရေးနဲ့ သန့်ရှင်းရေးအလုပ်ကို ခွဲဝေလုပ်ကိုင်ကြရင်း ၀င်ငွေရှာကြရတယ်။ မိသားစုတစ်ခုလုံးစက်ရုံပြောင်းနေကြပြီး ဂျင်မ်ဟာ တစ်ညလုံ ၈ နာရီကြာအောင် လုံခြုံရေးတာဝန်ယူရတယ်။ ညမအိပ်ရတော့သူဟာ ကျောင်းမှာသင်တဲ့စာတွေကို မလိုက်နိုင်တော့ဘူး ကြာလာလေ စာမလိုက်နိုင်လေဖြစ်လာတယ်။ စာမေးပွဲတွေမှာ သူ့အဆင့်တွေက ကျသထက်ကျလာပြီး စာလုံးဝမလိုက်နိုင်တော့လို့ ကျောင်းထွက်ခဲ့၇လိုက်တယ်။

အဲဒီအချိန်မှာ ပိုပြီးဆိုးဆိုရွားရွားဖြစ်သွားတာက ဂျင်မ်တို့ မိသားစုနဲ့ စက်ရုံကအလုပ်သမားတွေက အဆင်မပြေစကားများကြပြီး အလုပ်သမားတွေရဲ့ ရန်ပြုချိန်ခြောင်တာတွေ ခံ၇တာကြောင့် သူ့မိသားစုဟာ စက်ရုံကနေထွက်သွားကြပြီး ဘော့စ်ဝက်ဂွန်ကားကြီးတစ်စီးမှာ မိသားစု ၆ ယောက်ကျဉ်းကျဉ်းကျပ်ကျပ် နေထဲ့၇တယ်။ ဒါပေမယ့်မိသားစုတွေဟာ သူတို့ဘ၀တွေကိုစိတ်မပျက်ကျပဲ ပျော်ပျော်နေကြပြီး ဂျင်မ်ဟာလည်း မိသားစု စိတ်သက်သာရာရဖို့အမျိုးမျိုးလုပ်ပြတယ်။ တစ်ချိန်ထဲမှာ သူဝါသနာပါတဲ့ ဟာသသရုပ်ဆောင်တာကို အထုးအာရုံစိုက်လေ့ကျင့်တယ်။ မကြာခင်မှာ အမေ့ရဲ့အဆင်အသွယ်နဲ့ ကလပတ်တစ်ခုမှာ လူတွေကိုဖျော်ဖြေရတဲ့ အလုပ်ရပြီး မိသားစုလည်းထိုကရတဲ့ ပိုက်ဆံလေးတွေနဲ့ စားနိုင်သောက်နိုင်ကြတယ်။

ဂျင်မ်ဟာ အသက် ၁၇ နှစ်မှာ သူဝါနာပါတဲ့ ဟာသသရုပ်ဆောင်ဖြစ်နိုင်မယ့် အခွင့်အလမ်းရှိဖို့ လော့စ်အဲဂျယ်လိစ့် မြို့ကိုထွက်သွားတယ်။ အဲဒီမှာ ဟာသသရုပ်ဆောင် အရည်အချင်းကို သတိပြုမိသွားတဲ့ Rondney Dangerfield ဆိုသူက Vegas gigs ပွဲလေးတွေမှာ ဖျော်ဖြေခိုင်းတယ်။ သူ့ ဟာသလုပ်တာတွေကိုပွဲလာကြည့်တဲ့သူတွေ သဘောကျကြပြီး အောင်မြင်ကျော်ကြားတဲ့ ဟာသသရုပ်ဆောင် မင်းသားတစ်ယောက်ဖြစ်လာဖို့ ရည်မှန်းချက်ကြီးကြီး ရှိနေတဲ့ ဂျင်မ်ဟာ ခုလိုဖျော်ဖြေနေရတာလေးနဲ့ မကျေနပ်နိုင်ပါဘူး။ ဒါကြောင့်သူဟာ အခွင့်အလမ်းကောင်းတွေတွေ့ဖို့ အမြဲရှာဖွေနေတယ်။ ရုပ်ရှင်ကားလေးတွေမှာ ရတဲ့ဟာသသရုပ်ဆောင်ခန်းလေးတွေမှာ ၀င်ရောက်သရုပ်ဆောင်တယ်။ ဂျင်မ်ဟာ အသက်ငယ်သေးတဲ့အပြင် သရုပ်ဆောင် အတွေ့အကြုံကလည်း မရှိသေးတာကြောင့်အောင်မြင်မှု မရခဲပါဘူး။ ဒါပေမယ့်သူကတော့ ဒီလိုအခန်းလေးတွေမှာ သရုပ်ဆောင်လိုက်ရတာကိုပဲ အတွေ့အကြုံအများကြီးရတယ်လို့ မှတ်ယူပြီး စိတ်ဓာတ်တွေမကျဘဲ ဆက်ကြိုးစားနေမြဲပါ။

ဟော..အခုတော့သူရှာဖွေနေတဲ့ အခွင့်အလမ်းတစ်ခုကိုစပြီးတွေ့လိုက်တယ်။ ၁၉၈၁ ခုနှစ်မှာ ရုံတင်ပြတဲ့ The Duck Factory ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားမှာ သရုပ်ဆောင်ထားတဲ့သူ့အပိုင်းကို ပရိတ်သတ်တွေသဘောကျသွားပြီး သူ့နာမည်စတင်ကျော်ကြားလာခဲ့တယ်။ ဂျင်မ်ဟာ သူ့မျှော်မှန်းထားတဲ့ အောင်မြင်မှုတွေရပြီဆိုပြီး သူ့မိသားစုကိုသူနဲ့အတူ လော့စ်အိင်ဂျဲလိစ့်မှာ အတူလာနေဖို့ လှမ်းခေါ်လိုက်တယ်။ မိသားစုက လာနေတယ်။ ဒါပေမယ့် ဘ၀ဆိုတာ ထင်သလိုဖြစ်မလာပါဘူး။ The Duck Factory ရဲ့ဇာတ်လမ်းအဆက်အသွယ်ဖြစ်တဲ့ နောက်ရုပ်ရှင်ဇာတ်ကားတွေမှာတော့ ဂျင်မ်ကို ပရိတ်သတ်တွေအကြိုက် တဖြည်းဖြည်းလျော့နည်းလာကြတယ်။ သူ သရုပ်ဆောင်ထားတဲ့ နောက်ဆုံးဇာတ်လမ်း Cheers ဆိုတဲ့ ဇာတ်ကားဟာကြည့်ရှုသူအရမ်းနည်းလို့ အရှုံးပေါ်သွားခဲ့တယ်။ သူ့ကိုလူတွေစိတ်မ၀င်စားတော့ဘူး။ ဂျင်မ်တစ်ယောက်လွယ်လွယ်ကူကူအရှုံးပေးလိုက်ပြီလား လို့တော့မထင်လိုက်နဲ့ တစ်ကြိမ်အောင်မြင်တာနဲ့ ဘယ်မှာ လွယ်လွယ်ကူကူ အရှုံးပေးပါလိမ့်မလဲ။ ဂျင်မ်ဟာ အဲ့ဒီလူတန်းစားထဲက တစ်ယောက်ပါ။

ဂျင်မ်ဟာ သူ့ကိုလူတွေဘာကြောင့် လက်မခံတော့တာလဲ။ သူဘာကြောင့် မအောင်မြင်ရတာလဲ။ သူ့မှာဘာတွေလိုအပ်ချက်ရှိနေလို့လဲ။ သူ့သရုပ်ဆောင်မှုတွေက ဘာတွေလိုနေသေးလို့လဲ။ ဒါတွေကိုသူ အလှန်လှန်စဉ်းစားသုံးသပ်ပြီး ဟာသအမူအရာနည်းအသစ်တွေ တီထွင်တယ်။ ထက်ခါတလဲလဲ လေ့ကျင့်တယ်။ သူစိတ်ဓာတ်ကျလာရင် ငါတစ်နေ့နေ့မှာ အောင်မြင်လာမှာပဲလို့ စိတ်ဓာတ်မွေးပြီ စိတ်ဓာတ်ခွန်အားတတ်အောင်လုပ်တယ်။ သူရှပ်ရှင်မရိုက်ရလို့ ၀င်ငွေမရှိတာကြောင့် သူ့မိသားစုကို ကနေဒါနိုင်ငံကို ပြန်ခိုင်းလိုက်တယ်။ အဲဒီအတွက်ဂျင်မ်က နောင်တအကြီးအကျရခဲ့တယ်။ နောက်ပိုင်းမှာ သူအကြီးအကျယ်အောင်မြင်လာတဲ့အခါ သူဟာ ချက်လတ်မှတ်တစ်ဆောင်ပေါ်မှာ ဒေါ်လာဆယ်သန်းထုတ်ယူခွင့်ရေးလိုက်ပြီး အဲဒီချက်လက်မှတ်ကို ဘယ်သူ့ကိုမှမပေးဘဲ သူ့ပိက်ြဆံအိတ်ထဲမှာ အမြဲသိမ်းထားလိုက်တယ်။ သူ့အဖေဆုံးသွားတဲ့အခါ အလောင်းကိုမြေမဲမြှပ်ခင်မှာ အဖေ့ရဲ့ အင်္ကျီ အိပ်ထဲကို ထည့်ပေးလိုက်ပြီး မြေမြှပ်တော့ ချက်လက်မှတ်လည်းပါသွားတယ်။ ဂျင်မ်ဟာ မိသားစုကို ကနေဒါမှာ ပြန်နေခိုင်းလိုက်တဲ့အတွက် စိတ်မသက်မသာဖြစ်နေတာကို ပြေပျောက်စေဖို့လုပ်လိုတာပါ။

မိသားစုကိုကနေဒါပြန်ခိုင်းလိုက်ပြီး ဂျင်မ်ဟာ အောင်မြင်မှုမရသေးပါဘူး။ ရုပ်ရှင်ကားတစ်ချို့မှာ တစ်ခန်းစ နှစ်ခန်းစ ပါဝင်သရုပ်ဆောင်ရပြီး စားဝတ်နေရေးကို ဖြေရှင်းနေရတယ်။ ၁၉၈၆ ခုနှစ်မှာ မထင်မရှားမင်းသမီး မယ်လီဆာ နဲ့လက်ထပ်လိုက်တယ်။ နောက်တော့ သမီးလေးဂျိန်းကိုမွေးတယ်။ ဂျင်မ်ဟာ အခုလူပျိုမဟုတ်တောပါဘူး။ အိမ်ထောင်သည်တစ်ယောက်ဖြစ်လာပြီ။ ဒါကြောင့် သမီးလေးရှေ့ရေးအတွက်သူ ကြိုးစား၇တော့မယ်ဆိုပြီး သရုပ်ဆောင်အလုပ်ကို ကြိုးစားပြီးဇောက်ချလုပ်တယ်။ ရုပ်ရှင်ကားတော်တော်များများနဲ့ တီဗွီဇာတ်လမ်းတွဲတွေမှာ ၀င်ရောက်သရုပ်ဆောင်တယ်။ အောင်မြင်မှုမရသေးပေမဲ့ ဇွဲမလျှော့ကြိုးစားလာလို့ အမူအရာတွေကို ကောင်းသထက်ကောင်းအောင် ဆက်ပြီးကြိုးစားနေတယ်။

ဇွဲရှိရှိနဲ့ ကြိုးစားသူတွေအတွက် ဘယ်သောအခါမှ အချည်းအနှီးဖြစ်တယ်ဆိုတာမရှိပါဘူး။ အချိန်မတန်သေးလို့ ဖြစ်ပါတယ်။၁၉၉၄ ခုနှစ်မှာ အဓိကမင်းသားအဖြစ် သရုပ်ဆောင်ထားတဲ့ Ace Venture; Pet Detective ဟာသရုပ်ရျင်ကားဟာ ရုပ်ရှင်ရိုက်ကူးထုတ်လုပ်မှု ဒေါ်လာ ၁၂ သန်း ကုန်ကျခဲ့ပေမယ့် ရုပ်ရှင်ကားကို ရုံတင်ပြသတော့ လူတွေအများကြီးကြည့်ရှုကျလို့ ဒေါ်လာ ၇၂ သန်းထိ အမြတ်ငွေထွက်လုပ်တယ်။ရုပ်ရှင်ကားကတော်တော်နာမည်ကြီးခဲ့သိလို ဂျင်မ်လည်းဟောလိဝုးလောကမှာ ကျော်ကြားသွားခဲ့တယ်။ ဘာကြောင့်လည်းဆိုတော့ ပရိတ်သတ်အကြိုက်ကို သိနေတဲ့ဂျင်မ်ဟာ ဇာတ်လမ်းကို စိတ်ကြိုက်ပြင်ရေးနိုင်ခဲ့လို့ပါပဲ။ ပြင်ရေးလိုက်တဲ့ ဇတ်လမ်းနဲ့ ဂျင်မ်ဂဲ့သရုပ်ဆောင်မှုတွေဟာ ကွက်တိကျသွားလို့ ပရိတ်သတ်တွေရင်ထဲဆွဲညိ သွားတာပါ။

ဂျင်မ်ကိုနောက်ထပ်မင်းသားအဖြစ် တင်ရိုက်တဲ့ဇာတ်ကားကတော့ The Mask ပဲဖြစ်ပါတယ်။ သူ့ရဲ့ပြောင်မြောက်တဲ့ရုပ်ရှင် အမူအရာတွေနဲ့အတူ ရုပ်ရှင်အထူး ဖန်တီးချက်တွေကြောင့် အရမ်းအောင်မြင်ခဲ့ပြန်တယ်။ မင်းသမီးအသစ်ဖြစ်တဲ့ Cameraon Daiz လဲ ဒီဇာတ်ကားနဲ့စအောင်မြင်ပြီး ရုပ်ရှင်မင်းသမီးတစ်လတ်ဖြစ်သွားခဲ့တယ်။ အဲဒီကားထဲက သူ့ရဲ့အမူအရာတွေကောင်းလွန်းလို့Golden Globel(အောစကာဆုကြီးနီးပါး အဆင့်ရှိ) ဆုပေးပွဲမှာ ဂျင်မ်ဟာ အကောင်းဆုံးမင်းသားအတွင် နောက်ဆုံးစကာတင်အဆင့်အထိ အရွေးခံခဲ့ရတယ်။ သူ့ကိုပိုပြီးအောင်မြင်ကျော်ကြားသွားစေတာကတော့ ယူနီဗာဆယ်ရုပ်ရှင်ထုတ်လုပ်ရေး ကုမ္ပဏီကြီးက ထုတ်လုပ်ရိုကူးတဲ Dumb&Dumber ဆိုတဲ့ ဇာတ်ကားပါ။ ဇာတ်ကားထဲမှာ သူဟာအူကြောင်ကြောင်ပုံစံ ခပ်တုံးတုံးလူတစ်ယောက်ပုံစံသရုပ်ဆောင်ထားပြီး ဇာတ်ကားရဲ့ ထုတ်လုပ်ခကုန်ကျစရိတ်က ၁၆ သန်းကုန်ခဲ့ပေမယ့်လို့ ရုပ်ရှင်ကားကို ရုံတင်ပြသလို့၇တဲ့ငွေဟာ ၂၄၆ သန်းဖြစ်လို့ ရုပ်ရှင်ကားဟာ အကြီးအကျယ်မြတ်သွားသလို ၀က်ဝက်ကွဲအောင်မြင်ခဲ့တယ်။ ဂျင်မ်လဲ သူအိမ်မက်မက်ခဲ့တဲ့ ကမ္ဘာကျော် ရုပ်ရှင်မင်းသားတစ်လတ်ဖြစ်သွားတယ်။ဒါတင်မကဘူး သူဟာ ဟောလ၀ုဒ်ရဲ့ ၀င်ငွေအကောင်းဆုံးမင်းသားဖြစ်လာခဲ့တယ်။ သူသရုပ်ဆောင်ခဲ့တဲ့ ရုပ်ရှင်သုံးကားရဲ့ဝင်ငွေဟာာ သန်း ၅၅၀ ကျော်ခဲ့ပါတယ်။ သူ့ကိုသရုပ်ဆောင်ပေးဖို့ ကုမ္ပဏီတွေတော်တော်များများလိုက်ငှားကျရင်း သူဟာ ဈေးအကြီးဆုံးပေးရတဲ့ ရုပ်ရှင်မင်းသားတစ်လတ်ဖြစ်လာခဲ့တယ်။ သရုပ်ဆောင်ခ ပျမ်းမှုဒေါ်လာသန်း ၂၀ လောကရပါတယ်။

နောက်ပိုင်းမှာ ဟောလိဝုဒ်ရဲ့ဝင်ငွေအကောင်းဆုံးဇာတ်ကားတွေကို တစ်နှစ်ကို တစ်ကားနှစ်ကားနဲ့ ဆက်တိုက်ရိုက်ကူးနေခဲ့တယ်။ သူဟာ သရုပ်ဆောင်တစ်ခုတည်းကိုလုပ်တာမဟုတ်ပဲ ဇာတ်ညွှန်းရေးသူနဲ့ ထုတ်လုပ်သူလည်းလုပ်ပါတယ်။ အခုတော့ ရုပ်ရှင်သရုပ်ဆောင်တာတွေကို လျှော့လိုက်ပြီး လူမှုရေးဘက်ကို ဦးစားပေးဆောင်ရွက်နေတယ်။

ဂျင်မ်ဟာအောင်မြင်မှုရခဲ့တဲ လျှို့ဝှက်ချက်တစ်ခုကို တီဗီအစီအစဉ်တစ်ခုမှာယခုလိုပြောပြခဲ့တယ်။ သူသရုပ်ဆောင်အဖြစ်အောင်မြင်မှုရအောင်ကြိုးစားနေဆဲကာလမှာ သူဟာရုပ်ရှင်ထုတ်လုပ်သူရဲ့လက်ထဲကနေ သရုပ်ဆောင်ခအဖြစ် ဒေါ်လာဆယ်တန်းတန် ချက်လက်မှတ်ကို လက်ခံယူနေပုံကိုအာရုံသွင်းခံစားလေ့ရှိတယ်တဲ့။ ညတိုင်းမအိပ်ခင် အိပ်ယာပေါ်မှာ မျက်စိထဲအာရုံမြင်ခံစားနေခဲ့တဲ့ ဒေါ်လာ ၁၀ သန်းတန်ချက်လက်မှတ်ကို Dumb&Dumber ရုပ်ရှင်ကားအတွက် သရုပ်ဆောင်ခ အဖြစ်သူတကယ်ပဲ လက်ခံရရှိခဲ့တယ်။
Share this:

Credit – H2H