မုန်း၍လည်း ကျိန်စာမတိုက်နဲ့ ချစ်ခင်၍လည်း နောက်ဘဝပြန်တွေ့ပါရစေ ဆုမတောင်းပါနဲ့ - MEMORY

Breaking

Saturday, July 11, 2020

မုန်း၍လည်း ကျိန်စာမတိုက်နဲ့ ချစ်ခင်၍လည်း နောက်ဘဝပြန်တွေ့ပါရစေ ဆုမတောင်းပါနဲ့




ဘယ်သောအခါမှ မုန်း၍လည်း ကျိန်စာမတိုက်ပါနှင့် ချစ်ခင်၍လည်း နောက်ဘဝပြန်တွေ့ပါရစေ ဆုမတောင်းကြပါနဲ့ ကံ ကံ၏အကျိုးရယ် သံသရာဆိုတာကိုရယ် ယုံကြည်သက်ဝင်ကြပါစေ။ ကံ မှန်ပါက အကျိုးပေးသန်၏ ပြုသူအသစ် ဖြစ်သူအဟောင်းပါ။ ကံ ကံ၏ အကျိုးပေးတွေပါ။ ပဋာစာရီ လင်ကို မြွေကိုက် သားကြီး ရေနစ် သားငယ် စွန်ချီ မိဘ နှစ်ပါးနှင့် အကိုကြီး လေပြင်း မုန်တိုင်းကြောင့် ဆုံးရှုံး အဝတ်အစားမဲ့အောင် ရူးခဲ့ရတယ်။

မြတ်ဗုဒ္ဓ နှင့်တွေ့တော့ ချစ်သမီး ဒီပွဲဟာ ငိုရမယ့် ပွဲ မဟုတ်ဘူး လက်ခုပ်လက်ဝါး တီးပြီး ရယ်မော ရမယ့် ပွဲ တဲ့ ဘာလို့လည်း ဆိုတော့.. အတိတ် ဘဝ တစ်ခုတုန်း က ခုသေဆုံး သွားကြတဲ့ ဆွေမျိုး ရင်းချာ ၆ ဦးဟာ ချစ်သမီးရဲ့ အိမ်ကို ဓားပြတိုက် မီးရှို့ လူသတ် လုပ်ကြတော့ ချစ်သမီးကပဲ စိတ်ဆိုး လွန်းလို့ ဒင်းတို့ ၆ ဦးလုံး ငါ့ မျက်စေ့ ရှေ့မှာ အသေဆိုးနဲ့ သေတာကို တပ်အပ် မြင်ရပါစေသား လို့ ဆုတောင်းခဲ့ဖူး သတဲ့။

ခု အဲ့ဒိ ဆုတောင်း ပြည့်ပြီလေ တဲ့.. ပြုသူ အသစ် ဖြစ်သူ အဟောင်း ကံမှန်ရင် အကျိုးပေး သန်လွန်း ပါတယ် သံသရာ ဟာ ဉာဏ်နဲ့ မဖြတ်ရင် မပြတ်ပါဘူး ပဋာစာရီ ရူးသွပ်နေချိန် မြတ်ဗုဒ္ဓ နှင့် ဘာ့ကြောင့် ကြုံဆုံခွင့် ရခဲ့ပါသလဲ? အတိတ်က တစ်ကြိမ် တစ်ခါ ဝိပဿနာတရား အားထုတ်ခဲ့ဖူးလို့ပါပဲ။

အဲ့ဒါကြောင့် ဓမ္မမိတ်ဆွေတို့ ကျုပ်တို့တွေ ဟာ ပဋာစာရီ လောက်လည်း အခြေနေ မဆိုးခဲ့ကြပါဘူး။ ကံကောင်းသူများ တရားနာယူခွင့် ရကြသည်။ ကံ အလွန် ကောင်းသူများ တရား အားထုတ်ခွင့် ရကြသည်။ ကံဆိုးသူများ တရားကို ရှောင်ကြသည်။

ဓမ္မမိတ်ဆွေများ ကံ ကောင်းသူလား ?? ကံ ဆိုးသူလား ?? သဗ္ဗေ သတ္တာ ကမ္မသကာ သဗ္ဗေ သင်္ခါရ အနိစ္စ ပါ တကား။(သစ္စာရွှေစည် ဆရာတော်ဦးဥတ္တမ၏တရားတော်များပေ့ခ်ျမှ)