စီးပွားရေး အမြင် တိုးတက်ခိုင်မာစေဖို့ လိုက်နာရမယ့် အချက် ၅ချက်🔭🔭 - MEMORY

Breaking

Tuesday, October 20, 2020

စီးပွားရေး အမြင် တိုးတက်ခိုင်မာစေဖို့ လိုက်နာရမယ့် အချက် ၅ချက်🔭🔭




ကမ္ဘာကြီးထဲမှာ စိတ်ကူးအမြင်ကောင်းတွေရှိတဲ့ ကုမ္ပဏီတွေ အများကြီးရှိပေမယ့် လက်တွေ့အကောင်အထည်ဖော်နိုင်ခဲ့တဲ့ကုမ္ပဏီအရေအတွက်က သိပ်မများလှပါဘူး။ ၁၉၇၀ နှစ်တွေတုန်းက Kodak ဟာ အိတ်ဆောင် ကင်မရာ တီထွင်ဖို့ စိတ်ကူးရခဲ့သလို၊Motorolla ကုမ္ပဏီက ကြိုးမပါပဲ ဆက်သွယ်ဖုန်းပြောနိုင်ဖို့ ကြံစည်ဆောင်ရွက်ခဲ့ပါတယ်။ ကိုယ့်ရဲ့ စီးပွားရေးအမြင်တိုးတက်ခိုင်မာဖို့ အောက်ပါအချက်တွေကို လိုက်နာရပါမယ်။

🔵 (၁) ရှင်းလင်းပြတ်သားတဲ့ ဦးစားပေးမှု တွေ ရှိပါစေ။
ဒီနှစ်ထဲမှာ ဘယ်ဟာတွေကို ဦးစားပေးပြီး အောင်မြင်အောင်လုပ်မလဲဆိုတာကို ဦးတည်ချက်ထားပါ။

🔵(၂) လူရွေးချယ်ပါ။
အဆင်ပြေအကိုက်ညီဆုံး လူတွေ စုဆောင်းနိုင်ဖို့ အရေးကြီးပါတယ်။
🔵(၃) နိုးလို့ပြောပါ။
အရည်အသွေးပြည့်ဝမှုမရှိ၊ ကုမ္ပဏီ ဗျူဟာ နဲ့ကိုက်ညီမှုမရှိတဲ့ လူတွေကို နိုးလို့ပြောဖို့ ၀န်မလေးပါနဲ့။
🔵(၄)ပြန်လည်သုံးသပ်၊ ဆင်ခြင်ပါ။
လတစ်လ စတင်တိုင်းမှာ လုပ်ဆောင်ခဲ့တာတွေကို ပြန်လည်သုံးသပ်ဆင်ခြင်ပါ။
🔵(၅)အချိန်ကို စီမံခန့်ခွဲနိုင်ပါစေ။
ရှေ့လာမယ့် အချိန်တွေမှာ ဘယ်ဟာတွေကို ဦးစားပေးပြီး အကောင်အထည် ဖော်မယ်ဆိုတာကို ရှင်းလင်းစွာသိပါစေ။


Credit : upupmm