အိမ်သန့်ရှင်းရေးလုပ်ရင်း လက်ရှမိရာမှ ထိတ်လန့် သွေးပျက်ဖွယ် အဖြစ်အပျက်ကြုံခဲ့ရတဲ့ အမျိုးသမီး - MEMORY

Breaking

Thursday, November 19, 2020

အိမ်သန့်ရှင်းရေးလုပ်ရင်း လက်ရှမိရာမှ ထိတ်လန့် သွေးပျက်ဖွယ် အဖြစ်အပျက်ကြုံခဲ့ရတဲ့ အမျိုးသမီး

တရုတ်နိုင်ငံမှာနေထိုင်တဲ့ အသက် ၅၃ နှစ်အရွယ် Mrs.Zhang ဟာ အိမ်သန့်ရှင်းရေးလုပ်ရင်းနဲ့ လက်မှာ တစ်ချက်ရှသွားခဲ့တာပါ ။ သာမန်ရှရာလေးတစ်ခုဖြစ်တဲ့အတွက် ဂရုမစိုက်ပဲပစ်ထားခဲ့မိပေမယ့် နှစ်ရက်အကြာမှာ ဒီဒဏ်ရာက ပြန့်လာတာကိုသတိထားမိတယ်လို့ သူကပြောပါတယ်။

တဖြည်းဖြည်းနဲ့ ဒဏ်ရာကပြန့်လာပြီးတော့ ဘယ်လက်မကလွဲပြီးတော့ ကျန်တဲ့လက်ချောင်းတွေအကုန် ပြန့်သွားပြီး ပိုထူးဆန်းတာကတော့ ညာဘက်လက်မကလွဲပြီးတော့ ကျန်တဲ့ညာလက်တွေပါ မဲကုန်တာပါပဲ ။ လက်ရှစ်ချောင်းလုံး ညိုမည်းသွားခဲ့တဲ့အချိန်မှ ဆရာဝန်ဆီလာရောက်ပြသခဲ့တာဖြစ်ပါတယ် ။

ဆရာဝန်မေးမြန်းတဲ့အခါမှာတော့ လက်ချောင်းတွေဟာ ယားယံ ၊ နာကျင်ပြီး ထုံကျင်နေတယ်လို့လည်း သူကပြောပါတယ်။ ဖြစ်ပွားရတဲ့အကြောင်းအရင်းကတော့ သွေးတွေဆုံးရှုံးပြီး ပိုးဝင်သွားတဲ့အခါမှာ လက်မှာရှိတဲ့ တစ်ရှူးဆဲလ်တွေသေဆုံးခဲ့ရလို့ပါပဲ ။

များသောအားဖြင့် ခြေချောင်း ၊ လက်ချောင်းတွေမှာ ဖြစ်လေ့ရှိတဲ့ ရောဂါတစ်မျိုးဖြစ်ပြီး အတွင်းအင်္ဂါတွေထိခိုက်တဲ့အခါမှာလည်း အခုလိုဖြစ်နိုင်ပါသေးတယ် ။Mrs Zhang ကတော့ ကံကောင်းစွာပဲ ဆေးရုံကိုအချိန်မှီရောက်လာခဲ့တဲ့အတွက် လက်တွေဖြတ်ပစ်စရာမလိုပဲ ကုသပေးလို့ရနိုင်ခဲ့ပါတယ် ။

သို့ပေမယ့်လည်း အခုလိုဖြစ်ပွားနေတဲ့သူတွေရှိမယ်ဆိုရင် အမြန်ဆုံးဆေးရုံကိုလာရောက်ဖို့ ဆရာဝန်တွေက တိုက်တွန်းနှိုးဆော်ထားပါတယ်။

Writer – Min Thu ( XYZ News )